Skip to main content

ပန်းကိုစားဖို့ကြံစည်နေခြင်း

အိမ်နောက်ဖေးမှာအပင်တစ်ပင်တွေ့တယ်၊ အဲဒီအပင်လေးက ရွှေပန်းငွေပန်းလိုအပင်လေးပါ။
မလေးရှားကအမကြီးတစ်ယောက်လာလည်တော့အဲဒီအပင်ရဲ့ပင်စည်ကိုဖြတ်၊ ဌက်ပျောအူခွာ
သလိုခွာပြီး တောက်တောက်စင်းပြီးရွှေဖရုံသီးနဲ့ချက်တာအရမ်းစားလို့ကောင်းတယ်။ဘာအပင်
လဲတော့ကျွန်မလဲမသိသေးဘူး။ အရွက်ကိုချေပီးနမ်းကြည့်တော့ကွမ်းရွက်အနံ့နဲ့တူတယ်။
ကျွန်မ ပဒဲကောကြိုက်တယ်။ငါးပိနဲ့တို့စားရင်ကောင်းမှကောင်း၊အပင်ကိုတော့သေချာမမြင်ဖူးဘူး။
ပြီးတော့ဂုံမင်း၊ အင်္ဂလိပ်လိုအခေါ်ကိုအန်တီလုလုဘလော့မှာရှာပြီးအင်တာနက်မှာရှာလဲမတူ
ပြန်ဘူး။ စိတ်ထဲမှာတော့ကလိကလိဖြစ်နေတာ။ ဒီညနေပိုင်းတော့အပင်ကိုအင်တာနက်မှာလှန်
လှောရှာကြည့်တော့တာဘဲ။ ရုံးပတ်ပတ်လည်မှာပွင့်နေတဲ့ပန်းကြီးတွေကအရမ်းခန့်တာဘဲ။ အဲ
ဒီပန်းတွေကတော်တော်ကြံ့ခိုင်တယ်။ ပလတ်စတစ်လိုဘဲ။ ကျွန်မအရမ်းသဘောကျတာ။ အဲဒီ
အပင်အရွက်ကအိမ်နောက်ကအပင်နဲ့အနံ့တူတူဘဲ။ အပင်မျိုးစားတူလို့နေမယ်။ ဒါနဲ့ Galanga
ဆိုပြီးလိုက်ရှာတာ Ginger မျိုးနွယ်စုထဲကအပင်ဖြစ်နေတယ်။ အဲဒီပန်းက မြန်မာလိုတော့ဘယ်
လိုခေါ်မလဲမသိဘူး။ ရှာတွေ့သလောက်တော့ Torch Ginger Flower (Zingibier Etlinger
Elatior) မလေးလိုတော့ Bunga Kantanလို့ခေါ်တယ်။ထိုင်းတွေကတော့Kaalaaလို့ခေါ်တာ
အင်ဒိုတွေက Bongkot လို့ခေါ်တယ်။တော်တော်တုန်းပါလားကျွန်မမြန်မာလိုမသိဘူး။မလေး
အစားတွေထဲမှာတော့ Laksa ကအရမ်းနာမည်ကြီးပါတယ်။ ကျွန်မဆီကိုတောင် Laksa Paste
တစ်ဗူးရောက်လာသေးတယ်။ ဘယ်လိုစားရမှန်းမသိပါဘူး. သူတို့အလွယ်ခေါ်ရင်တော့ Laksa
ပန်းပေါ့။ ဖိလိပိုင်မှာတော့ ဖယောင်းပန်းလို့ခေါ်တယ်တဲ့။ အရောင်က ပန်းရောင်၊ အနီရောင်၊
အဖြူရောင် စုံနေတာဘဲ။ ဒါပေမယ့် ကျွန်မရုံးဘေးမှာပွင့်နေတာတွေကတော့ ပန်းသွေးရောင်
ခေါ်မလား၊ ပန်းရောင်လို့ခေါ်မလား။ (ပုံတွင်ရှု) အရသာကတော့တစ်ကယ်ထူးခြားပါတယ်။
စားရမှန်းမသိခဲ့လို့သာနော်။ သိများသိရင်ကုန်တာကြာပေါ့။ ရှိန်းတိန်းတိန်း၊ နဲနဲအချဉ်ဓာတ်
လေးလဲပါတယ်အနံ့လေးကလဲသင်းမွှေးမွှေးလေးနဲ့။ အရိုးတံကိုသာစားဖူးတာပန်းဖူးကိုပါစား
လို့သတဲ့။ သေချာတော့တစ်ရက်ချက်ကြည့်အုံးမယ်။ ဒီနေ့ကတော့စူးစမ်းတဲ့အဆင့်ဘဲရှိသေး
တယ်။ ပန်းဖူးကဌက်ပျောဖူးအသေးစားလေးလိုဘဲ။ ဖြတ်လိုက်ရင်လဲဌက်ပျောဖူးလိုဘဲ။ ဆေး
အဖြစ်နဲ့တစ်မျိုး၊ တို့စရာအဖြစ်နဲ့တစ်ဖုံစားလို့ရတဲ့ဒီအပင်ရော၊ ပန်းပါ အရွယ်တင်နုပျိုစေပါ
သတဲ့။ ကျွန်မစမ်းချက်ကြည့်မယ်ဘယ်သူစားမလဲမေးတော့ရုံးကအမကြီးတွေမသိချင်ယောင်
ဆောင်နေကြတယ်။ ဟိဟိ ဘာဘဲဖြစ်ဖြစ် အပင်ကိုသေချာလေ့လာထားပြီးတော့ ပန်းပွင့်ကို
ချိုးလာခဲ့တယ်။ အိမ်ရောက်တော့ပန်းအိုးထိုးထားလိုက်တယ်။ လောလောဆယ်တော့မိန်းမ
ပျိုတစ်ယောက်ဧည့်ခန်းပန်းအစစ်ဆိုလို့ပန်းစည်းအခြောက်တွေသာရှိနေကျနေရာလေးမှာ
အခုတော့ပန်းလတ်လတ်ဆတ်ဆတ်လေးရောက်လာပြီပေါ့။
ခရစ္စမတ်ရောက်တော့မယ်။ကျွန်မမီးကြိုးလေးတွေဝယ်ထားတာလဲမီးမလင်းတော့ဘူး။တစ်ခုတော့
ကောင်းသေးလို့အလှချိတ်ထားလိုက်တယ်။ ဧည့်ခန်းဆိုလှလှလေးကြိုက်တယ်။အိမ်လေးဆိုအမြဲသန့်
ရှင်းနေမှ ကိုယ်ကသာမလုပ်တတ်တာ။ အိမ်အလှဆင်ဖို့ဝါသနာမပါတာလား၊ ideaမရှိတာလားတော့
မသိဘူး။ ကျွန်မဧည့်ခန်းကအရုပ်တွေနဲ့ဘဲပြည့်နေတာ။ခုတော့နဲနဲကျက်သရေရှိလာသလိုဘဲ။း)
ပြောမယ်သာပြောတာ၊ ဧည့်ခန်းဆိုတာလဲတစ်ယောက်တည်းရှိရင်ထိုင်ကိုမထိုင်ဖြစ်ပါဘူး။

