Skip to main content

Sweet December! ဂျင်းသုတ်

SWEET DECEMBER!!!!!
အေးမြချိုမြိန်တဲ့နေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ...
ဒီချိန်ရောက်ပီဆိုမှတ်မှတ်ရရရန်ကုန်မှာနေတုန်းကဘုရားကျောင်းကကျွန်မတို့လူငယ်တွေ
ရှိသမျှမုန့်ဖိုးလေးတွေစု၊ ကြက်သားဆန်ပြုတ်ကိုအိုးကြီးကြီးနဲ့ပြုပ်၊ ကားပေါ်တင်ပြီး မရှိဆင်း
ရဲသားတွေအိမ်မှာ သီချင်းသွားဆို၊ ပြီးတော့မိသားစုအရေတွက်နဲ့ဆန်ပြုတ်တွေဝေ။ အရမ်း
ပျော်ဖို့ကောင်းတာဘဲ။ အိပ်ရမှန်းတောင်မသိဘူး။ Sweet December လို့ရေးထားပြီးပုံလေး
တွေအလှဆင်ထားတဲ့စာရွက်ကြီးတွေကိုလဲအိမ်ရှင်တွေမသိအောင်လိုက်ကပ်ထားခဲ့သေး
တယ်။ ခရစ္စမတ်ရောက်ပီဆိုရင်၊ ခရစ်ယာန်တွေရော၊ မဟုတ်တဲ့သူတွေပါသီချင်းလိုက်ဆို
တာအလေ့ထလိုဖြစ်လာပီးနောက်ပိုင်းမှာသီချင်းလိုက်ဆိုရင်ပိုက်ဆံရတယ်ဆိုတဲ့အတွေး
နဲ့ဘာအတွက်၊ ညာအတွက်ဆိုပြီးသီချင်းလိုက်ဆိုပါတော့တယ်။ ဒီနေရာမှာတော်တောလွဲ
နေတယ်လို့ကျွန်မခံစားရတဲ့အတွက်သူများသီချင်းလာဆိုရင်ပိုက်ဆံထည့်ပေးလိုက်တာ
ကလွဲလို့ခရစ္စမတ်မရသာကပျောက်ပျက်နေတာကြာပါပီ။ကျွန်မလဲငယ်ငယ်ကအရမ်းပျော်
တာ၊သီချင်းလာဆိုရင်သီချင်းသံကြားတာနဲ့အလိုလိုစိတ်ချမ်းသာတာ၊နောက်ပိုင်းတော့ထုံး
စံအတိုင်းလုပ်စားတွေများလာတော့သိပ်တော့ခံစားချက်မရှိတော့ပါဘူး။ တစ်ကယ်တော့
ခရစ်ယာန်တွေသီချင်းလိုက်ဆိုတာသူတို့အတွက်မဟုတ်မပါဘူး။ သူတို့သာအချိန်ကုန်ခံ
အသံကုန်ဟစ်ပီးတစ်ညလုံးလိုက်ဆိုဖို့အတွက်ပြင်ဆင်ဖို့ပေးရတဲ့အချိန်ကလဲမနည်းပါ
ဘူး။ ကျွန်မသိသလောက်တော့ ရတဲ့အလှူငွေတွေကိုခရစ္စမတ်ပွဲကျင်းပတဲ့နေ့မှာ ဆန်
တွေ၊စားစရာတွေ၊ ပိုက်ဆံတွေကိုညီတူညီမျှခွဲတန်းချပီးတော့လာသမျှမရှိဆင်းရဲသား
တွေအားလုံးကိုဝေမျှပေးတာပါ။ ကျွန်မတို့ဘုရားကျောင်းကဆရာကတော့သီချင်းလိုက်
မဆိုဖို့ဆုံးဖြတ်လိုက်ပီးတဲ့နောက်မှာဘုရားကျောင်းကအသင်းသူ/သားတွေကသီချင်း
လာမဆိုကြပါလားခဏခဏမေးလို့ကျွန်မတို့လူငယ်တွေစုပြီးသီချင်းလိုက်ဆိုကြပါ
တယ်။ ပိုက်ဆံပေးရင်လုံးဝမယူပါဘူး။ ၂၅ ရက်နေ့ဘုရားကျောင်းမှာခရစ္စမတ်အစီ
စဉ်လုပ်တဲ့အခါ သစ်ပင်ကြီးအောက်မှာအလှူငွေဗုံးရှိတယ်၊ အဲဒီမှာလာထည့်ပါလို့ဘဲ
ပြောခဲ့တယ်။ အဲဒီနှစ်ကကျွန်မအတွက်မြန်မာပြည်မှာရှိတဲ့နောက်ဆုံးနှစ်ပါဘဲ။ ခရစ္စ
မတ်သစ်ပင်ကြီးအောက်မှာပစ္စည်းတွေအလှူငွေတွေအများကြီးဘဲ။ ပတ်ဝန်းကျင်က
သူတွေသာမက၊ သာကေတ၊ ပုဇွန်တောင်၊ လေးထောင့်ကန်၊ သုံးခွ ကသူတွေပါလာ
ပြီးလက်ဆောင်လေးတွေစားသောက်စရာတွေလာယူကြတယ်။ ကြည့်ရတာစိတ်ချမ်း
သာသလိုကျွန်မတို့အိပ်ရေးပျက်အသံဝင်ပင်ပန်းခဲ့တာတွေဒီခဏအတွင်းဘဲမေ့သွား
ပါတော့တယ်။ မနေ့ညကကျောင်းမှာရှိတဲ့သူတွေသီချင်းလိုက်ဆိုအစားလိုက်ဝေပေး
ပေမယ့်ကျွန်မတော့မသွားပါဘူး။ ဒါပေမယ့်ရန်ကုန်မှာတုန်းကလူငယ်တစ်စုသီချင်း
ဆိုပြန်ရောက်ရင်မောမောနဲ့စကားထိုင်ပြောဂျင်းသုတ်ထိုင်စားကြတာကိုသတိရလို့
ကျွန်မဂျင်းသုတ်သုတ်ပြီးအိမ်နီးချင်းတွေကိုပါလိုက်ဝေလိုက်ပါတယ်။ စားတတ်မတတ်
တော့မသိဘူး။ ဘာဘဲဖြစ်ဖြစ်အမှတ်တစ်ရပေါ့။Sweet Decemberမှာဂျင်းသုတ်လေး
နဲ့။တစ်နေရာစီရောက်နေတဲ့သူငယ်ချင်းတွေကိုရုတ်တရက်ကြီးနင့်ကနဲသတိရမိတယ်။

Comments

  1. ဂေါ်ဖီရွက်တွေထည့်ထားတာလား...စားချင်စရာကြီး

    ReplyDelete
  2. အားရပါးရ စားသွား၏

    ReplyDelete
  3. တယ်မိုက်ပါလား ၀ါးကြောကတော့ ရှယ်ပဲ။ ညီမရေ SWEET DECEMBER ဖြစ်ပါစေဟာ။ နာကတော့ စာမေးပွဲနဲ့  အခြားအလုပ်တွေနဲ့ ပေါင်းပြီး SOUR DECEMBER ဖြစ်နေလေရဲ့။

    ReplyDelete
  4. I every time emailed this web site post page to all my contacts, since if
    like to read it next my friends will too.

    Look into my page; ranger forum

    ReplyDelete
  5. Hi friends, pleasant paragraph and pleasant urging commented here,
    I am in fact enjoying by these.

    My web page: ranger forum

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။