Skip to main content

ဗယာကြော် ပူပူလေး

ရန်ကုန်လမ်းဘေးမှာ ကုလားအကိုကြီး/ဦးလေးကြီးတွေ စင်လေးနဲ့ အိုးလေးနဲ့ကြော်ရောင်းတဲ့ ဗယာကြော်မွစိ လေးတွေနဲ့ ပါပရာကြော်၊ ဆမူဆာပိစိ ကြော်လေးတွေအမြဲဝယ်ဝယ်စားခဲ့ဖူးတယ်။ သူတို့ကြော်နေတဲ့ ဆီတွေ ဘယ်နှစ်ရက်လောက်ပြန်ကြော်လဲ လဲစိတ်မ၀င်စားခဲ့သလို အချဉ်ရေကိုရေသန့်ဗူးကြီးနဲ့ထည့်ပီး ထားတာကို လဲ အားရပါးရတောင်းပီး စားခဲ့သေးတယ်။ အကြော်ဆိုတာအချဉ်ရေလေးနဲ့မှ စားလို့ကောင်းတာကိုး။ ကိုယ်တိုင် တော့ အဖြစ်ရှိအောင်မကြော်တတ်ပေမယ့် အကြော်သည်ဘေးမှာထိုင်ပီး သူတို့ကြော်တာကြည့်တော့လွယ် မလိုလိုဘဲ၊ ကိုယ်တိုင်ကြော်မှ တူးတဲ့ဟာကတူး၊ မကျက်တဲ့ဟာနဲ့ ဆီပေါက်လို့ထွက်ပြေးတာနဲ့ အမျိုးမျိုးကိုဖြစ်နေ တာ။ ဒီတစ်ခါတော့ အဆင်သင့်အထုပ်လေးနဲ့ အဆင်ပြေအောင် ကြော်လိုက်ပါတယ်။
ပဲဗယာကြော်လေးလုပ်စားဖို့အတွက်ဝယ်ထားတဲ့မွှေးဘယာကြော်အမှုန့်ထုပ်ကိုဖောက်၊ရေထည့်ပီးဇွန်းနဲ့သမအောင်မွှေပီး၊ ရေထဲမှာဘဲ(၁) နာရီလောက်နှပ်ထားလိုက်တဲ့အခါ ဘယာကြော်ပဲမှုန့်တွေလဲပွလာပီး အဆင်သင့်ဖြစ်လာပီ ဆိုရင်တော ပျဉ်းတော်သိမ်ရွက်အခြောက်( အခြောက်ဘဲရှိလို့ပါ) ကိုညက်အောင်ထောင်းထည့်ပါတယ်။ ဂျင်းလဲနဲနဲ ထောင်းထည့်ပါသေးတယ်။ အမှုန့်က ရယ်ဒီမိတ်ဆိုပေမယ့်ဂျင်းပါမပါမသိလို့ပါ။ ပြီးရင်တော့ဆားလေးအနေတော် ထည့်မွှေပီးဇွန်းလေးနဲ့ခပ်၊ ဆီထဲထည့်ကြော်ရုံပါဘဲ။ လွယ်တယ်နော်၊ ရယ်ဒီမိတ်သုံးတော့အဲကလို..အဲကလို..
ကုလားပဲရှိတယ်ဆိုရင်လဲလုပ်ဖို့မခက်ပါဘူးနော်
ကျွန်မအရင်အဆောင်မှာနေတုန်းကအမကြီးတစ်ယောက်ဆိုအမြဲလုပ်ကျွေးတော့ သူလုပ်တာကြည့်ထားတာ၊ ပဲကိုရေတစ်ညစိမ်၊ နောက်နေ့ငရုတ်ဆုံမှာ ညက်အောင်ထောင်း၊့ ဂျင်း၊ ဆား၊ ပျဉ်းတော် သိမ်အရွက်ထည့်ပြီးထောင်း၊ ပီးရင်လက်နဲ့ ဆုပ်လုံးပီးကြော်လိုက်တာဘဲ.. ပြောတာတော့လွယ်ပါတယ်။ ပဲထောင်း ရတာမသက်သာလှပါဘူး။း)
အချဉ်ရေအတွက်တော့လွယ်လွယ်နဲ့အဆင်ပြေမယ့်
သံပုရာသီး (၁)လုံး
ကြက်သွန်ဖြူတောက်တောက်စင်း
ဆား
ငရုတ်သီးစိမ်းအကွင်းလိုက်လှီး.. အားလုံးရောလိုက်ရင် ဘယာကြော်လေးနဲ့တွဲစားဖို့အဆင်သင့်ဖြစ်ပီလေ..

ပူတီနံရွက်ကဘယ်ကရောက်လာလဲဆိုတော့ ခြံထွက်လို့ပြောရအောင်ခြံလဲမရှိဘူး၊ ပန်းအိုးထဲထည့်စိုက်ထားတဲ့ ပန်းအိုးထွက် ပါ။ ငရုတ်သီးလဲ အတူတူဘဲ.. ရောစိုက်ထားတာ..

