Skip to main content

ကျွန်မလဲအလှပြင်သည်

ကျွန်မကိုအများကအလှမပြင်ဘူးထင်တာ..အိမ်မှာဆိုမာမီကမပြင်မဆင်နေတယ်ဆူတယ်။ အပြင်ထွက်ခါနီးအထိခြံဝထိနောက်ကခေါင်းလိုက်ဖီးပေးသေးတယ်။ သူငယ်ချင်းတွေနဲ့ပတ်ဝန်း
ကျင်ကသူတွေက အမနဲ့ညီမအမြဲယှဉ်တယ်။ညီမလေးကတော့ပြင်ပြင်ဆင်ဆင်နဲ့ချစ်စရာလေး ..အကြီးမမျက်နှာပြောင်နဲ့မပြင်မဆင်..စသည်ဖြင့်အမြဲပြောတယ်။
ကဲ......ဆိုတော့...ကျွန်မအလှမပြင်ဘူးလား......................................မဟုတ်ပါဘူး..
မိန်းကလေးဘဲ..အနည်းများတော့ရှိတာပေါ့။
ဒါပေမယ့် mood အပေါ်မူတည်တယ်.. စိတ်ပါရင်ပေါ့.. စိတ်မပါတာက တစ်ပတ်မှာ ၄ရက်။ အရွယ်စရောက်ကတည်းကကျွန်မစွဲစွဲမြဲမြဲလိမ်းဖြစ်တာတော့ Nivea ဘဲ ကျွန်မနှင့် Nivea ဆိုပြီးတစ်ခါရေးဖူးသေးတယ်.. နောက်ပိုင်းအတွန့်လေးတွေထပ်ထပ်တပ်လာတာကတော့..
ကျွန်မရုံးမှာ OJT (on job training) လာဆင်းတဲ့အင်ဒိုနီးရှားကကောင်မလေးက..မျက်လုံး
Liquid Liner ဆိုးတတ်အောင်သင်ပေးခဲ့တာနဲ့ရောဂါတက်ပြီး စင်ကာပူရောက်တော့ mustafa မှာလိုက်ကြည့်ရင်းနဲ့ Quick Stroke ဆိုတာတွေ့လို့စမ်းကြည့်ဖို့ဝယ်ရင်းအခုထိအခြောက်လဲမြန်၊ လက်မငြိမ်လဲအဆင်တော်တော်ပြေတာမို့ အညို၊အမဲ၊အစိမ်း(၃)ရောင်အခုထိသုံးနေဆဲပါ။ မျက်နှာ အလှမပြင်အားရင်တောင်အဲဒါလေးဆိုးထားရင်ကြည့်ကောင်းတယ်လို့ကိုယ့်ကိုကိုယ်ထင်တာဘဲ။
အလှပြင်ပစ္စည်းတွေကကိုယ်ဝယ်တာနဲနဲသူများပေးတာများများပါ.. နေ့ထူးနေ့ခြားတွေရောက်တိုင်း
မိန်းကလေးဆိုတော့အလှပြင်ပစ္စည်းတွေသာရတာများတယ်မဟုတ်လား.. မသုံးတဲ့ဟာတွေကိုတော့
သူငယ်ချင်းတွေကိုပြန်ပေးလိုက်တာပေါ့..ကိုယ်သုံးနေကျတွေကိုတော့သိမ်းထားဖြစ်တယ်။ အမြဲပုံမှန်
သုံးတဲ့ဟာတွေတော့ဝယ်တာတွေလဲရှိတယ်။
အများအားဖြင့် nivea cream တစ်ခုလိမ်းလိုက်ပေမယ့်..အခုနောက်ပိုင်းတော့ နဲနဲလေး advance
ဖြစ်လာပါတယ်။ မျက်နှာသစ်တဲ့ဟာကိုတော့ (၂)ခုပုံသေထားပါတယ်။ Nivea နဲ့ Loreal ပါ။
Nivea က မိတ်ကပ်လိမ်းထားတဲ့နေ့တွေအတွက်သုံးပြီးတော့ loreal ကိုတော့ cream ဘဲလိမ်းထား
တဲ့နေ့တွေသုံးပါတယ်။


ပြီးရင်တော့ nivea cream ကိုလိမ်းပါတယ်။ အခုနောက်ပိုင်းအသစ်ထွက်တာလေးက sparkling
white.. အဲဒါလေးလဲကောင်းတယ်။ day/night/foam ၃မျိုးတွဲသုံးတယ်။ roll-on လဲသူပါဘဲ။


cream လိမ်းပြီးရင်တော့ မိတ်ကပ်အရည်လိမ်းပါတယ်။ မိတ်ကပ်ဆိုမကြိုက်တတ်ပေမယ့် ဒီတစ်မျိုး
ကိုတော့ ပေါ့ပါးပြီးနေလို့ကောင်းလို့မျက်နှာလဲထူနေတယ်လို့မခံစားရဘူး..

