ရန်ကုန်မှာတုန်းကတော့ အသစ်ဖွင့်တဲ့စိန်ဂေဟာအပေါ်ဆုံးထပ်မှာ သင်္ဘောသီးထောင်းသွားသွားစားတယ်...
လပြည့်ဝန်းအပေါ်ထပ်မှာလဲစားဖူးတယ်။ Thailand Exibition မှာကတော့ နေ့တိုင်းလိုလိုစားဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့မြန်မာတွေပါးစပ်တွေ့တာ ချဉ်စပ် လေ.. သူတို့က သကြားရည် (သို့) ထညက်ရည်တွေများကြီးလောင်းထည့်တော့ ချိုချဉ်စပ်ကြီးဖြစ်နေတာပေါ့။
ပေါ်ပြုလာအဖြစ်ဆုံးသင်္ဘောသီးထောင်းနှစ်မျိုးမှာ တစ်မျိုးကပုဇွန်ခြောက်နဲ့ ပါဝင်ပြီး နောက်တစ်မျိုးကတော့ ဂဏန်းသားအငံခြောက်ပါဝင်ပါတယ်။ သင်္ဘောသီးစိမ်းကို ပုဇွန်ခြောက်+ မြေပဲတို့နဲ့သုပ်တာကိုတော့ သူတို့ ထိုင်းအခေါ် ဆွမ်တွန်ထိုင်း ( Som Tum thai) လို့ခေါ်ပြီး ဂဏန်းသားအငံခြောက်နဲ့ သုပ်တဲ့သာဟာကိုတော့ ဆွမ်တွန်ဘို (som tum pbooh) လို့ခေါ်ပါတယ်။ ပါဝင်တဲ့အရာတွေကတော့အတူတူပါဘဲ။ လိုအပ်တဲ့အရာတွေကတော့
သကြား - ၁ ၁/၂ ဇွန်း
သံပုရာသီး - ၂ လုံး
သင်္ဘောသီးစိမ်း - အလတ်တစ်လုံး (ကိုယ်စားနိုင်သလောက်ကို အမျှင်ဖြစ်အောင်ခြစ်ထားပါ)
ကြက်သွန်ဖြူ - ၅ မွှာ
ငါးငံပြာရည် - ၁ဇွန်းခွဲ
ငရုတ်သီးစိမ်း - ၆ တောင့်
ခရမ်းချဉ်သီး - ၂ လုံး
ပဲတောင့်ရှည် - ၄ ချောင်း
ကန်ဇွန်းရိုးနီ - ၄ ပင်
မြေပဲ ထောင်း - မညက်တစ်ညက်
ပဇွန်ခြောက် - စားချင်သလောက်
သက်သတ်လွန်သင်္ဘောသီးထောင်းစားချင်ရင်တော့ ငါးငံပြာရည်အစား ပဲငံပြာရည်ပိုသုံးပြီး ပုဇွန်ခြောက်မထည့်ပါနဲ့။
တစ်ချို့ကတော့ သံပုရာသီးအစားမန်းကျည်းရည်အချဉ်ကိုသုံးကြပါတယ်။
ထိုင်းတွေကတော့ သင်္ဘောသီးထောင်းကို မြေငရုတ်ဆုံနဲ့ သစ်သားလုံးနဲ့ ထောင်းကြတယ်။
ပထမ
- ကြက်သွန်ဖြူကိုခွာပါ။ ထည့်ထောင်းပါ (ညက်နေအောင်ထောင်းစရာမလိုပါဘူး)
- ပဲတောင့်ရှည်ကိုခပ်ရှည်ရှည်ဖြတ်ထည့်ထောင်းပါ။
- ခရမ်းချည်သီးများကို ခပ်ထူထူလှီးထည့် ထောင်း ပါ။ (အားလုံးသမပြီး ခရမ်းချဉ်သီးမှအရည်များထွက်လာမည်)
- ငရုတ်သီးစိမ်းအတောင့်လိုက်ကိ ရေဆေး၊ အညှာခြွေပြီးကွဲအက်လာသည်အထိထောင်းပါ။
- သင်္ဘောသီးစိမ်းခြစ်ထားသည်များထည့်ပါ။
- ပုဇွန်ခြောက်၊ မြေပဲမညက်တစ်ညက်ထောင်းထားသည်များထည့်ပါ။ (မြေပဲအလုံးလိုက်လဲရပါသည်)
- ငါးငံပြာရည်၊ သံပုရာရည်နှင့် သကြားကို ထည့်ပါ..
ပြီးရင်သမအောင်အနည်းငယ်ဖွထောင်းပြီး အရသာနှံ့သွားပြီဆိုလျှင် ပုဂံပြားပေါ်တွင်ထည့်ပါ။ ပုဇွန်ခြောက် နဲနဲအပေါ်ယံထပ်ဖြူးပြီး၊ ကန်ဇွန်းရိုးနီကိုရေစင်စင်ဆေးအရှည်လိုက်ဖြတ်ဆီထည့်ပါ။ ပဲတောင့်ရှည်ကိုသုံးလေးချောင်းညီညာစွာဖြတ်တင်ထားပါ။ ပြီး လျှင် မိန်လျှက်စွာစားသုံးနိုင်ပါပြီ။
Comments
Post a Comment
ကူးကူးရေ...