Skip to main content

မန္တလေး ကန်တော်ကြီး

မွေးရပ်မြေမန္တလေးကိုရောက်ပြန်တော့အရာရာအားလုံးအရင်တိုင်းဘဲ၊ ကျူံးနားဖြတ်တော့
ဒီအငွေ့အသက်တွေကမပြောင်းလဲဘူးလို့ခံစားရတယ်။ အရင်ကထက်ပိုမိုစည်ကားနေတာ
ကလွဲလို့အရာရာအရင်အတိုင်းပါဘဲ။ မထူးဆန်းတော့တဲ့အကြောင်းရာတွေကိုစီကာပတ်
ကုံးမရေးတော့ပါဘူး။ ကျွန်မအတွက်ထူးဆန်းတာလေးတွေနဲ့ရောက်ခဲ့တဲ့နေရာလေးအ
ကြောင်းကိုဘဲပြောပြချင်ပါတယ်။ မန္တလေးတောင်ပေါ်ရောက်တော့ဇီးဖြူသီးတွေထောင်း
ထားတာကိုရောင်းတာတွေ့တော့ဝမ်းသာအားရ၀ယ်ပြီးစားပါတယ်။ရေသောက်လိုက်ရင်
ချိုလို့။ တရုတ်က၀င်တဲ့အမွှေးဖွားဖွားနဲ့အကောင်ရုပ်လေးတွေလဲတွေ့တယ်။ အရာရာဝယ်
ဖို့လက်တွန့်နေတာတော့ဘာကြောင့်မှန်းမသိဘူး။ ၃၅၀၀ လို့ပြောလိုက်ရင်စိတ်ထဲမှာတွက်
နေတာ၊ ကျန်ခဲ့တဲ့သူငယ်ချင်းတွေအတွက်လက်ဆောင်ဝယ်ဖို့ဘာဝယ်ရမှန်းမသိတောင်ပေါ်
ကဆိုင်တွေမှာလိုက်ပတ်ကြည့်ရင်းအချိန်ကုန်နေတာနောက်ဆုံးဘာမှမ၀ယ်ဖြစ်ဘူး။ တောင်
အောက်ရောက်တော့မောင်လေးရဲ့သူငယ်ချင်းကထမင်းအတင်းခေါ်ကြွေးတော့ရောက်သွား
တာကကန်တော်ကြီးစားသောက်ဆိုင်ပေါ့။ ကျွန်မတို့နေတုန်းကတော့မရှိဘူးနောက်ပိုင်းမှ
အသစ်ဖွင့်တာထင်ပါတယ်။ ကန်ကြီးပတ်ပတ်လည်မှာဆိုင်တွေအများကြီးဘဲ၊ အဲဒီထဲကဆိုင်
တစ်ဆိုင်မှာသွားစားဖြစ်တယ်။ ရေကန်စပ်မှာဆောက်ထားတဲ့အိမ်လေးမှာပေါ့၊ ချက်ပြုတ်တဲ့
နေရာနဲ့ကွင်းပြင်တစ်ခုဖြတ်သွားရတော့စားပွဲထိုးတွေလာဖို့ကုလားအုပ်လိုမြော်နေရတယ်။
အဲဒီမှာသိလား ငါးထင်လို့ရေထဲမှာကောင်လေးတစ်ယောက်ရှိတယ်။ ခေါင်းလေးဖော်ပြီးကန်
စပ်နားကစားပွဲတွေရှိတဲ့အိမ်လေးတွေစီလိုက်ပတ်ပြီးတောင်းနေတာ။ အေးလဲအေးတော့ကျွန်
မက ဟေး..ပြန်တက်ရေထဲမှာအအေးမိမယ် ပိုက်ဆံပေးမယ်လို့ပြောတာနားမထောင်ဘူး။ဘာ
မှလဲပြန်မပြောဘူး။ကျွန်မတောင်အေးလို့လက်ရှည်ဝတ်ထားရတယ်သူကရေထဲမှာစိမ်ပြီးလိုက်