ဒါပြီးရင်တော့ပါးနီ..နဲနဲပါးပါး.. revlon powder blush (Smoky rose) ...

အမြဲမဟုတ်ပေမယ့်စိတ်ပေါက်ရင်ဝတ်တဲ့အရောင်နဲ့လိုက်အောင် revlon eye shadow Color Stay..

..
အဆုံးသတ်မှာတော့.. Careline powder နဲ့ Jillian Dempsey for AVON Professional Mascara
အဲဒီ mascara ကိုတော်တော်သဘောကျတယ်. မြန်မြန်ခြောက်ပီး ပန်ဒါမျက်လုံးလိုမဖြစ်လို့..


အားလုံးအဆင်သင့်ဖြစ်လို့အပြင်ထွက်ခါနီးမှာတော့ Body Shop က white musk ကိုလက်မှာနဲနဲ
လိမ်းပါတယ်။ အနံ့လေးကိုအရမ်းကြိုက်လို့ပါ။ အသားတော့ဖြူမလာမှာကျိန်းသေပါတယ်။


အဟမ်း..သိပ်တော့မများပါဘူး..ထင်တာပြောတာ..
ရေချိုးတဲ့ခရင်မ်ကိုတော့ Enchanteur Charming/Lux နှစ်မျိုးသုံးပါတယ်။ မနက်နဲ့ည..ပြောင်း
သုံးပါတယ်။ Lux ဆိုရင်အပန်းရောင်အနံ့လေးကိုအကြိုက်ဆုံးပါ။ ညအိပ်ရာဝင်ခါနီးရေချိုးရင်အနံ့
လေးစွဲကျန်နေတာကိုယ့်ကိုယ်ကိုယ်သဘောကျမဆုံး..office မှာလဲ Enchanteur lotion တစ်ဗူးထား
တယ်။အသားအရမ်းခြောက်ရင်အရေးပေါ်လိမ်းဖို့။


အိတ်ထဲအမြဲဆောင်ဖြစ်တာတော့ Nivea hand lotionပါ.. ထုံးစံအတိုင်းကျွန်မနဲ့တည့်တဲ့အနံ့တွေကိုသာရှာသုံးရတာမို့ဒါဘဲသုံးဖြစ်ပါတယ်။

ညနေပိုင်းရေချိုးပြီးရင်တော့ သံလွင်ဆီလိမ်းပြီးအိပ်ပါတယ်။ ဆီပေမယ့်စီးကပ်ကပ်မနေပါဘူး.
အုန်းဆီ နဲ့ သံလွင်ဆီ ကိုတစ်ရက်ဆီလိမ်းပါတယ်။ မျက်နှာကိုတော့ Clinque mosturizer လိမ်း..
ရုံးမသွားတဲ့နေ့တွေနဲ့..အနီးနားသာသွားစရာရှိတဲ့နေ့တွေမှာတော့ သံလွင်ဆီရယ် Mosturizer ရယ်ဆိုအလုပ်ဖြစ်ပါတယ်။
ဆီကုန်ရင်အရေးပေါ်ဟင်းချက်လို့လဲရတယ်။ :P
အုန်းဆီကရိုးရိုးဆီတော့မဟုတ်.. virgin coconut oil ပါ.. ချောင်းဆိုးရင်လဲရေနွေးထဲတစ်ဇွန်းထည့်
သံပုရာညှစ်သောက်၊ ချက်ချင်းနီးပါးပျောက်ပါတယ်။ အိပ်နေရင်ခုတင်ပေါ်ကပြုတ်ကျလို့ ညိုမဲစွဲရင်
လဲလိမ်းထားလိုက်ရင်နောက်နေ့အိုကေ..


ကဲဒီလောက်နဲ့ရပ်ပါအုံးမယ်။နောက်အပတ်တော့ oral defense ရှိလို့ဘလော့ပေါ်ကခဏပျောက်ပါမယ်။



Comments

  1. တို့ လဲ Liquid Liner တော့အရမ်းသုံးဖြစ်တယ်။

    ReplyDelete
  2. စိတ်ဝင်စားစရာလေ. မိတ်ကပ် မျက်နှာလေးကြည့်ချင်ပါတယ်။

    ReplyDelete
  3. မိတ်ကပ် မျက်နှာလေးကြည့်ချင်ပါတယ်။ :)

    ReplyDelete
  4. မိတ်ကပ်လိမ်းလဲထူးမယ်မထင်။ ဒီရုပ်ပဲနေမှာပဲ။ ပိုတော့ချောလာမှာမဟုတ်။

    ReplyDelete
  5. တကယ်လှမှာပါ။ ယုံတယ် . ပိုစ်လေးကောင်းတယ။် presentation လည်းကြိုက်တယ။်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။