Skip to main content

မျက်လုံး (သို့) မျက်စိ နာခြင်း


ဒီရက်ပိုင်းမှာတော့မျက်စိနာနေတာနဲ့အစာစားချင်စိတ်ကိုမရှိပါဘူး။ မှတ်မှတ်ရရ အဲဒီနေ့
နေ့လည်ပိုင်းမှာကျွန်မကဒူးရင်းသီးကြိုက်တဲ့သူဆိုတော့စားမလားလို့မေးရင်မငြင်းဒါ ဒူးရင်း
သီးဘဲ။ ဗူးနဲ့ ၆မွှာလောက်ရှိမယ်ထည့်ပေးလိုက်တာနေ့လည်ပိုင်းစားရုံးပြန်သွားရင်ကိုယ်မှာ
အနံ့စွဲနေမှာစိုးလို့ညနေပြန်ရောက်မှထမင်းမစားဘဲအကုန်ထိုင်စားတယ်။ နောက်အင်တာ
နက်တစ်ခွင်လျှောက်လည်ရင်းနဲ့မျက်စိကအရမ်းပူတာနဲ့စတန့်ထွင်ပြီးသခွားသီးကိုပါးပါးလှီး
ခဲမလောက်အောင်ရေခဲသေတ္တာထဲထည့်ပြီးမျက်စိပေါ်ကပ်ထားရင်အိပ်ပျော်သွားတာမနက်
နိုးတော့မျက်လုံးတွေနီရဲနေတာ၊ သေချာပီပေါ့။ရုံးသွားသေးတယ်၊ ငြိမ်ငြိမ်မနေလူတစ်ကာ
ကိုယ် ဟေ့ငါ့ကိုမကြည့်နဲ့ကူးမယ် ဆိုပီးလိုက်ခြောက်နေသေးတယ်။ ကျွန်မသူငယ်ချင်း
ပင်ကီကတော့မကြောက်ဘူးအတင်းလာလက်ဖယ်ပြီးမကူးဘူးဆိုတာလာရှင်းပြနေသေး
တယ်၊သူ့ယောက်ျားမျက်စိနာတုန်းကတစ်ပတ်နီးပါးတစ်အိမ်ထည်းအတူနေတာမကူးတဲ့
အကြောင်း၊ ညီမလေးကတော့ပြောတယ်အိမ်ပြန်ပြီးမျက်လုံးအနားပေးအိပ်နေ၊ဘာမှမကြည့်
နဲ့တဲ့။ နေလို့ရမလားလေ။ အလုပ်တွေအပီးသတ်ရတော့မယ်၊ နောက်အပတ်ဆိုကျွန်မသွား
တော့မှာ၊ ဒီကြားထဲမှာလူမှုရေးအလုပ်တွေကလဲရှုပ်ရှက်ခတ်နေတာရူးခါနီးဘဲ။ အရေးထဲ
မှာ President's secretary က မွေ့နေ့ရှင်တွေအတွက် banner လုပ်ရင်ဘာ programသုံး
လဲလာမေးတာ၊ စိတ်ကများလွန်းတော့ skype လို့ဖြေလိုက်သေးတယ်။ နောက်မှအဲငါဘာ
ဖြေလိုက်ပါလိမ့်လို့ပြန်စဉ်းစားပြီးသူ့စားပွဲကိုပြေးပြီးမဟုတ်တဲ့အကြောင်းပြန်ပြောရတယ်။
ူသူငယ်ချင်းတစ်ယောက်ကနေ့လည်စာစားချိန်မှာမျက်စဉ်းဆေးသွားဝယ်ပေးတယ်။ အဲဒါ
ထည့်ထားပြီးတစ်ကယ်မျက်စိမနာတာလား၊ အပူကန်တာလားတော့မသိဘူး (မျက်စိနာ
ရင်တစ်ပတ်ကြာတယ်ပြောတာကိုး) ဒီနေ့တော့မနီတော့ဘူး။ englandကကျွန်မရဲ့ Prof
လဲဖြစ်၊ သူငယ်ချင်းလဲဖြစ်တဲ့သူကတော်တောစိတ်ပူရှာတယ်၊ နေ့တိုင်းလာလာမေးနေတာ၊ ဒီနေ့လဲလာမေးတော့ကျွန်မစိတ်ပေါက်ပေါက်နဲ့ still attractive လို့ဖြေလိုက်တော့အရူးတဲ့။
attractive လား/မလားဆိုတာကတော့ကိုယ်သာအသိဆုံး။ ငယ်ငယ်တုန်းကနို့ဗူးဘဲစို့ရတယ်။
မာမီကကျွန်မနို့တိုက်ရင်သူ့ကိုမော့မော့ကြည့်နေတဲ့မျက်လုံးကိုကြောက်လို့မတိုက်ဘူးတဲ့။
အခုထိပြောစမှတ်ဖြစ်တုန်း၊ ကျွန်မသောက်ခဲ့တဲ့နို့မှုန့်ဗူးတွေအများကြီး၊ အခုထိသိမ်းထားတုန်း၊
အခုလဲစာဖတ်သူတွေလန့်သွားအောင်မျက်လုံးပုံပါတင်ထားလိုက်တယ်။ ဟားဟား.
လူတစ်ကိုယ်လုံးမှာအစိတ်ပိုင်းတိုင်းအားလုံးကသူ့တာဝန်နဲ့သအရေးကြီးတာပါ။ အထူးသဖြင့် မျက်လုံးကအရေးကြီးဆုံးထင်တာဘဲ။ ကျန်တာတစ်ခုခုဖြစ်ရင်မျက်လုံးလေးနဲ့ လိုက်ကြည့်နေ
လို့ရသေးတယ်။ သူဖြစ်ရင်တော့တော်တော်ဆိုးတာ။ကျွန်မသွေးတက်လို့မျက်စိကသွေးကြော
လေးတွေပေါက်ပီးအနီကွက်မျိုးတော့ခဏခဏဖြစ်ဖူးပေမယ့်မျက်လုံးမနာဘူး၊ မအောင့်ဘူး။
ဒီတစ်ခါတော့နာလဲနာတယ်၊ အောင့်လဲအောင့်တယ်။အခုတော့သက်သာသွားပါပြီ၊ ဘုရား
ကျေးဇူးဘဲ။ စကားမစပ် မျက်လုံးနဲ့မျက်စိကိုခုထိမခွဲတတ်သေးဘူး..း(
Ps. ဒူးရင်းသီးစားတာအိမ်ကိုတိုင်ပြောသူငါ့ရန်သူ...

Comments

  1. kom: still attractive.. i am sure. guaranted.
    29 Nov 08, 22:11
    kom: မျက်စိနာတယ်သာဆိုတယ်. မနီပါလား။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။