တောင်းနေတာ။ စိတ်ထဲမှာတော်တော့ကိုမချမ်းသာဖြစ်သွားတယ်။ သူကပိုက်ဆံဘဲတရစပ်
တောင်းနေတယ်။ ကျွန်မပြောတယ်။တက်လာခဲ့ရေထဲကအကောင်တွေကိုက်မယ်။ (စားလို့
ပြီးလောက်တဲ့အချိန်ရေထဲမှာမြွေအကြီးကြီးနှစ်ကောင်တွေ့ခဲ့တယ်)ရေမြွေဖြစ်ဖြစ်ဘာဖြစ်ဖြစ်
လေအန္တရယ်ရှိတာတော့အမှန်ဘဲ။ တစ်ကယ်တမ်းလမ်းဘေးနားတောင်းစားနေတဲ့ကလေးတွေ
အများကြီးတွေ့ဖူးပါတယ်။ ရေထဲမှာခေါင်းဖော်ပြီးလိုက်တောင်းတာတော့တစ်ခါမှမတွေ့ဖူးဘူး။
စိတ်ထဲမှာလဲမကောင်းလှဘူး။ ပြောလို့မရတဲ့အဆုံးပိုက်ဆံဘဲလှမ်းချပေးလိုက်ရတယ်။ နောက်
တော့နောက်စားဝိုင်းတစ်ဝိုင်းကိုကူးသွားပြန်ရော။ သူ့ကိုကြည့်ပြီးစားမ၀င်တာတော့အမှန်ဘဲ။
ရင်ထဲမှာတစ်မျိုးကြီးကိုဖြစ်တာ၊ အပူရှပ်မလား၊ အအေးမိမလား၊ ရေထဲကအကောင်တွေဘဲ
ကိုက်မလား။ သူ့ကိုလိုက်ကြည့်နေတာ မောင်လေးသူငယ်ချင်းက အမသူကရိုးနေပီတဲ့။အင်း
လေ... ဟုတ်ရင်လဲဟုတ်မှာပေါ့။ အဲဒီဆိုင်ကအစားသောက်တွေအရမ်းကိုအရသာရှိပြီးကောင်း
တယ်။ နဲနဲကြာကြာစောင့်ရတာကလွဲလို့။ ဈေးလဲအသင့်တင့်ဘဲ။ ငါးသံပုရာချဉ်စပ်၊ ငါးလုံးကြော်
ဆေးဘဲဥသုပ်၊ ကျန်တာတွေတော့မမှတ်မိတော့ဘူး။ မန္တလေးရောက်လို့သွားစားဖြစ်ရင်သတိ
ရနော်။
လှနေဆဲကျူံးနှင့်မန္တလေးတောင်တော်
မင်းတုန်းမင်းနဲ့မိဖုရား၊ နန်းမတော်မယ်နုအုတ်ကျောင်း. (အသည်းယားဖွယ်ရာရာဇ၀င်ရှင်းပြ
ပေးတဲ့ကလေးတွေအဆိုအရ လူတွေအများကြီးသတ်ခဲ့တဲ့ မယ်နုကိုလည်မျိုတုတ်တိုနဲ့ရိုက်ပီး
တောင်သမန်အင်းမှာသွားပစ်တယ်ဆိုဘဲ)

စားသောက်ဆိုင်သို့အ၀င်...
ငါးသံပုရာချဉ်စပ်၊ ကြက်သားလုံးကြော်၊ ဆေးဘဲဥသုပ်



ရေထဲကကောင်ကလေးး(

Comments

  1. အညွှန်းကောင်းတာနဲ့  ပြန်ရောက်ရင် သွားစားကြည့်ဦးမယ်။ ကန်စပ်မှာဆိုတော့ အေးအေးလူလူနဲ့  အနားယူလို့  ကောင်းမယ့်ပုံပဲ။ ဟီး အစားအသောက်တွေကတော့ ဓါတ်ပုံထဲမှာတင် အပြတ်မိုက်နေပြီ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။