ကျွန်မကိုအများကအလှမပြင်ဘူးထင်တာ..အိမ်မှာဆိုမာမီကမပြင်မဆင်နေတယ်ဆူတယ်။ အပြင်ထွက်ခါနီးအထိခြံဝထိနောက်ကခေါင်းလိုက်ဖီးပေးသေးတယ်။ သူငယ်ချင်းတွေနဲ့ပတ်ဝန်း ကျင်ကသူတွေက အမနဲ့ညီမအမြဲယှဉ်တယ်။ညီမလေးကတော့ပြင်ပြင်ဆင်ဆင်နဲ့ချစ်စရာလေး ..အကြီးမမျက်နှာပြောင်နဲ့မပြင်မဆင်..စသည်ဖြင့်အမြဲပြောတယ်။ ကဲ......ဆိုတော့...ကျွန်မအလှမပြင်ဘူးလား......................................မဟုတ်ပါဘူး.. မိန်းကလေးဘဲ..အနည်းများတော့ရှိတာပေါ့။ ဒါပေမယ့် mood အပေါ်မူတည်တယ်.. စိတ်ပါရင်ပေါ့.. စိတ်မပါတာက တစ်ပတ်မှာ ၄ရက်။ အရွယ်စရောက်ကတည်းကကျွန်မစွဲစွဲမြဲမြဲလိမ်းဖြစ်တာတော့ Nivea ဘဲ ကျွန်မနှင့် Nivea ဆိုပြီးတစ်ခါရေးဖူးသေးတယ်.. နောက်ပိုင်းအတွန့်လေးတွေထပ်ထပ်တပ်လာတာကတော့.. ကျွန်မရုံးမှာ OJT (on job training) လာဆင်းတဲ့အင်ဒိုနီးရှားကကောင်မလေးက..မျက်လုံး Liquid Liner ဆိုးတတ်အောင်သင်ပေးခဲ့တာနဲ့ရောဂါတက်ပြီး စင်ကာပူရောက်တော့ mustafa မှာလိုက်ကြည့်ရင်းနဲ့ Quick Stroke ဆိုတာတွေ့လို့စမ်းကြည့်ဖို့ဝယ်ရင်းအခုထိအခြောက်လဲမြန်၊ လက်မငြိမ်လဲအဆင်တော်တော်ပြေတာမို့ အညို၊အမဲ၊အစိမ်း(၃)ရောင်အခုထိသုံးနေဆဲပါ။ မျက်နှာ အလှမပြင်အားရင်တောင်အဲဒါလေးဆိုးထားရင်ကြည့်ကောင်းတယ်လ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။