Skip to main content

ခရီးသွားမှတ်တမ်း - ၁

ဦးပိန်တံတားရောက်ခဲ့တုန်းကအမှတ်တရပုံလေးတွေအခုမှတင်ဖြစ်တော့တယ်။ ကျွန်မတို့ရောက်
တဲ့အချိန်နေကကျစ်ကျစ်တောက်ပူနေတော့ ပါးပါးကတော့မလျှောက်တော့ဘူး၊ ကျွန်မကတော့
ရောက်တုန်းရောက်ခိုက်လျှောက်ဖြစ်အောင်လျှောက်ခဲ့ပါတယ်။ အဆုံးထိတော့မရောက်ဘူး။ တစ်
ဝက်ကျော်ကျော်တော့ရောက်တယ်။ ရေခန်းတဲ့အချိန်ဆိုတော့သောင်ထွန်းနေတဲ့မြေညီပြင်မှာလူ
ငယ်တွေတူညီဝတ်စုံတွေနဲ့ဘောလုံးကန်နေကြတယ်။ အားပေးတဲ့သူတွေလဲတံတားပေါ်မှာရော
တံတားအောက်မှာရောအပြည့်ပါဘဲ။ စာသင်ကျောင်းနီးတယ်ထင်ပါတယ် ကိုရင်လေးတွေကတော့
ဒိုင်ခံပရိတ်သတ်တွေပေါ့။


အင်းထဲမှာတော့ငါးဖမ်းသူတွေရှိသလို၊ စီးလို့ရတဲ့လှေတွေလဲရှိပါတယ်။ တံတားပေါ်ကိုလှမ်းမေး
တယ်၊လှေစီးမလားတဲ့၊စီးမယ်ဆိုရင်တံတားလမ်းတ၀က်ရောက်ရင်သောင်ထွန်းနေတဲ့အောက်ကို
ဆင်းပြီးလှေတက်စီးပြီးရင်ဒီဘက်ထိပ်ကိုပြန်လာ၊ အပေါ်ကနေလှေကိုလှမ်းရိုက်တာ ရခဲ့တဲ့ပုံတွေ
ထဲမှာအဲတစ်ပုံကိုတော့အကြိုက်ဆုံးပါဘဲ။ ငါးဖမ်းတဲ့သူတွေလဲနေပူကျဲကျဲမှာပင်ပင်ပန်းပန်းကွန်ချ၊
လေးငါးယောက်ဝိုင်းဆွဲကြပေမယ့်လဲငါးသေးသေးတစ်ကောင်နှစ်ကောင်အပြင်ပိုရတာမတွေ့ခဲ့ရ
ဘူး။

နောက်ဆုံးတံတားတစ်ဝက်ကျိုးတော့အဆောင်အောက်မှာဇီးကွက်လေးနှစ်ကောင်ရောင်နေတာတွေ့
ခဲ့တယ်။ ကျွန်မဇီးကွက်လေး ထူပုဝူ ကိုသတိရလိုက်သေးတယ်။ ၀ယ်တော့မ၀ယ်ဖြစ်ခဲ့ဘူး။ အပြန်အင်း
ဝပုဂံဝင်ဖို့ရှိသေးတာနဲ့ပုံလေးဘဲအမှတ်တရယူလာခဲ့တယ်။အရမ်းချစ်ဖို့ကောင်းတယ်နော်.

အင်းဝဖက်ကိုရောက်တော့စက်လှေမစိုက်ခင်ကမ်းဆိပ်မှာအ၀တ်လျှော်နေကြအမျိုးသမီးအ၀တ်
လျှော်တာကိုထိုင်စောင့်ပေးနေတဲ့ယောက်ျားတစ်ယောက်...နဲနဲကဗျာဆန်သလားလို့..း)
မယ်နုအုတ်ကျောင်းအ၀မှာရောင်းနေတဲ့လတ်လတ်ဆတ်ဆတ်ပြောင်းဖူးတွေ။ မာမီကတော့ပြောင်း
ဖူးသည်တွေနဲ့အဖွဲကျ၊စကားပြောလိုက်ဝယ်လိုက်၊မန်ကျဉ်းသီးသည်နဲ့ပါစက်လှေစီးတော့စကားတွေ
ပြော..ပျော်လို့.. မန်ကျဉ်းသီးပါဝယ်လာခဲ့လိုက်သေးတယ်။

Comments

  1. ပုံလေးတွေ အတော်လှတယ်။
    ဘန်ဒါလုပ်ဘို့ောတင်စိတ်ကူးရတယ်။
    လှလွန်းလှို
    တို့ မလုပ်တတ်ပါ။

    ReplyDelete
  2. မမပြောသလိုပဲ ကူးကူး..
    တော်တော်လှတယ်..

    ReplyDelete
  3. ပြောင်းဖူးတွေက လတ်လတ် ဆတ်ဆတ်လေးတွေနော်။

    ကံကောင်းပြီး ပိုက်ဆံရှိလို့ စီးပွားရေး လုပ်ခွင့် ကြုံမယ်ဆိုရင်။
    ညီမရဲ့ ချက်နည်းတွေနဲ့ 
    restaurant လေး တစ်ခုလောက် ဖွင့်ပြီ ကိုယ်တိုင်ချက်ရောင်းမယ်လို့ 
    စိတ်ကူးထားလို့ 
    တိတ်တိတ်လေး chef Cook သင်တန်းလာတတ်နေတာ။

    ခုတော့ ရေနွေးတည် တတ်နေပါပြီ
    ဟဟ၊

    ကျေးဇူး........................
    နောက်လည်း လာခဲ့အုံးမယ်နော့၊၊၊

    ReplyDelete
  4. ဟီဟီး.. ဘန်ဒါလုပ်ဖို့ပေါတာနဲ့မြောက်တက်ပြီး flickr မှာအကောင့်ဖွင့်ပုံတွေတင်လိုက်ပါတယ်။
    restaurant ဖွင့်ဖို့မလုပ်ပါနဲ့... စားမယ့်သူရှိပါ့မလား..ဟားဟား..
    ပေါက်ရေ...ကျေးဇူး

    ReplyDelete
  5. ဇီးကွက်လေးကို ခုမှ မြင်ဖူးတယ်.. အရုပ်ပဲ မြင်ဖူးတာ
    ဓာတ်ပုံတွေက တကယ်ပဲ လှတယ်..။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။