SWEET DECEMBER!!!!! အေးမြချိုမြိန်တဲ့နေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ... ဒီချိန်ရောက်ပီဆိုမှတ်မှတ်ရရရန်ကုန်မှာနေတုန်းကဘုရားကျောင်းကကျွန်မတို့လူငယ်တွေ ရှိသမျှမုန့်ဖိုးလေးတွေစု၊ ကြက်သားဆန်ပြုတ်ကိုအိုးကြီးကြီးနဲ့ပြုပ်၊ ကားပေါ်တင်ပြီး မရှိဆင်း ရဲသားတွေအိမ်မှာ သီချင်းသွားဆို၊ ပြီးတော့မိသားစုအရေတွက်နဲ့ဆန်ပြုတ်တွေဝေ။ အရမ်း ပျော်ဖို့ကောင်းတာဘဲ။ အိပ်ရမှန်းတောင်မသိဘူး။ Sweet December လို့ရေးထားပြီးပုံလေး တွေအလှဆင်ထားတဲ့စာရွက်ကြီးတွေကိုလဲအိမ်ရှင်တွေမသိအောင်လိုက်ကပ်ထားခဲ့သေး တယ်။ ခရစ္စမတ်ရောက်ပီဆိုရင်၊ ခရစ်ယာန်တွေရော၊ မဟုတ်တဲ့သူတွေပါသီချင်းလိုက်ဆို တာအလေ့ထလိုဖြစ်လာပီးနောက်ပိုင်းမှာသီချင်းလိုက်ဆိုရင်ပိုက်ဆံရတယ်ဆိုတဲ့အတွေး နဲ့ဘာအတွက်၊ ညာအတွက်ဆိုပြီးသီချင်းလိုက်ဆိုပါတော့တယ်။ ဒီနေရာမှာတော်တောလွဲ နေတယ်လို့ကျွန်မခံစားရတဲ့အတွက်သူများသီချင်းလာဆိုရင်ပိုက်ဆံထည့်ပေးလိုက်တာ ကလွဲလို့ခရစ္စမတ်မရသာကပျောက်ပျက်နေတာကြာပါပီ။ကျွန်မလဲငယ်ငယ်ကအရမ်းပျော် တာ၊သီချင်းလာဆိုရင်သီချင်းသံကြားတာနဲ့အလိုလိုစိတ်ချမ်းသာတာ၊နောက်ပိုင်းတော့ထုံး စံအတိုင်းလုပ်စားတွေများလာတော့သိပ်တော့ခံစားချက်မရှိတော့ပါဘူး။ တစ်ကယ်တော့ ခရစ်ယာန်တွေသီချင်းလိုက်ဆို...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။