Skip to main content

အချဉ်ကဲမဲ့ချဉ်ပေါင်ငပိချက်

အချဉ်ကြိုက်တတ်တဲ့သူတွေအတွက်ကတော့အချဉ်ကိုမပါရင်ထမင်းမမြိန်တာအမှန်ပါ။ဒီနေ့တော့ချဉ်ပေါင်ငပိချက် လေးအကြောင်းရေးပါမယ်။ချဉ်ပေါင်ရွက်မရှိတဲ့နေရာမို့ကျွန်မချဉ်ပေါင်ပင်လေးတွေနောက်ကပန်းခြံထဲမှာပျိုးထားတာ (၃)ပင်ဘဲအသက်ရှင်ကျန်ရစ်ပါတယ်။အဲဒီအပင်လေးတွေကတော့တော်တော်သန်တယ်။အညွန့်အရွက်တွေခူးလဲ ဟင်းတစ်ခွက်စာရတာမို့ မညီမညာပေါက်နေပေမယ့်မနုတ်ရက်သေးဘူး။
၁။ ချဉ်ပေါင်ရွက်လက်တစ်ဆုပ်စာလေးကိုပိုချဉ်သွားအောင်အရင်ကျိုလိုက်ပါတယ်။ ချဉ်ပေါင်ကျိုတာကိုတော့အားလုံး သိကြမှာပါ။ ရေလေးနဲနဲနဲ့နွမ်းရိသွားအောင်ကျိုပီးခပ်ထားလိုက်ပါ။
၂။ ပီးရင်တော့ကြက်သွန်ဖြူနီ၊ ဂျင်းနဲနဲ ကို အရောင် တင်ပြင်းပြင်းနဲ့ဆီသပ်လိုက်ပါတယ်။
၃။ ခရမ်းချဉ်သီးတစ်လုံးကိုတောက်တောက်စင်းပီးဆီသတ်ထားတဲ့အိုးထဲကိုထည့် လိုက်ပါ။
၎။ ပြီးတာနဲ့ ငံပြာရည်နဲနဲထည့်၊ စိမ်းစားငပိတစ်ဇွန်းထည့်၊ အားလုံးနွမ်းသွားပီးမွှေးကြိုင်နေပီဆိုရင်တော့
၅။ ကျို ထားတဲ့ချဉ်ပေါင် ကိုပါထည့်လိုက်ပီး ဆီပြန်အောင်ချက်ပါ။ အစပ်အတွက် အာဝါးသီးတစ်လုံးအပိုပါပါတယ်။ အားလုံးအချဉ်ကဲတဲ့ ချဉ်ပေါင်ငပိချက်လေးနဲ့ထမင်းမြိန်ကြပါစေ...

Comments

  1. ချဉ်ပေါင်ရွက်က ကိုယ်တိုင်စိုက်တာဆိုတော့ စားချင်တဲ့အချိန်စားလို့ လွယ်တာပေါ့။ ထမင်းမြိန်တယ်နော်.ငါးကြော်လေးနဲ့ဆို လိုက်မှာဘဲ

    ReplyDelete
  2. ချဉ်ပေါင်စိုက်ထားတယ်ဆိုလို့ အားကျတယ်ကွာ။ ချဉ်ပေါင်ကိုအဲလို ခြောက်နေအောင် မကြော်တတ်ဘူး။ အရမ်းစားကောင်းမှာပဲ။ ဒီနေ့တော့ ထမင်းများများကုန်မယ်ထင်တယ်။ စိမ်းစားငပိလေးနဲ့ဆိုတော့ ပိုကောင်းမှာ။ ဒီမှာ သူများတွေကို အားနာလို့ ငပိမချက်ရဲဘူး။ အိမ်ကပို့လိုက်တဲ့ ငပိဘူးက မြင်သာမြင် မကြင်ရ ဖြစ်နေတယ်။

    ReplyDelete
  3. အချဉ်ကဲမဲ့ ချဉ်ပေါင်ငါးပိချက်လို့ ခေါင်းစဉ်မြင်သာနဲ့တင် တံတွေးအရင်မျိုချရတယ်။ အာဝါးသီးကော စိုက်ထားတာလား ကူးကူးးး။

    ReplyDelete
  4. ငါးပိချက်ဆို အကုန်ကြိုက်တယ်။
    ထမင်းပူပူလေးနဲ့ စားလိုက်ရရင် အရမ်းကောင်းမှာဘဲနော်။

း)

    ReplyDelete
  5. ဟင်းကြည်.ပြီး ပါးစပ်တွေ ကျိန်းလာပြီ ကူးကူးရေ
    စားချင်လိုက်တာဗျာ တခွက်လောက်ပို.ပေးပါလား :)

    ReplyDelete
  6. ကူးးးးးးးးးးးးးးးးးးးးးးးးးးးးစ်

    ငရုပ်သီးလေးစားချင်တယ်
    ရုံလေးတို့ ဆီမှာလဲလေ ရတယ်အဲ့ငရုပ်သီးလေ
    ချဉ်ပေါင်ချဉ်၂လေးကျွေးပါ

    မြူးလေး

    ReplyDelete
  7. အစ်မက ဟင်းတော်တော် ချက်တတ်တာဘဲ ... စားကောင်းမဲ့ပုံလေးဘဲ နောက်မှချက်စားကြည့်ဦးမယ် :)

    SuKyaw

    ReplyDelete

Post a Comment

ကူးကူးရေ...