Skip to main content

ခရစ္စမတ်အငွေ့သက်များ

ဒီလိုချိန်ရောက်ပြီိဆိုရင်Mall တိုင်းကခရစ္စမတ်ပစ္စည်းတွေရောင်းတဲ့နေရာမှာလူတွေဝိုင်း
အုံနေကြပီ။ ဒီချိန်ရောက်ပီဆို ခရစ်ယာန်သာမကအခြားဘာသာဝင်တွေလဲအိမ်မှအလှ
ဆင်ဖို့ဖြစ်ဖြစ်၊ ပါတီပွဲကျင်းပဖို့ဖြစ်ဖြစ်ပြင်ဆင်နေကြတာကိုတွေ့ရတယ်။ ကျွန်မလဲရုံးက
အမကြီးဝယ်ထားတဲ့ပစ္စည်းလေးတစ်ချို့နဲ့ကျွန်မရုံးခန်းကိုအလှဆင်ထားလိုက်တယ်။ ဒီ
နောက် ၁၀ရက်ကျော်ရင်ကျွန်မခရီးထွက်တော့မှာမို့ကျွန်မမရှိတဲ့အချိန်မှာသူငယ်ချင်း
တွေချောင်းကြည့်လို့ရအောင်ပါ။း) သကြားလုံးလေးတွေနဲ့ချောကလက်လေးတွေလဲ
စားပွဲမှာချထားပေးလိုက်တယ်။ ခရစ္စမတ်သစ်ပင်လေးတွေမီးလုံးလေးတွေနဲ့အရမ်းလှ
တာဘဲ။ ကျွန်မလဲတစ်ခုဝယ်ဖို့အစီစဉ်ရှိတယ်၊ ဒါပေမယ့်တစ်ယောက်တည်းနေတဲ့အိမ်
ကြီးမှာအဲဒါထားတော့လဲဘယ်သူမှလာကြည့်မှာမှမဟုတ်တာနော်။ အရင်ကခရစ္စမတ်
သစ်ပင်တွေကအစိမ်းရောင်သာရှိပေမယ့်အခုနောက်ပိုင်းမှာတော့အဖြူရောင်၊အ၀ါ
ရောင်၊ရွှေရောင်၊ အနီရောင်အစုံဘဲ။ ခရစ္စမတ်အရသာအတွက်ကျွန်မကတော့ထင်းရှုး
ပင်နဲ့တူတဲ့အကိုင်းအခက်တွေမွှားမွှားနဲ့အစိမ်းရောင်အပင်ကိုအကြိုက်ဆုံးဘဲ။ ဒီမှာ
တော့ကျွန်မသူငယ်ချင်း tzo neo counter တစ်ကူးတစ်ကမနက်စောစောနဲ့ညပိုင်းမှာ
ရိုက်ထားတဲ့ဒီနှစ်ခရစ္စမတ်သစ်ပင်ပုံကြီးကိုတင်ပေးလိုက်ပါတယ်။



ဒါကတော့ရုံးက reception နေရာမှအလှဆင်ထားတာပါ၊ ကျွန်မရုံးခန်းနဲ့နီးတဲ့ဝင်ပေါက်
ကသာဝင်လေ့ရှိတာမို့ reception ကိုတစ်ခါတစ်လေစာသွားယူတဲ့အချိန်ကလွဲလို့မရောက်
ဖြစ်ဘူး။ ဒီနေ့တော့ခရစ္စမတ်သစ်ပင်ပုံရတာနဲ့သတိရပြီးအောက်ကိုဆင်းဓာတ်ပုံသွားရိုက်လာ
ခဲ့တယ်။ အဲဒီသစ်ပင်ကအမြင့်ကြီးဘဲ၊ ဆင်တဲ့သူတွေကိုချီးကျူးရမယ်။ ရုံးမှာသန့်ရှင်းရေးလုပ်
တဲ့အမကြီးတွေနဲ့အကိုကြီးတွေက ကျကျနနကိုသေချာဆင်ထားတာ။







ဒီနေ့တော့ခရစ္စမတ်သစ်ပင်နဲ့အလှဆင်ခြင်းကိုဒီလောက်နဲ့ဘဲရပ်ထားလိုက်အုံးမယ်။
ပွဲတွေကျင်းပတာတို့၊ မရှိဆင်းရဲသားတွေကိုအစားစာနဲ့အ၀တ်စားတွေဝေတာတို့
လက်ဆောင်လေးတွေပေးတာတို့နောက်မှဆက်ရေးတော့မယ်။ တစ်နှစ်ပတ်လုံး
စုထားတဲ့လက်ဆောင်လေးတွေ၊အ၀တ်စားလေးတွေကိုခရစ္စမတ်ရောက်တာနဲ့
ဆင်းရဲသားတွေအိမ်မှာတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ဝေရတာပျော်စရာအ
ကောင်းဆုံးအချိန်ပါ။

Comments

  1. 11 Nov 08, 11:07
    kom: ဖတ်သွား ကြည့်သွားသဘောကျသွားပါသည်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။