Skip to main content

Bandung ခရီးစဉ်(၃) နှုတ်ဆက်ညစာ

Bandung တတိယခရီးစဉ်အနေနဲ့ မီးတောင်ပေါ်က ပြန်ဆင်းလာပီးနောက် Bandung မြို့ထဲက ဆေးရုံ ကို ရောက်လာခဲ့ပါတယ်။ လူနာတွေဓာတ်ပုံလိုက်ရိုက်ရင်လဲမကောင်းဘူးမဟုတ်လားနော်။  ဆေးရုံက Finance controller နဲ့တွေ့ပီးစကားပြော၊ နောက်တော့ အသစ်ထပ်ဆောက်နေတဲ့ (၇)ထပ် အဆောက်ဦး သစ်ဆောက်နေတဲ့အခြေနေသွားကြည့်ကြတယ်။  အမြင့်ကြီးမှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေတွေ့ တော့ ရင်ထဲလှပ်ကနဲဖြစ်သွားတယ်။  လက်ရှိဆေးရုံ က ၅ ထပ်၊ လူနာတွေအရမ်းပြည့်နေတယ်၊ အချို့ဆို အောက်က reception နားမှာဘဲ ခုတင်လေးနဲ့ထားရတယ်။ ဒါကြောင့် အသစ်အဆောက်ဦး ဒီနှစ်အတွင်းပီး အောင် ကြိုးစားဆောက်နေကြတယ်။ နေ့ဆိုင်း ညဆိုင်း မရပ်မနားပေါ့။
ညနေလဲစောင်းလှပီမို့ ဆေးရုံက president က ထမင်းဖတ်ကြွေးတာ သွားစားပါတယ်။ ဆေးရုံနဲ့ သိပ်မဝေး လှဘူး။ လမ်းလျှောက်သွားတယ်။ လူတွေ ဆိုက်ကယ်တွေ ကားတွေ ရှုတ်ရှက်ခတ်နေတဲ့ bundung မြို့ရဲ့ မြို့လယ်မွန်းကျပ်မှု့ကိုခံစားရင်း လမ်းဘေးတစ်လျှောက်ဆိုင်ခန်းတွေငေးပီးလိုက်သွားခဲ့တယ်။
အဖြူရောင်စပို့ရှပ်လေးတွေ bundung အမှတ်သားလေးတွေနဲ့ ၁ဒေါ်လာဘဲပေးရတယ်။ မ၀ယ်ဖြစ်ပါဘူး။ ဈေး ပြောပြတာ။ ပေါတယ်လို့။ ဆိုင်ကိုအပြင်ကလှမ်းကြည့် သိပ်မကြီးဘူးထင်ရပေမယ့်အထဲဝင်တော့မှ သစ်သား/၀ါး တံတားလေးတွေနဲ့ ဆိုင်နောက်ဖက်ပိုင်း တောင်ကုန်းစွန်းက တဲအိမ်လေးတွေကို ဆက်သွယ် ထားတာတွေ့ရတယ်။ အိမ်လေးတစ်အိမ် စားပွဲတစ်ဝိုင်းပေါ့။ 
menu ကြည့်ပေမယ့်ဘာမှာရမှန်းမသိဘူး၊ သူများမှာတာဘဲ စားလိုက်တယ်။

ဒီငါးက တစ်ကောင်လုံးကိုကြွပ်ကြွပ်ရွ နေအောင်ကြော်ထားတာ.. အရိုးပါအကုန်စားလို့ရတယ်။ 
ဘာငါးလဲမသိ၊ အကြေးခွံတော့ရှိတယ်။

ဒါကတော့ ဆိုင်အပြင်ဘက်ကနေလှမ်းရိုက်ထားတာပါ။
ဆိုင်အတွင်းဖက် အလှဆင်ထားတဲ့ဝါးမီးဆိုင်းလေးပါ။

ကျွန်မအကြိုက် tempe (တန်းပယ်) ကြော် (ဒီမှာသွားကြည့်လို့ရတယ်)