Comments

  1. လုပ်စားကြည့်ချင်တယ်... ဘာပဲနဲ့လုပ်တာလဲ... ကုလားပဲလား?

    ReplyDelete
  2. အစားအသောက်မီးလိုတောက်တဲ့သူဆိုတော့ ရှေ့ဆုံးက ဗယာကြော်အားကြီးကြိုက် ကိုယ်တိုင်တော့ကြော်စားဖူးဘူး သုတ်စားလည်းကြိုက်တယ် ဒီတိုင်းစားလည်းကြိုက်တယ် အကြော်ထဲမှာ ဗယာကြော်အကြိုက်ဆုံး ဗူးသီးကြော်အမုန်းဆုံး မမကူးနှိုက်စားသွားတယ်နော် ကျေးဇူး :)

    ReplyDelete
  3. ဒီမှာတော့ ready made အမှုန့်နဲ့ဘဲကြော်လိုက်တယ်။ ငရုတ်သီး၊ပူစီနံလေးရယ်နဲ့လိုက်တယ်နော်

    ReplyDelete
  4. ဗယာကြော်ပူပူလေးလာစားသွားတယ်
    အရမ်းကောင်းတာပဲ။

    ReplyDelete
  5. ဗယာကြော် အရမ်းကြိုက်တာ။။များကြီး များကြီး စားသွားတယ်။။။။ငရုတ်သီးပင် ပူတီနံပင်တွေ စိုက်တယ်ဆို။။။မျိုးစေ့တွေ ဘယ်မှာ ၀ယ်တာလဲဟင်။ တို့လဲ စိုက်ချင်တယ်။

    ReplyDelete
  6. ကောင်းလိုက်တဲ. ဘယာကြော် ...
    ရှယ်ဘဲ ... ဘယာကြော် ပူပူလေးဆိုတော.
    လမ်းဘေးမှာ အော်ရောင်းတဲ. ကုလားကြီး
    ပြေးမြင်မိတာ ဟီးးးးးးးးးးးးးး

    ReplyDelete
  7. စန္ဒကူးရဲ့ ဘယာကြော်က စားချင်စရာလေး။
    အကြော်ဆို အကုန်ကြိုက်တယ်။
    ငယ်ငယ်ကဆို ထမင်းပူပူနဲ့ အကြော်နဲ့ အချဉ်နဲ့ စားတာ။
    လမ်းဘေးက ဘယာကြော် ကုလားကြီးဆီကလဲ စားတာပဲ။
    သန့်လား မသန့်လား ကြည့်မနေပါဘူး။ သူတို့ကြော်တာ ပိုအရသာရှိတယ်တောင် ထင်သေး။ :)

    ReplyDelete
  8. ရုတ်သီးတွေက စပ်မယ့်ပုံပဲ။ ဗယာကြော် ပူပူလေး နဲ့ ရေနွေးကြမ်းလေးနဲ့ ကောင်းလိုက်တာဗျို့။ ရေနွေးကြမ်းတော့ အိမ်က သယ်လာရတာပေါ့လေ။

    ReplyDelete
  9. အာရေ့...အမကြီး
    ဘရာကြော် ၁၀ ဖိုးလောက်ပေးပါဦး
း)

    ReplyDelete
  10. ချစ်ကူးကူးရေ

    အင်မတန်ကြိုက် အသေအလဲကြိုက် ဗယာကြော်ကို။ ဒါမယ့်ကုလားမကြိုက်ဘူးနော်

    အဟီးးးးးးး

    ပန်းကန်လိုက်မသွားတယ်နော်

    ဒီလောက်ချစ်တဲ့
    အိတ်လေး

    ReplyDelete
  11. ကိုယ်ကြားဖူးတာ တခုပါ။ အိန္ဒိယ ဘယာကြော်ကို ငရုတ်သီး အိန္ဒိယအော် နဲ့ တွဲရောင်းတဲ့ အိန္ဒိယကြီးတစ်ယောက် သရက်သီး အိန္ဒိယတည်တွေစားပြီး ပက်လက် အိန္ဒိယထိုင်ပေါ်မှာ အိန္ဒိယသေ အိန္ဒိယမော အိပ်ပျော်နေတယ်တဲ့။

    ဟားဟား ဘာမှတော့ မဆိုင်ပါဘူး။ ရီရတာလေး ပြောပြတာ။

    ဗမာပြည်မှာတုန်းကတော့ ကုလားပဲ ဘယာကြော်ထက် မတ်ပဲဘယာကြော်ကို ပိုကြိုက်တယ်။ ခုတော့ ငတ်နေလို့လား မသိဘူး။ ဘာမြင်မြင် စားချင်နေတော့တာ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။