Skip to main content
သစ်တိုသီးရာသီ
သစ်တိုသီးရာသီ ရောက်လာပါပီ။ ကျွန်မနေတဲ့ခြံထဲမှာသစ်တိုသီးပင်တွေအများကြီးရှိတယ်။ မိုးမိပြီးတဲ့သစ်တိုသီးတွေကချိုတယ်။ ချိုတယ်ဆိုပေမယ့်ချိုချဉ်ပြုံးပြုံးလေးပါ။ အပင်ရဲ့အရွက်ကိုကြည့်ရတယ်၊ အရွက်မှာ အဖုထစ်တွေနဲ့ အသားပိုတွေတက် နေတဲ့အရွက်တွေရှိတဲ့အပင်ဆိုရင်အသီးကပိုချိုတယ်။
ဒီနေ့လဲ အညောင်းပြေလမ်းလျှောက်ရင်းနဲ့ သစ်တိုသီးပင်အောက်ကိုရောက်သွားတယ်။ အသီးတွေများကြီးဘဲ။ တစ်ချို့တော့မမှည့်သေးဘူး။ မှည့်ပီးကြွေကျနေတဲ့အသီးတွေကစားလို့ရပီ။ မြက်ခင်းပေါ်ထိုင်ပီး အသီးတွေခွာစား တာ ဗိုက်က ကြီကြီ အော်တော့မှရပ်တော့တယ်။ အပင်ပေါ်ကအသီးတစ်လုံးခူးစားကြည့်တာ ချဉ်စုပ်.. အချဉ်ကြိုက် တဲ့ ကျွန်မတောင် ပါးကျိန်းတယ်။
သစ်တိုသီးကိုအခွံနွှာပြီး အထဲကအနှစ်တွေမပါ၊ အသားဖတ်တွေချည်းငပိချက် ချက်စားရင်ကောင်းသလို၊ ဒီကစားသောက်ဆိုင်တစ်ချို့မှာတော့ အုန်းနို့နဲ့ အချိုချက်ကြတယ်။ super market မှာလဲ အသီးရောင်းတဲ့ section မှာအချိန်မရွေးဝယ်လို့ရပါတယ်။ ကူးကူးက တော့အလကားရတဲ့အသီးမို့ မ၀ယ်စားပါဘူး. ကြွေကျနေတာကိုဘဲသွားကောက်စားပါတယ်။ ခြံထဲမှာ ကလေးလဲမရှိဘူး၊ အဲဒီအသီးကို တစ်ကူးတစ်က လာကောက်စားနေကြတဲ့သူလဲမရှိတာမို့..း)
Comments
  1. ခုမှ မန့်ရမဲ့နေရာတွေ့တယ်။ တစ်ခါမှ မစားဖူးလို့ သစ်တိုသီး လာစားသွားပါတယ်။
    ReplyDelete
  2. တခါမှမစားဖူးဘူး... နာမည်ကြားဘူးပေမဲ့ သစ်တော်သီးနဲ့မှားနေတယ်...
    ReplyDelete
  3. သစ်တိုသီးမစားဖူးဘူး။ ခုမှ ဓါတ်ပုံလေးကြည့်ပြီး စဉ်းစားနေရတယ် :)
    ReplyDelete
  4. ကူကူးးးးးးးးးးးးးးးးးးးးး
    သစ်တိုသီးမစားဖူးဘူး
    စားချင်လိုက်တာ
    ReplyDelete
  5. သစ်တိုသီးတစ်ခါမှမစားဖူးဘူး
    စားချင်လိုက်တာ အရမ်းဘဲ.
    ReplyDelete
  6. သစ်တို သီး ရော သစ်တိုသီး ငပိချက် ရော စားဖူးတယ်..
    ကြိုက်တယ်...ကူး ကိုင်ထားတာ လောက် တော့ မကြီးဘူး..သိပ်မစားနဲ့ ချမ်းပီးမယ်.
    ReplyDelete
  7. သစ်တိုသီးငပိချက်က သိပ်ကောင်းတယ်လို့ ကြားဖူးတယ်... သစ်တိုသီးကိုတော့ အပြင်မှာတစ်ခါမှ မစားဖူး မမြင်ဖူးပါ။
    ReplyDelete
  8. သစ်တိုသီး ငါးပိချက်တော့ စားဖူးဘူး ကူးကူးရေ။
    ReplyDelete
  9. သစ်တိုသီးငပိချက်ကို သတိရသွားပြီ
    ဒီမှာဝယ်လို့ မရဘူးကွယ်...။
    ReplyDelete
  10. အခုမျိုးရာသီမှာ
    သစ်တိုသီးကို ငစင်ရိုင်းနဲ့
    ဟင်းချက်ရင်ရှယ်ပဲဗျာ
    အိမ်ကိုတောင်လွမ်းလာပြီ...
    ReplyDelete
  11. သစ်တိုသီး...အသီးလေးတ္ဂေက လှတယ်နော်..
    ငပိချက်တော့ မြည်းစမ်းကြည့်ချင်မိပါရဲ့...
    ပျော်ပါစေ
    ReplyDelete
  12. တောင်ပေါ်နေတုန်းက မအယ်တို့ အိမ်မှာလည်း သစ်တိုသီးပင်ရှိတယ်။
    ချိုတယ်။ သူ့ ကို ငပိကျက်လည်းချက်တယ်။ သရက်သီးငပိကျက်လို အရသာလေး။
    တချိန်လုံးကြွေကျနေတာပဲ။ လိုက်သိမ်းရတာတောင် မောတယ်။
    မအယ်
    ReplyDelete
  13. သစ်တိုသီးကို english လိုသိချင်ပါတယ်ခင်ဗျုာ... :)
    ReplyDelete
  14. သစ်တိုသီး English လို Wild Mangosteen လို့လဲခေါ်ကြပါတယ်။
    ReplyDelete
  15. သစ်တိုသီးအရမ်းကြိုက်။ ကူးနေရာလေးကမိုက်တယ်ကွာ။
    ReplyDelete
Post a Comment
ကူးကူးရေ...
Popular posts from this blog
ခွေးအီးပုတ်သီး
နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...
Food Review: ပုရစ်ကြော်
ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...
ပဲပြုပ် Sprouted Yellow Pea
နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4