သတ်သတ်လွတ်ဗလချောင်အတွက်ပဲပြာနဲ့မှိုကိုကြော်မှာပါ။ ပဲပြာကိုတော့အတုံးသေး
သေးလှီပြီးခြောက်အောင် ကြော်လို့ ရပေမယ့်မှိုကတော့ခပ်ထူထူလှီးပြီးနည်းနည်းနေပြ
လိုက်တာပါ။ ငွေနှင်းမှိုကိုသုံးရင်ပိုကောင်းတယ်လို့ ကျွန်မကတော့ထင်တယ်။ဘာလို့လဲ ဆိုတော့ငွေနှုင်းမှိုကအလွှာလွှာလေးနဲ့မသိရင်ဆိတ်သားခြောက်လို၊ အူကလီစာအထပ်
သားလိုဘဲအရမ်းစားလို့ကောင်းတယ်။ အစစရာရာပြင်ဆင်ပြီးတဲ့နေ့မှာမှနေမထွက်ပါ။
ဒါကြောင့်မဖြစ်ဖြစ်အောင်ကြံစည်ဖို့အတွက်မှိုကိုရေဆေးပါးပါးလှီးပြီးမီးကင်လိုက်ပါတယ်။

ပဲပြားကိုကြွပ်အောင်ကြော်ထားပြီး၊ ကြက်သွန်ဖြူနီပါးပါးလှီးတာကိုကြွပ်အောင်ကြော်ပါ
တယ်။ နနွင်းနဲနဲအရောင် တင်မှုန့်လဲထည့်ပါတယ်။ ငရုတ်သီးအကြမ်းမှုန့်လဲပါတယ်။
ပြီးရင်တော့ သပ်သပ်ဖယ်ထားတဲ့ပဲပြားကြော်ကိုရော မွှေလိုက်မီးနဲနဲခြောက်သွားတဲ့မှို
တွေကိုလဲ ထည့်ပြီးအပေါ့ငံမြည်းပြီးရင်တော့အထားခံတဲ့သတ်သတ်လွတ်ဘလချောင်
တစ်ခွက်ရပါပြီ....

စားချင်စရာလေး။ လုပ်စားကြည့်အုန်းမယ်။
ReplyDeleteငွေနှင်းမှိုဆိုတာ ဒါကိုးးးးး
ReplyDelete