တလားပီးယား ငါးကိုလတ်လတ်ဆတ်ဆတ်ဝယ်..ပြီးဖုတ်စားကြည့်တယ်။ ကောင်းသားဘဲ။ ကြက်သွန်ဖြူနီ၊ ဂျင်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီအစိမ်းတောင့် ကို blender နဲ့မွှေလိုက်ပီးတော့ ငါးကိုဗိုက်ခွဲသေချာရေဆေးထားနဲ့အထဲကို မွှေထားတဲ့အစာပလာတွေကို ဆား၊ငံပြာရည်၊ နနွင်း၊ အရောင်တင်မှုန့်ထည့်နယ်ပြီး ငါးကိုယ်ထဲကိုရောမွှေထည့်လိုက်တာပါ။ ကိုယ်လုံးကို လဲဓားနဲ့သုံးချက်လောက်မွှန်းပြီးအထဲကိုအနှစ်တွေသိပ်ထည့်ပြီး ဖုတ်လိုက်ရုံပါဘဲ။ ကျက်နိုင် လောက်တဲ့အနေလောက်ကိုမှန်းပြီးတော့ ကျွန်မကတော့ ၃၀မိနစ်လောက်ဖုတ်လိုက်တဲ့အခါ မှတော့မွှေးကြိုင်ပြီး ချိုနေတဲ့ငါးဖုတ် (ကင်)လေးရလာပါပြီ။ (ပုံတင်တာငါးကဇောက်ထိုးဖြစ် နေတယ်နော်၊ ပြန်တည့်အောင်မလုပ်တတ်ဘူး..း( ဆီမထည့်ပေမယ့်ငါးကအဆီထွက်လာတယ်။
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။