ဒီနေ့နေ့လည်စာကိုလုပ်ဖော်ကိုင်ဖက် စာရင်းစစ်များနဲ့အတူအရင်တစ်ခါကျွန်မသွားခဲ့တဲ့တောင်ပေါ် ဖက်ကိုတက်သွားပြီးချိုင့်ဝှမ်းထဲမှာကြံကြံဖန်ဖန်လုပ်ထားတဲ့စားသောက်ဆိုင်ကိုရောက်သွားခဲ့ရပြန် ပါတယ်။ အဲဒီဆိုင်က ပန်းခြံထဲမှာ..ချက်တဲ့အရွက်တွေကအနောက်ကဥယျာဉ်ထဲမှာ..မြက်လေး တွေအလေ့ကျပေါက်နေတယ်...ဆိုင်ထဲကအခင်းကျင်းကတော့ပန်းပင်အစစ်တွေ၊အုန်းအလှပင် လေးတွေနဲ့အပြင်ကစိမ်းစိုနေတဲ့ပန်းခြံ/စိုက်ခင်းကိုမှန်တွေနဲ့ဘဲကာထားလို့လှမ်းမြင်နေရတယ်။ ကဗျာဆန်တယ်လို့ပြောရမလား။ ဆိုင်ကိုဝင်ဝင်ခြင်းလမ်းကလေးနဲ့ဆိုင်ထဲကိုလှမ်းမြင်ရတဲ့အနေထား.. ဒါကတော့ဆိုင်အ၀င်ဝ ပထမတံခါး တံခါးကျော်ပြီးနောက်တစ်ဆင့်..ပန်းခြောက်တွေကပ်ထားတာမဟုတ်ဘူးနော်.အစစ်တွေ ဆိုင်အတွင်းအပြင်အဆင် ခေါင်မိုးမှာအလှဆင်ချိတ်ဆွဲထားတဲ့အပင်အစစ် အပြင်ဘက်ကနေကြာတွေများကြီးပွင့်နေတာ..ဒီတစ်ခုကပျားလေးပါလို့ရိုက်လာခဲ့တယ်။ မြက်တွေစားရမယ်လို့ controller ကပြောတော့ကျွန်မနောက်နေတယ်ထင တာ။ တစ်ကယ်ရောက်လာမှ တစ်ကယ့်မြက်တွေဟ...မြက်ပင်တွေရော ဆလတ်ပင်တွေ ရောထားတာ..ရေဆာလို့ဖျော်ရည်သောက်မယ်လုပ်တော့ခွက်ထဲမှာအရွက်ခြောက်တစ်ဖက်တွေ့ လို့အမှိုက်ထင်ပြီးအပြင်ထုတ်လိုက်တယ်..နောက်တော့မှတစ်ခြားသူတွေခွက်ထဲမှာလဲမြက်ခြော...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။