Skip to main content

ဆန်ခေါက်ဆွဲကြက်သားပြုပ်

ညနေပိုင်းတွေမှာ အပြင်ကမိုးကသဲကြီးမဲကြီးရွာ၊ မိုးစက်သံတွေဆူညံတာကြောင့်အိပ်ရာထဲ မှာကွေးနေရင်း ထမင်းချက်၊ဟင်းချက်ဖို့ mood မလာတာကြောင့် အပြုပ်လေးဘဲစားမယ်လို့စဉ်းစားပီး ဆန်ခေါက်ဆွဲပြုပ်စားဖို့ ပြင်ဆင်လိုက်ပါတယ်။ ဆန်ခေါက်ဆွဲက တစ်ထုပ်ဝယ်ပီး တစ်ဝက်တစ်ပြတ်သိမ်းထားရင်နောက်မစားဖြစ် တော့တာများလို့ အပီးသတ်ဖို့ကြံစည်ရပါတယ်။
ဆန်ခေါက်ဆွဲ အနည်း ငယ် (thai ကလာတဲ့ ဆန်ခေါက်ဆွဲခြောက်ထုတ်ကိုသုံးပါတယ်)
မြေပဲဆန် အစိမ်း ၇ ဆံ
ကြွက်နားရွက်မှို အနည်းငယ်
ကြက်ဥ ၁ လုံး
မှိုလုံး (သို့) အသားလုံး ၄ လုံး
မုန်လာထုပ်ဖြူ အနည်းငယ်
ကြက်ရင်အုံသား အနေတော် ၃ တုံး
ဂျင်း လက်တစ်ဆစ်
ကြက်သွန်ဖြူ ၄ မွှာ (တောက်တောက်စင်းဆီချက်သတ်ထားပါ)
ငရုတ်ကောင်းမှုန့်

အိုးပူလာတာနဲ့ နှမ်းဆီလေးနဲနဲထည့်ပါ။ ဂျင်းကို ဓါးပြားရိုက်ပီး မွှေးလာအောင်နဲနဲကြော်လိုက်ပါ။ ပီးရင်တော့ ကြက်ရင်အုံးသာ ၃ တုံးကိုထည့် အပေါ်ယံအရေခွံတင်းသွားအောင်နဲနဲဆက်မွှေလိုက်ပါ။
ရေကို ကြက်သားနူးလောက်တဲ့အတိုင်းတာထက် ပိုထည့်ပီး ပွက်ပွက်ဆူအောင်တည်ထားပါ။
ပီးရင်တော့ ကြွက်နရွက်မှို ပါးပါးညှပ်ထည့်၊ မုန်ညှင်းဖြူလေးတွေထပ်ထည့်ပါ။
ဆီချက်သတ်ထားတဲ့ ကြက်သွန်ဖြူကို ထည့်ပီး ဆူနေအောင် အနံ့မွှေးလာအောင်ဆက်စောင့်ပါ။
အိုးထဲက ကြက်သားတုံးလေးတွေလဲကျက်၊ မှိုနဲ့ မုန်ညှင်းထုပ် လေးတွေကျက်ခါနီးလောက်မှာ
အသားလုံး (သို့) မှိုလုံးလေးတွေနှစ်ခြမ်းခြမ်းထည့်ပါ၊ ပီးတာနဲ့ ကြက်ဥတစ်လုံးကို ဖောက်ပီးအကာသတ်သတ်
ဖယ်ထားပါ၊ အနှစ်ကိုတော့ အိုးထဲအရင်ထည့်လိုက်ပါ။
ကြက်ဥအကာကို ငရုတ်ကောင်းဖြူးပီး ခေါက်ထားပါ...ပီးရင် ဟင်းရည်အိုးထဲ နဲနဲလောင်းထည့်၊ မွှေလိုက် လုပ်ပါ။
ဆား၊ ကြိုက်တတ်ရင် knorr ကြက်သားခဲမှုန့်နဲနဲ အချိုမှုန့်အစားသုံးပါ၊ ငံပြာရည်နဲနဲလေးထည့်ဖို့ မမေ့နဲ့အုံးနော်။

ဆန်ခေါက်ဆွဲကိုတော့ ပြုပ်ပီး ရေစစ်ထားပါ။ စားခါနီးမှ စွပ်ပြုပ်အရည်နဲ့ ရောစားရင်ရပါပီ။
အအီပြေလေးအတွက် တော့ ငရုတ်သီးစိမ်းလေးတွေပါးပါးလှီး ပီး သံပုရာရည်ထဲ ၂ နာရည်လောက်စိမ်ထား လိုက်ပါ။ အရသာလဲရှိ၊ အဟာရလဲပြည့်စုံ၊ အားလဲရှိမယ့် ဆန်ခေါက်ဆွဲ ကြက်သား စွပ်ပြုပ်လေးပါ။

Comments

  1. ရှလွတ် ရှလွတ် ..... ဗိုက်လည်းပိုဆာသွားတယ် အဟင့်

    ထောထော

    ReplyDelete
  2. အဲဒါမျိုးလေးစားဖူးတယ်... ကြိုက်တယ်

    ReplyDelete
  3. အဲဒါမျိုးလေးစားဖူးတယ်... ကြိုက်တယ်

    ReplyDelete
  4. ဒါလေး မိုက်တာပဲဟ...
    ကြိုးစားမယ်ကွ.. ဟာ ဟ ...

    ReplyDelete
  5. ကူးးးကူစ်
    အသုပ်ပြီးတော့ အပြုပ်လာပြန်ပြီလား အဟင့်
    ရက်စက်ပါ့နော်

    ReplyDelete

Post a Comment

ကူးကူးရေ...