Skip to main content

ခွဲခွာခြင်း

တစ်ယောက်ယောက်ကိုသံယောဇဉ်တွယ်လာခဲ့ပြီးမှခွဲခွာရတာဘ၀အစိတ်အပိုင်းတစ်ခုအနေနဲ့ ဖြတ်တောက်လို့ရရင်ဖြတ်ပစ်ချင်ပါတယ်။ကျွန်မဒီကိုစရောက်ရောက်ပြီးချင်းမှာဘဲအကိုလို/ဆရာ
လိုခင်တဲ့အကိုကြီးတစ်ယောက်၊ ကျွန်မဘာဖြစ်ဖြစ်တိုင်ပင်၊မသိတာမေးသူ့ကိုသာတွယ်နေရင်း ၅လာအကြာမှာသူအာဖရိကကိုပြောင်းသွားတော့ကျွန်မမှာစိတ်မကောင်းအရမ်းကိုဖြစ်ခဲ့ရပါတယ်။
သူလာနှုတ်ဆက်တော့မျက်ရည်ကျမိတယ်။ကိုယ့်ကိုကိုယ်အမုန်းဆုံးအရာကတော့အရမ်းစိတ်ထား
ပျော့ညံ့တာကိုပါဘဲ။ အွန်လိုင်းမှအမြဲလိုလိုစကားပြောနေတဲ့သူငယ်ချင်းဆန်အိတ်မြန်မာပြည်ပြန်
သွားတော့လဲဝမ်းနဲရသလိုအမြဲရန်ဖြစ်နေရတဲ့သူငယ်ချင်းခိုင်ခိုင်ထွန်းနဲ့စကားများပြီးအဆက်သွယ်
ဖြတ်လိုက်ရတာကိုလဲတွေးတိုင်းစိတ်မကောင်းဖြစ်မိတယ်။သူငယ်ချင်းအာလူးမိန်းမယူသွားတော့
ငါ့ကိုများမခင်တော့ဘူးလားလို့တွေးမိပြန်ရော။တိုတိုနီနီကထင်ချင်ရာထင်ပြီးအမျိုးမျိုးစိတ်တိုပြော
ဆိုပြီးအဆက်သွယ်ဖြတ်လိုက်တာကိုလဲတွေးမိတိုင်းဝမ်းနည်းရပါတယ်။ ဒီနေ့လဲရောက်ကတည်းကအဖေလိုဖြစ်နေတဲ့ဆရာက အနောက်နိုင်ငံကိုပြောင်းတော့မယ်လို့သိ
လိုက်ရတော့သူများတွေက၀ိုင်းနှုတ်ဆက်ပေမယ့်ကျွန်မကတော့မျက်ရည်ဝဲနေပြီလေ။မသိတာရှိရင်
သူ့ကိုမေး၊တိုင်ပင်စရာတွေကိုသူနဲ့အမြဲဆွေးနွေး(Personnel director) လဲဟုတ်သလိုကျွန်မရောက် ရောက်ချင်းလေဆိပ်မှာ ဟိုကြောင်ဒီကြောင်ဖြစ်မှာဆိုးလို့ရုံးကကားဒရိုင်ဘာတွေကိုမခိုင်းဘဲသူကိုယ်
တိုင်လာကြိုခဲ့တာ၊ အမြဲအားပေးခဲ့တာတွေအခုတော့သူရော သူ့မိသားနဲ့ပါခွဲရတော့မှာပါလား။
သံယောဇဉ်ဆိုတာမကောင်းပါဘူး။ နောင်ဆိုသံယောဇဉ်မထားမိအောင်နေမှ။ ခံစားရတာကကိုယ်ကိုယ်တိုင်။လူရယ်လို့ဖြစ်လာမှတော့သံယောဇဉ်နဲ့မကင်းနိုင်ဘူး။
ဒါပေမယ့်ဖြစ်လာသမျှလောကရဲ့မတည်ငြိမ်မမြဲတဲ့သဘောတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်
အောင်ကြိုးစားမှဖြစ်တော့မယ်။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။