ထမင်းဖြူလေးပူနွေးနွေး ငပျောရွက်လေးထပ်ခံလိုက်တော့ ပေါင်းထားတဲ့ထမင်းရဲ့အနံ့လေးကိုစိတ်ကူးကြည့် ပေတော့။း)
ဒါကတော့ ခေါက်ဆွဲကြော် mee gorang.. မြန်မာပြည်ခေါက်ဆွဲကြော်အရသာနဲ့အတော်ဆင်တူတယ်။ နဲနဲလေးချိုတာကလွဲလို့။။ ကြိုက်တယ်..
ငါးအသားချဉ်း ချိုချဉ် ကြော်ထားတာပါ။

မပါမဖြစ် ငရုတ်သီးထောင်း။ (အင်ဒိုငရုတ်ထောင်းလုပ်စားချင်ရင် မမလုဘလော့ မှာနည်းယူနိုင်ပါနော်)


အဲဒီညကနော့ bandung က နောက်ဆုံးညနေစာလေးပါ။ စားသောက်ပီးတာနဲ့ ဂျကာတာကို ကားနဲ့ ပြန်ဆင်း လာခဲ့တယ်။ ည သန်းခေါင်ကျော်မှပြန်ရောက်တယ်။ ခဏအိပ်ပီး နောက်နေ့ Tama Mini ကို ဆက်သွား အုံး မှာပါ။  Tama Mini ကတော့ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကျွန်းစုတွေအကုန် ကိုယ်စားပြု ရိုးရာ ယဉ်ကျေးမှု လက်ရာတွေ၊ အ၀တ်စားတွေ၊ အမူကျင့်တွေ၊ ဓလေ့စရိုက်တွေအကုန်တစ်နေရာတည်းစုစည်းပြထားတဲ့ နေရာပါ။ မြန်မာမှာဆို တိုင်းရင်းသားကျေးရွာလိုပေါ့။ ဒါပေမယ့် အင်ဒိုမှာတော့ တစ်နေကုန်လည်တောင် ပီးမယ်မထင်ပါဘူး။

Comments

  1. ငါးက စားပြီးမှရိုက်ထားလို့လားမသိဘူးနော်...အသားနဲသလားလို့... ခေါက်ဆွဲကစားချင်စရာလေး

    ReplyDelete
  2. ဟုတ်ဘူးမrose ရေ.. လာကတည်းက အရိုးချည်း ကြော်ထားတာ.. အသားက နဲနဲလေးဘဲ ပါတယ်.. ခေါင်းပိုင်းနဲနဲ အဲဒါကြောင့် အရိုးတွေပါကြွပ်ပီးတင်းနေတာ..

    ReplyDelete
  3. ချစ်အုန်းဖေApril 20, 2010 at 2:14 AM

    ငါးကအရိုးပါစားလို့ ရမှဘဲ။ မဟုတ်ရင်ပန်းကန်ပဲကိုက်စားရမယ့်ကိန်း။

    ReplyDelete
  4. တော်တော်ဆိုးတဲ့ ဘလော့ဘဲဗျာ၊ လူကို သွားရည်တွေစီးကျနေအောင် လုပ်ရက်တယ်။ စိတ်ဆိုးသွားလို့ ဓါတ်ပုံထဲက စားစရာတွေ မစားရမချင်း နောက်ကိုလာမလည်တော့ဘူး။

    ReplyDelete
  5. စားစရာတွေကတော့ အတော်စားကောင်းမဲ့ပုံပဲ... ခုလို ခရီးသွားဆောင်းပါးလေးနဲ့ ဝေမျှတာ ကျေးဇူးပါပဲ... နောက် အဲဒိကိုသွားမယ်ဆိုရင် ဒီပိုစ့်တွေကို လာဖတ်ပြီး လေ့လာရမယ်...

    ReplyDelete

Post a Comment

ကူးကူးရေ...