မေမြို့(သို့) ပြင်ဦးလွင်ရောက်တုန်းက အရီးရှမ်းဆိုင်မှာဝယ်လာတဲ့ဂျင်းပဲပုပ်ပြားလေးတွေကို
နှစ်နှစ်သက်သက်ထောင်းစားဖြစ်တယ်။ အရင်ဆုံးရေနွေးထဲမှာပဲပုပ်ပြားလေး၎ ပြားကိုထည့်
စိမ်ထားလိုက်ပါတယ်။
ပါဝင်တဲ့ပစ္စည်းတွေကတော့-
ပဲပုပ်ပြား - ၄ ပြား
ငရုတ်သီးစိမ်း - ၁၂ တောင့် (သေးသေးလေးတွေ)
ကြက်သွန်ဖြူ - ၂ မွှာ
မန်ကျဉ်းသီးမှည့်အနှစ် - အနည်းငယ်
မြေပဲလှော် - အသင့်တော် နှစ်သက်သလောက်
ဆားအနဲငယ် (တစ်ခါတစ်လေပဲပုပ်ပြာတွေဆားပါတတ်တာကိုသတိထားပါနော်)
ပထမဦးဆုံး ငရုတ်သီးစိမ်းလေးတွေညက်နေအောင်ထောင်း၊ ကြက်သွန်ဖြူအမွှာလေးတွေထည့်
ထောင်းပြီး မြေပဲလှော်ကိုတော့မညက်တစ်ညက်လေးရောထည့်ထောင်းပါတယ်။ ပြီးရင်တော့
ရေနွေးထဲမှာနူးပျော့နေပီဖြစ်တဲ့ပဲပုတ်ပြားလေးတွေကိုလက်နဲ့ဖဲ့ပြီးအကုန်ရောထည့်ဆားအနည်း
ငယ်ထည့်ပြီးနာနာထောင်းပါတယ်။ စိတ်ကြိုက်အထောင်းအနေထားရောက်မှမန်းကျည်းမှည့်အနှစ်
ခပ်ပျစ်ပျစ်ကိုပါရောထည့်မွှေလိုက်ပီးရင်တော့အရသာအလွန်ကောင်းတဲ့ ပဲပုပ်ချဉ်စပ်စိမ့်စိမ့်ထောင်း
လေးကိုအဆင်သင့်စားလို့ရပါပီ။ အထားခံချင်ရင်တော့ဆီလေးပါစိမ်ထားလိုက်ပါနော်။

အလွန် အလွန် ကောင်းမယ့်ပုံ
ReplyDelete