Skip to main content

ကောက်ညှင်းဌက်ပျောဖုတ်

မနေ့ညကနယ်စပ်မှာနေတဲ့သူငယ်ချင်းကိုဖုန်းဆက်တော့.. ဘာလုပ်နေလဲလို့ကျွန်မမေး
တော့ကောက်ညှင်းထုပ်ထားစားနေတယ်တဲ့။ သူပြောမှဟုတ်သားဘဲ ငါလဲအဲဒါစားချင်
နေတာလို့။ ဒါပေမယ့်ကောက်ညှင်းထုပ်ဆိုတာအထမ်းသည်ဆီက၀ယ်စားဖူးရုံကလွဲလို့
ဘယ်ကဘယ်လိုစပြီးလုပ်ရမလဲမှမသိတာ။ ကောက်ညှင်းဆန်ပါတာတော့သေချာတယ်။
ပြီးတော့ငှက်ပျောသီး။ ပဲနဲ့ထုပ်တဲ့ကောက်ညှင်းထုပ်နဲ့အုန်းသီးနဲ့ဟာကိုတော့ကျွန်မ
မကြိုက်လို့တစ်ခါမှမစားဘူး။ ဌက်ပျောသီးအထဲမှာနီနီလေးနဲ့ကောက်ညှင်းထုပ်ကို
တော့အရမ်းကြိုက်၊ အသေကြိုက်။ အိမ်ကလှမ်းမှာလို့မရတဲ့အရာဆိုတော့ကိုယ့်ဘာ
သာကိုယ်ဘဲလက်တည့်စမ်းဖို့အကြံထုတ်ရတော့တယ်။ ဒီမှာကခက်တာကောက်ညှင်း
ဆန်စစ်စစ်မရှိဘူး။ ဘာဘဲဖြစ်ဖြစ်တူတာလေးစားရလဲမဆိုးဘူးလေ..အဲဒါနဲ့ glutinous
rice တစ်ထုပ်ဝယ်၊ ဌက်ပျောသီးကလဲဖီးကြမ်းဘဲရှိတာမို့အဲဒါလေးတွေနဲ့ဘဲ။ ဌက်ပျော
ရွက်ကိုတစ်ခြံလုံးပတ်ရှာရသေးတယ်။ တွေ့တော့လဲအပင်ကသေးသေးတွေ၊ အရွက်
တွေအကုန်ခုတ်လာခဲ့တယ်။ ခြံပြင်မှာတော့ဌက်ပျောပင်တွေအများကြီးပါ၊ သွားခုတ်
ရမှာရှက်လို့။ ရှိတာမှဒီခြံနေထဲမှာနေတာ မြန်မာဆိုလို့တစ်ယောက်တည်း၊ ဒီမြန်မာမ
ဘာစိတ်ကူးပေါက်လို့အရွက်တွေလိုက်ခုတ်နေလဲဆိုပီးမေးရင်ဖြေရတာရှည်တယ်။
ကောက်ညှင်းကိုရေစိမ်၊ ဆားနဲနဲသကြားနဲနဲထည့်နယ်ထားပြီး ဌက်ပျောရွကိုရေဆေး
ထုပ်တော့မယ်ပေါ့၊ အဲဒီအထိကဟုတ်နေတာဘဲ ကိုယ့်ကိုကိုယ်ဝါရင့်စားဖိုမှူးလို့ထင်
လာမိသေးတယ်။ တစ်ကယ်စထုပ်တော့ဌက်ပျောရွက်ကကျိုး၊ ပေါက်ပြီးဆန်တွေက
ထွက်ချည်လို့လဲမရ၊ အကြိမ်ကြိမ်ကြိုးစားလဲမအောင်မြင်တဲ့အဆုံး၊ မထူးတော့ပါဘူး
ဆိုပြီး ဖုတ်တဲ့ခွက်အပြားထဲမှာအောက်ခြေတစ်ထပ် ကြွေစက္ကူ foil ခံပြီးတော့ ဌက်
ပျောရွက်တွေကိုခင်းလိုက်တယ်။ ပြီးတော့ ကောက်ညှင်းဆန်၊ ဌက်ပျောသီး၊ သကြား
ဆားနဲနဲ နဲ့ သီဟိုစေ့ကိုပါအကုန်ရောသမမွှေပြီးခင်းထည့်လိုက်တယ်။ ဌက်ပျောရွက်
အပေါ်ကထပ်အုပ်ပြီး ကြွေစက္ကူ foil ကိုအပေါ်ကအပီးသတ်လုံအောင်ပိတ်လိုက်
တယ်။ ဆန်နယ်တုန်းကထွက်လာတဲ့ရေနဲနဲကိုပါရောထည့်ထားတယ်။ ပြီးတာနဲ့
ovan ထဲထည့်ပြီး 180 လောက်နဲ့ တစ်နာရီလောက်ဖုတ်ထားလိုက်တာ၊ ပြီးတာနဲ့
ထုတ်ကြည့်လိုက်တော့... တွေလား... အရမ်းတော့မစီးဘူး၊ ဒါပေမယ့် ဌက်ပျော
ရွက်နံ့သင်းသင်းလေးနဲ့ ဌက်ပျောသီးကောက်ညှင်းဖုတ် (ပေါင်းအိုးမှမရှိတား(
ရပါပီ။ မနက်ဖြန်တော့ရုံးကအမကြီးတွေကိုအတင်းသွားကြွေးအုံးမှ၊ တစ်ယောက်
တည်းစားလို့ကုန်ဘူးလေ။ ဟီးဟီး

Comments

  1. good လဲ မ good ဘဲ နဲ့ 

    ReplyDelete
  2. အဲ..ကြိုက်လောက်တယ်။ တစ်ခါမှတော့မစားဖူးဘူး၊ ကောက်ညှင်းပြန်ပေါင်းကို
    ငှက်ပျောသီးဆနွင်းမကင်းနဲ့ရောနယ်ထားသလိုမျိုးဖြစ်မလားပဲ...
    စားချင်ပါတယ်....

    ReplyDelete
  3. အင်း ရောသမမွှေ ကောက်ညှင်းပေါ့လေ။ ကြည့်ရတာ စားကောင်းမယ့်ပုံပါပဲ။ ပိုနေရင်တော့ လွှင့်မပစ်ပါနဲ့ ။ နှမြောစရာကြီး။ ( အွန်လိုင်းကနေ လှမ်းပို့ လိုက်ပါ။ ) ( မှတ်ချက် expire များ၊ မယ်လမင်းပါသော အစားအစာများ လက်မခံပါခင်ဗျား။ )

    ReplyDelete
  4. စားမယ်စားမယ် ဒါမျိုးဆိုရင် အိုင်ကအရမ်းကြိုက်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။