Skip to main content

နှုတ်ဆက်ပါတယ်

ကျွန်မအသက်တာမှာမမေ့နိုင်တော့အောင်သံယောဇဉ်တွယ်ခဲ့ရတဲ့သူနှစ်ယောကိုဒီနေ့ကနေစပြီး
messanger တွေထဲကနေအကုန်block လုပ်လိုက်ပါပြီ။ ကျွန်မအရင်ကပြောခဲ့သလိုဘဲပေါတော
တောကျွန်မကတော်ရုံသူများကိုစိတ်မနာတတ်ပါဘူး။ကိုယ့်ကိုမကောင်းပြောအမျိုးမျိုးဆဲဆိုပြီး
မကြားဝံ့သာစကားတွေနဲ့ထိုးနှက်သူကိုတောင်ရူးကြောင်ကြောင်နဲ့အတင်းပြန်ခေါ်တတ်ပါတယ်။
တစ်ခါတစ်လေကြရင်လူတွေကအခွင့်ရေးယူတယ်။စကားနဲ့အနိုင်ပိုင်းချင်တယ်။ကျွန်မအခုလက်
ရှိဘ၀မှာဘယ်လိုနေထိုင်နေရလဲ၊ဘာတွေဖြစ်နေလဲဆိုတာထက်ကိုယ့်ကောင်းတာကိုယ်ဖော်
မသူတော်လုပ်တတ်ကြတယ်။ကျွန်မနေမကောင်းဘူး၊အနီးကပ်သူတွေသိတယ်။မိသားစုတွေ
သိတယ်။ဒါတောင်အထင်လွဲပြီးနေမကောင်းတာအကြောင်းပြပြီးအခွင့်ရေးယူတယ်ဆိုတာပြော
တယ်။ရှင်းရှင်းပြောရမယ်ဆိုအခွင့်ရေးယူရအောင်ကျွန်မသူတို့ဆီကဂ့ရုစိုက်မှုကလွဲပြီး၊ကျမ်းမာ
ရေးဂရုစိုက်၊စကားတွေကလွဲပြီးဘာဆိုဘာမှရခဲ့တာမဟုတ်ပါဘူး။ကိုယ့်လမ်းကိုကျောင်းကိုယ့်
ဘ၀ကိုယ်ရေးနေရတာ..ထမ်းထားတဲ့ဝန်တွေကိုဘယ်သူမှမမြင်ဘူး။အပြစ်တင်ကြတယ်။ကောင်း
ပါပြီ။ ကျွန်မလုံးဝမေ့ပစ်လိုက်ပါပြီး။
နောက်တစ်ယောက်..ကျွန်မကိုအရမ်းခင်ပါတယ်။ဂရုစိုက်ပါတယ်၊အမှန်ကတော့ဟန်ဆောင်လိမ်
လည်နေတာပါ....ကျွန်မကထုံးစံအတိုင်းဖုန်းဆက်တယ်...အလုပ်များတာကိုအကြောင်းပြတယ်။
ကြာလာတော့ကျွန်မနားလည်သင့်သလောက်နားလည်ပြီးနောက်ပိုင်းမှာကျွန်မဘ၀ထဲမှာမထား
သင့်တော့တဲ့အတွက်လုံးဝမေ့ပစ်လိုက်ပါပြီ....
အရမ်းခင်တွယ်တာတတ်တဲ့ကျွန်မ လူတွေကိုမေ့ပစ်ရတာလွယ်တယ်လို့မထင်ပါနဲ့...
ကျွန်မလဲအရမ်းကိုခံစားရပါတယ်။ဒါပေမယ့်ဘ၀ဆိုတာဒါပါဘဲလေ...
ကျွန်မမှာရည်မှန်းချက်မရှိဘူး..တစ်ရက်တစ်ရက်ဘယ်လိုဖြတ်သန်းရမလဲဆိုတာကိုဘဲစဉ်းစား
တယ်။ အသက်ရှင်တာဖြစ်စေသေတာဖြစ်စေဘ၀မှာဘာမှမထူးပါဘူး။တစ်ခါတစ်လေခံစားရ
တာပြင်းထန်လွန်းတော့ကျွန်မမနေချင်တော့တာအမှန်ပါ..ဘယ်လိုလုပ်ရင်သက်သာမယ်ဆို
တာသိပေမယ့်လုပ်နိုင်လောက်တဲ့အင်အားအနေထားမရှိတဲ့ဘ၀မှာသူငယ်ချင်းတွေနားလည်
အားပေးတဲ့စကားတွေကသာကျွန်မအတွက်အသက်ဆက်ရှင်ဖို့အားအင်တစ်ခုပါ။

Comments

  1. ညီမလေးကူးကူးရေ့ 
    ဒီပို့စ်လေးကို ဖတ်ပြီး မမ စိတ်မကောင်းဖြစ်မိပါတယ်။
    ဒါပေမယ့် လူချင်းတူပေမယ့် စိတ်ဓာတ်ချင်း မတူတာတွေ ဒုနဲ့ဒေးပါ။ အဲ့ဒီအတွက် စိတ်မကောင်းမဖြစ်ပါနဲ့။
    ရှေ့ခရီးလမ်းမှာ အားလုံးအဆင်ပြေချောမွေ့ပါစေနော်။

    ReplyDelete
  2. ကူကူး ရေ
    လောကမှာဒါဝင်သီအိုရီအရ
    အသင့်လျှော်အမှန်ကန်ဆုံးသူသာ
    အသက်ရှင်ကျန်ရစ်ပါတယ် စိတ်ညစ်တာ ဒီပရက်ရှင်ရတာ အဲတာတွေကိုလွန်မြောက်အောင်ကျော်လွန်နိုင်မှ အောင်မြင်တဲ့ ပန်းတိုင်တစ်ခုမလွဲမသွေဧကန်ရှိမှာပါ
    သိပ်ခံစားရတာတွေရင်ထဲမထားနဲ့ဘာလုပ်မလဲ ခံစားချက်မဲ့ သာနေ

    ဥဥ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4