Skip to main content

Miss Earth -2008

ဒီနေ့ညတော့ Miss Earth 2008 ပြိုင်ပွဲကိုစိတ်ရှည်လက်ရှည်ထိုင်စောင့်ကြည့်ဖြစ်ပါတယ်။
ပြိုင်ပွဲနေရာကတော့ Papamga, clerk မှာပါ။ အားလုံးကချောလှကြတာချည်းပါဘဲ။
ကျွန်မတော့အာရှနိုင်ငံက contestant တွေကိုပိုသဘောကျတယ်။ ဘာလို့လဲဆိုတော့သူ
တို့ကအရပ်လေးသာပြောစရာရှိတာ တော်တော်ချောကြတာကိုး။ Miss Thailand, Miss
India, Miss Singapore, Miss Korea, Miss Japan, Miss Philippines, Miss Parkistan
အားလုံးဘဲတော်တော်ချောကြတယ်။ ကျန်တဲ့သူတွေကတော့အလှပြင်ရင်ချောတယ်။ ဒီတိုင်း
မပြင်မဆင်ရိုက်ထားတဲ့ပုံတွေရုပ်တွေကကြမ်းတယ်။ တော်တာတော့အားလုံးတော်ကြပါတယ်။
အစီစဉ်တင်ဆက်သူတွေကBrazil ကတစ်ယောက်နဲ့ ယောက်ျားလေးကတော့ philippines က
ပါဘဲ။ နောက်ဆုံးစကာတင်အဆင့်မှာကျန်တဲ့သူတွေထဲမှာ အာရှနိုင်ငံတွေထဲကMiss Korea နဲ့
miss Philippines ပါပေမယ့်၊ နောက်ဆုံး ၈ယောက်မြောက်မှာ Korea ပြုတ်ကျန်ခဲ့ပါတယ်။
အားလုံး Swim Suits နဲ့တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမယ့် koreaတော်တော်ကြီးပိန်
နေတယ်လို့ကျွန်မအမြင်ပေါ့။ နောက်ဆုံး ၄ယောက်မှာတော့Miss Tanzania,Maxico,Brazilနဲ့
Philippines ဘဲကျန်တော့တယ်။ မေးတဲ့မေးခွန်းကလဲ Obama နဲ့တွေ့ပြီးစကားပြောခွင့်ရှိမယ်
ဆိုရင် Miss Earth တစ်ယောက်အနေနဲ့ဘာပြောမလဲဆိုတာပါ။ ဖြစ်ချင်တော့ Philippines နဲ့
Tanzania (world highest paid model ဆိုဘဲ) ကလွဲလို့ကျန်တဲ့သူတွေ english စကားသိပ်
မပြောတတ်တော့.. ထစ်ထစ်အအနဲ့ဖြစ်နေတဲ့အချိန်မှာ Miss Philippines ကတော့ခရားရေ
လွှတ်သလိုအင်္ဂလိပ်လိုပြောတာမွတ်တာတစ်ကြောင်း၊ မေးတဲ့မေးခွန်းကိုထိထိရောက်ရောက်
နားလည်ပြန်ဖြေနိုင်တာကတစ်ကြောင်း၊ ချောလဲတော်တော်ချောတာကြောင့် Miss Earth
2008 ဆုကိုရရှိသွားပါတယ်။ ဘောပွဲတွေမှာလဲ အိမ်ကွင်း ရှိသလို.. ပြိုင်ပွဲတွေမှာလဲရှိတယ်
ထင်ပါတယ်။ Miss Tanzania စကားပြောဆိုတာတွေ၊ သူ့စတိုင်တွေကသူများထက်ထူးပြီး
ဆွဲဆောင်မှုတော်တော်ရှိတယ်။ အသားမဲတယ်ဆိုပေမယ့်တော်တော်ကြည့်လို့ကောင်းပါ
တယ်။ ဒါပေမယ့် မေးခွန်းဖြေတဲ့အခါ သူက africa အတွက်ပိုဦးစားပေးဖြေတဲ့အတွက်
Judge တွေအနေနဲ့အမှတ်လျော့ပေးလိုက်တာလဲဖြစ်နိုင်တယ်။ ပြိုင်ပွဲဆိုတာ အနိုင်ရသူ
တွေအတွက်ပျော်စရာ၊ ကြည့်နေတဲ့ပရိတ်သတ်တွေအတွက်ရင်ခုန်စရာဖြစ်ပေမယ့်၊ အနိုင်
ရသူတစ်ယောက်အတွက်အရှုံးနဲ့ရင်ဆိုင်နေရတဲ့သူတွေအတွက်တော့စိတ်မကောင်းဖြစ်မိ
တယ်။ ပုံလေးတွေတစ်ချို့တင်ပေးထားတယ်။ ဖုန်းနဲ့အမြန်ရိုက်ရလို့ quality တော့သိပ်မ
ကောင်းဘူး။
Miss Brazil

Miss Maxico

Miss Tazania

Miss Philippines (Miss Earth -2008)



ရှေ့ဆုံးကတစ်ယောက်ပေါ့။ သူက စီဗူးကျွန်းက cebu

Comments

  1. အာရှမျက်လုံးနဲ့ကြည့်လို့လားမသိဘူး...အာရှသူ၊ အထူးသဖြင့် အရှေ့တောင်အာရှသူတွေကိုပဲ အလှဆုံးလို့ထင်နေတယ်

    ReplyDelete
  2. ကူးကူးရေ..
    မအိပ်မနေ ထင်ရာ ထိုင်ပြောခဲ့တဲ့ပွဲပေါ့...
    ကမ္ဘာ့ဖလား ကိုရီးယားမှာကန်ပြီး ကိုရီးယားနိုင်တုန်းကလိုပေါ့..
    ဖီလစ်ပီနိုမပဲနိုင်မှာပါ..ဆို....ဟီးဟိ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။