Skip to main content

ထိုင်း ဆိုင်မှာ

ကျွန်မမြန်မာပြည်ပြန်ရောက်တော့ကျွန်မဦးလေးလူပျိုကြီး၊ နဲ့ညီမလေးကအစားသောက်တွေ့
ရင်ဓာတ်ပုံရိုက်တတ်တဲ့ကျွန်မကိုဒေါက်ဖြုတ်ပါတယ်။ သူများတွေကိုအခမဲ့ရှင်းပြပေးတာသူရိုက်
ပြီးသူ့ဘလောက်မှာသူချက်သလိုရေးပြီးတင်တယ်တဲ့။ ဒါကတော့ကျွန်မဘလော့ကိုသူတို့ဝင်မ
ဖတ်တာသိသာတယ်။ ကျွန်မချက်ပြီးရိုက်တင်ထားတဲ့ပုံတွေမှာဘယ်လိုဘယ်နည်းချက်လဲဆို
တာရေးပေးထားသလို၊ ကွန်မစားခဲ့တဲပုံတွေကိုလဲတင်ထားပေမယ့်ချက်နည်းမရေးထားပါဘူးနော်။
ထားပါလေ ကျွန်မသူငယ်ချင်းကလမ်းတစ်လမ်းကိုခေါ်သွားတယ်။အစားသောက်ကောင်းကောင်း
ကျွေးချင်လို့ပါတဲ့လေ။ ဆိုင်ကစားပွဲထိုးတွေကတစ်လမ်းလုံးဆူညံနေအောင်လူတွေကိုခေါ်နေတာ
ကြောက်ခမန်းလိလိနော်။ မြန်မာမှန်းသိတော့စားမယ်။စားမယ်နဲ့ပြောနေသေးတယ်။ စားပွဲထိုးတွေ
အများစုကမြန်မာတွေလို့ပြောတယ်။ ကျွန်မအဲလိုလူရှုပ်လူတွေများတဲ့နေရာမှာထမင်းမစားတတ်
ဘူး။ Foodcourt တွေဆိုတစ်ခါမှမ၀င်ဘူး။ မှတ်မိသေးတယ်လွန်ခဲ့တဲ့ ၂နှစ်လောက်က ကိုကြီးအာ
လူးထမင်းခေါ်ကြွေးတာ Foodcourt ထဲခေါ်သွားလို့သူ့ကိုစိတ်တိုပီးပြောမဆုံးဖြစ်နေတာခုထိ၊
လူများလူရှုပ်ပြီးမီးခိုးတွေ၊ဟင်းညှော်တွေနံနေတာမခံနိုင်ဘူး။ လိုက်ကြွေးတဲ့သူငယ်ချင်းကိုအားနာလို့
ငြိမ်ငြိမ်လေးထိုင်ပြီးတစ်ခုစားလိုက်ပါတယ်။ အရသာကလဲမကောင်းဘူး။ တုမ်ယမ်က ပေါ့ပျက်ပျက် ကြက်ကင်တစ်ချောင်းမှာစားကြည့်တယ်၊ ယိုးဒယားမပေမယ့်မြန်မာလိုတတ်တယ်။ သူကကောင်း
တယ်စားကြည့်ပါပြောလို့၊ ကြက်တောင်ပံကင်လေးကတော့အရသာမဆိုးဘူး။ ဒါပေမယ့်..နောက်နေ့
ဦးလေးကြီးတစ်ယောက်ကျွန်မတို့ကိုခေါ်ကြွေးတော့ထိုင်းစာကြိုက်တော့ ထိုင်းဆိုင်မှာကောင်းကောင်း
လေးကိုစားခဲ့ရတာကိုစားခဲ့သောအစာပုံများဆိုပြီးထပ်တင်လိုက်မယ်နော်။ အုန်းနုစိမ်းရည်နဲ့ငပိထောင်း
ကတော့အကောင်းဆုံးလောက်မှာရှိတယ်။း)


Comments

  1. ဂလု..
    ဂလု..
    ငပိရည် စားချင်လိုက်တာ..

    ReplyDelete
  2. ကူးကူးရေ..
    ဂလုသွားတာ..ပေါက်နော်..
    မေမြို့ပြန်ဖြစ်တယ်ဆို..

    ReplyDelete
  3. ဟုတ်ပေါက်.. ပျော်ပျော်ကြီးလျှောက်လည်ခဲ့တယ်

    ReplyDelete
  4. ၀ါးတီးတွေကြည့်ပြီး သားရေကျ အဲဒါကလည်း တစ်ဒုက္ခ။ ထမင်းလေးစားခါနီး လာကြည့်မိရင် အကောင်းသား ခုတော့ ဗြဲ ချားချင်တယ်ဗျ။ ကန်စွန်းရွက် စိမ်းစိမ်းလေးတွေကြော်ထားတာ အမိုက်ဆုံးပဲ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။