Skip to main content

ခွင့်မလွှတ်ပါနဲ့ချစ်သူ့

ချစ်ရက်နဲ့လမ်းခွဲစကားပြောရတာ...ဖတ်ခဲ့ဖူးတဲ့စာတွေထဲမှာ၊ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲမှာတောင် သူများသရုပ်ဆောင်တာကြည့်တာနဲ့တင် အရမ်းကိုခံစားရတယ်။။ ကိုယ်တိုင်ကြုံတွေ့လာတဲ့အခါဘယ်လောက်ခံစားရမလဲဆိုတာကိုနားလည်ပေးကြပါ။ လူတစ်ယောက်ကိုချစ်တယ်လို့ ပြောတာတစ်ချိုတွေအတွက် အတွေ့ထိကိုမရှောင်နိုင်လို့ဖြစ်ချင်ဖြစ်မယ်၊ မက်မောတဲ့အရာတစ်ခုကိုဘန်းပြထားလို့ပြောတာလဲဖြစ်ချင်ဖြစ်မယ်၊ စိတ်ထဲမှာမပါဘဲပေါ့ပေါ့တန်တန်ပြောလိုက်တာလဲဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကျွန်မအတွက် ချစ်တယ်ဆိုတဲ့စကားက ကျွန်မအသက်တစ်မျှအရေးကြီးတယ်လို့ခံယူပါတယ်။ ကျွန်မနှလုံးသားခံစားချက်နဲ့ထွက်လာတဲ့စကားတစ်ခုကို ကျွန်မဦးနှောက်ကပြန်ရုတ်သိမ်းလိုက်တဲ့အခါ ကျွန်မရူးတော့မယ်...မခံစားနိုင်တော့ပါဘူး... မဖြစ်လာနိုင်တဲ့ အရာကိုလဲ ရေရှည်ဆွဲပြီး မြော်လင့်မနေချင်တော့လို့ပြောလိုက်မိတဲ့စကားအတွက် တစ်ဖက်သားခံစားရမယ့် စိတ်ဝေဒနာတွေထက် ကျွန်မနှစ်ဆ ထက်ပြီးခံစားရပါစေလို့ဘဲ ဆုတောင်းပေးပါရစေတော့။ အစထဲက စိတ်အလိုလိုက်ပြီးရူးသွပ်ခဲ့တာကျွန်မပါ။ အခုလဲရူးနေပြီ။ နောက်လဲ ကိုယ်ဆုံးဖြတ်ခဲ့တဲ့အရာအတွက် တစ်သက်လုံးနောင်တရပါစေ..အဲဒီနောင်တတွေနဲ့ ကျွန်မကြောင့်ခံစားခဲ့ရသူရဲ့ စိတ်ဒုက္ခ နှစ်ဆကိုကျွန်မယူပြီး ခံစားမှုမဲ့တဲ့ဘ၀မှာဘဲတစ်သက်လုံးနေဖို့ဆုံးဖြတ်လိုက်ပါရစေ။ ကျွန်မကိုအမြဲနားလည်ပေးပြီးချစ်နေတဲ့သူတစ်ယောက်ကော... ကျွန်မခံစားနေတာတွေကြည့်ပြီး သူရောဘယ်လောက်ခံစားနေရမလဲ.. ကျွန်မတစ်ကိုယ်ကောင်းဆန်တာလား.. ကျွန်မမှာရွေးစရာလမ်းမရှိဘူး.. မိသားစုကိုစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်ပြီးကိုယ်ချစ်တဲ့သူနဲ့ ပျော်ပျော်လက်တွဲနိုင်မလား။ ကိုယ်ကဘုရားကျောင်းသွားရင် သူက ကိုယ့်ဘေးမှာလိုက်နေပေမယ့် သူမယုံကြည်တဲ့ဘာသာတစ်ခုအပေါ်ဘယ်လောက်ထိစိတ်ရှည်သည်းခံပေးနိုင်မလဲ။ ကိုယ်ကချစ်လွန်းတဲ့အပေါ် သူတစ်ခုခုပြောတိုင်း ကျွန်မမှာ စနောက်နေရင်တောင်၊ ရင်နင့်အောင်ခံစားနေရတယ်။ ဒါတွေကိုကျွန်မတစ်သက်လုံးခံစားသွားနိုင်မလား။
"I'll take the risk for my decision"

Comments

  1. ကူကူးရေတစ်ကယ်ခံစားနေရတယ်လို့ယုံကြည်ပါတယ်
    ဥဥလည်းထပ်တူခံစာရပါတယ်..........
    ဒါဏ်ရာဒါဏ်ချက်တွေများနိုင်တဲ့လူ့ဘ၀မှာ........
    အဲတာအကင်းပဲရှိသေးတယ်လေ..........
    နောက်ပြီး.............ဘ၀မှာချစ်သူကိုမရေရာပဲလက်တွဲနေမယ့်အစားအဲလိုဆုံးဖြတ်တာမှန်ပါတယ်တကယ်ပါအလွန်ဆုံးခံစားရယင်ခဏပေါ့သတိရတတ်တာကလွဲယင်ပေါ့လေ.........

    ခင်တဲ့ဥဥ

    ReplyDelete
  2. မမကူးကူးရေ..
    ဒီအချိန်မှာ ဒုန်ဒုန်မှာမမြင်မိတာကြာတဲ့ မမကို အရမ်းသတိရသွားတယ်... အော်ရာလဲ ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မို့ပါ.. မမကူးကူးရေ.. ထပ်တူထပ်မျှ ခံစားရပါတယ်.. !-!
    (ora)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။