ပဲစားရင်အားရှိတယ်တဲ့.. ပဲဟင်းကအသားဟင်းလိုဘဲပရိုတင်းဓာတ်ရတယ်လို့ငယ်ငယ်
တည်းကလူကြီးသူမတွေရော၊ ဆရာဆရာမတွေရောပြောတာကြားနေရတယ်။ ကျွန်မ
တို့မောင်နှမ(၃)ယောက်ကတော့ ငယ်ငယ်ထည်းကပဲကိုမရိုးနိုင်အောင်၊ပဲပေါင်းစုံကို
စားနေရတာပါ။ ပါးပါးကအိမ်ကထမင်းဝိုင်းမှာပဲမပါရင်ထမင်းဝိုင်းမပြည့်စုံသလိုမရရအောင်
ပဲကိုပါအောင်ချက်တတ်ပါတယ်။ ငယ်ငယ်ကအစားများတာ ပဲနီလေး၊ (ချက်ရတာမြန်တယ်)
ပြီးတော့တစ်ပတ်တစ်ခါရုံးပိတ်ရက်တွေဆိုရင်ကုလားပဲကိုအိုးကြီးနဲ့ပြုပ်ပြီး weekendsအထူး
ရှယ်ပဲကုလားဟင်းပေါ့။ နောက်တော့နွေနေ့လည်ခင်းတွေမှာရေနွေးကြမ်းနဲ့ဆင်ခေါင်းပဲပြုပ်
သုတ်၊ ပဲကတီပါသုပ်၊ ဗိုကိတ်ပဲ၊ ကျွန်မအကြိုက်ဆုံးကတော့ပဲဆင်းငုံ။ ရေးရင်နဲ့တောင်ဗိုက်
ဆာလာပြီ။ ငယ်ငယ်ကတော့ပဲလုံးဝမစားချင်ပါဘူး။ ပါးပါးကထမင်းဝိုင်းမှာထိုင်တာနဲ့ ဘာ
ဟင်းမှပန်းကန်ထဲမထည့်ချင် ပဲတွေကိုခွဲတန်းချပီးမောင်နှမ(၃)ယောက်လုံးကိုထည့်ပေးပါ
တယ်။ အဲတုန်းကတော့ငိုတဲ့နေ့တွေငို၊ မစားဘဲဆန္ဒပြတဲ့နေ့လဲရှိ၊ နောက်ဆုံးတော့ပဲမပါရင်
မစားတတ်သလိုဖြစ်သွားတယ်။ ပဲရဲ့ကောင်းကြိုးလားဆိုးကြိုးလားတော့မသိ ကျွန်မနဲ့မောင်
လေးကအရမ်းကိုထွားအရပ်ရှည်ပြီး၊ ညီမလေးကတော့ပုပေမယ့်တော်တော်ပဲများပါတယ်။
ဒီမှာတော့ဗိုကိတ်ပဲအခြမ်းလေးတွေကိုအထုတ်လေးတွေနဲ့စရောင်းနေပီ။ အရင်ကဆိုindian
ဆိုင်မှာတစ်ကူးတစ်ကသွားဝယ်ရတယ်။ ပဲကိုတော့စိမ်ထားပြီးနူးအောင်ပြုပ်ထားရပါမယ်။
ဗိုကိတ်ပဲ
ကြက်သွန်နီ
ခရမ်းချဉ်သီး
နံနံပင်
ဆီနဲနဲထည့်ပြီးတော့ ကြက်သွန်နီနဲ့ခရမ်းချဉ်သီးတောက်တောက်စင်းထားတာကိုထည့်ဆီ
သတ်ပါမယ်။ ပြီးရင်တော့ နနွင်းနဲနဲထည့်ပြီး၊ ပြုပ်ထားတဲ့ပဲများကိုလောင်းထည့်ပြီးပွက်ပွက်
ဆူအောင်ထပ်တည်ပြီးအားလုံးသမပြီးတစ်သားတည်းဖြစ်သွားတဲ့အချိန်မှာတော့ နံနံပင်ကို
လှီးပြီးထည့်မွှေပါတယ်။ ခရမ်းချဉ်သီးဖတ်လေးတွေလဲပုံမပျက်၊ ကြက်သွန်နီလေးတွေလဲအ
စင်းလိုက်နဲ့နံနံပင်လေးစိမ်းစိမ်းလေးမြင်နေရတဲ့အချိန်မှာဘဲချက်ပြုတ်တာရပ်လို့ရပါပြီ။
ပဲကကျက်ပြီးသားမဟုတ်လားနော်။ ပြီးရင်တော့မဆလာလေးအုပ်လိုက်ပါ၊ ကြိုက်တတ်ရင်။

Comments
Post a Comment
ကူးကူးရေ...