အိမ်မပြန်ခင်ခွင့်ရက်ရှည်အတွက်အလုပ်ကိစ္စတွေတစ်ယောက်ကိုလွှဲထားဖို့နဲ့ စီစဉ်စရာတွေကြောင့် အိပ်ရေးပျက်တာလဲများနေပါပီ။ ဒီနေ့တော့မနက်နှိုးစက်မြည်သံကြောင့်ကမန်းကတန်းကုန်းရုန်း ထပြီး လိုအပ်တာတွေပြင်ဆင် လာခေါ်မယ့်ကားကိုအဆင်သင့်စောင့်လိုက်ပါတယ်။ ကျွန်မပတ်စပို့က သံရုံးမှာဘဲရှိသေးတယ်။ လေယဉ်ကွင်းဆင်းရင်းတစ်ခါတည်းသွားယူမယ်ဆိုပီး ထွက်သွားပါတယ်။ ရုံးချိန် ကားကျပ်တာနဲ့ ကားပေါ်မှာ အိပ်ပျော်သွားသေးတယ်၊ နှစ်နာရီလောက်ကြာ တော့ ကားမောင်းတဲ ဦးလေးကပြောတယ်သံရုံးရောက်ပီတဲ့… ကျွန်မလဲ အပြေးတက်သွားပီး ၈ ထပ်မြောက်မှာ ပတ်စပို့သွားယူလိုက်တယ်.. ခရီးစဉ်ကတော့ ချောချောမောမောပါဘဲ.. Exit clearance ကအရင်ကထက်ပိုများလာတာရယ်၊ ဘောလ်ပန်တွေ သေချာထည့်ထားရဲ့ အသိမ်းလွန်ပီး ပျောက်နေတာကြောင့်သူများဆီ လိုက်ဌားရတာတစ်ခုရယ်၊ window seat မရတာရယ်လေးတော့ စိတ်ဘ၀င် မကျတာရှိတာပေါ့။ လေယဉ်ပေါ်တစ်ခုန်ကျော်က လူကို white card ဖြည့်ဖို့ ဘောလ်ပန်လှမ်း ဌားတော့ ထုတ်ပေးပါတယ်။ သူ့ဘောပန်က ဘောဆံဘဲပါတယ်၊ အခွံမပါဘူး။ ရီချင်လိုက်တာ ပြောမနေနဲ့ အလယ်ခုံက ခရီးသည်မရှိဘူး.. meal request လုပ်တာ ဟိုဟာမစား၊ဒီဟာမစားဘူးပြောတာနဲ့ travel agent က vegetarian လို့ထည့်လိုက်တယ်ထ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။