Comments

  1. လှတယ် မွေးတယ် ကောင်းတယ်

    ReplyDelete
  2. ခရစ်စမတ်စ် ဘာကျွေးမှာလဲ..
    နွေးထွးတဲ့ဧည့်ခန်းလေးထဲလာပြီးလည်ချင်လို့..ဟီး

    ReplyDelete
  3. ဗုဒ္ဓေါ ပန်းတောင်မချန်တော့ပါလားဟ။ အဟေ. သတိလည်းထားဦး ရုံးကအစ်မကြီးတွေ အရှေ.က ပန်းတောင်ပန်ပြီး ဖြတ်မလျှောက်ရဲပဲ ဖြစ်နေဦးမယ်။ ခရစ်စမတ်စ်လက်ဆောင် ပန်းပို့ ပေးလိုက်မယ်။ ချက်စားရအောင်လို့ ။ ဟီး ပဒိုင်းပွင့် ပဒိုင်းပန်း။

    ReplyDelete
  4. ပဒိုင်းပန်းက ဘာလဲ.. လှလား..
    မမြင်ဘူးဝူး..

    ReplyDelete
  5. ပေါက်ရေ.. ခရစ္စမတ်ချိန်မဟုတ်လဲကျွေးပါတယ်နော်
    ကူးကူးကတော့အဲဒီချိန်ဆို..ဟိဟိ ပြင်ဦးလွင်မှာတိုဖူးနွေးလေးနဲ့
    မုန်ညှင်းချဉ်လေးနဲ့နှပ်နေမှာ..

    ReplyDelete
  6. KOM ရေ.. ပန်းကအနံ့တော့ရှိဝူးဗျ..
    လှတော့အရမ်းလှတယ်နော်..

    ReplyDelete
  7. ကူကူးရေဆရာလုပ်တာတော့ဟုတ်ဖူးနော်
    အဲဒီပန်းကိုတရုတ်လိုထပ်တစ်ရာပန်းလို့ခေါ်တယ်
    ဥဥသိသလောက်ပြောတြာ :)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။