Skip to main content

ထူးဆန်းအံ့သြဖွယ် (၇) ခု

တစ်ခါက စာသင်ခန်းတစ်ခုမှာ ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာက ဒီကမ္ဘာပေါ်မှာ လက်ရှိ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့အရာ (၇)ခု အကြောင်းဆွေးနွေးကြရအောင်။ ကိုယ်စိတ်ထဲမှာ အရမ်းထူးဆန်းအံ့သြဖွယ်ကောင်းတယ်ထင်တဲ့အရာ (၇)ခုကိုရေးချခိုင်းတယ်။ ကျောင်းသူ ကျောင်းသားတွေ တစ်ယောက်တစ်ပေါက်ပေါ့.. သူတို့ထင်တဲ့အရာတွေမှမတူကြတာ.. နောက်ဆုံးမှာတော့ မဲလိပ်နဲ့လုပ်ပြီး မဲအများဆုံးရတဲ့အရာတွေကို Seven Wonders of the world ဆိုပြီး သတ်မှတ်လိုက်ကြတယ်။ အဲဒါ တွေက ဘာတွေလဲဆိုရင်
1. Egypt's Great Pyramids
2. Taj Mahal
3. Grand Canyon
4. Panama Canal
5. Empire State building
6. St. Peter's Basilica
7. China's Great Wall


ဒါပေမယ့်ကောင်မလေးတစ်ယောက်ကတော့ ဘာအဖြေမှမပေးဘဲနဲ့ စဉ်းစားနေတုံးဘဲ... ဒါနဲ့ ပရော်ဖက်ဆာက သူ့ကိုမေးတယ် ..သမီးက ဒီ (၇)ခုကို သဘောမတူလို့လားတဲ့။ သူက မဟုတ်ပါဘူးကျွန်မှာ စဉ်းစားစရာတွေအများကြီးဖြစ်နေလို့အဖြေမပေးသေးတာပါ။
ဒါနဲ့ဆရာမက ဒါဆိုလဲ သမီးပြောကြည့်လေ..ဆရာမတို့လဲဝိုင်းစဉ်းစားကြတာပေါ့တဲ့။
ကျောင်းသူမလေးက မ၀ံ့မရဲနဲ့.. ကျွန်မအထင်တော့ ကမ္ဘာပေါ်မှာ အရမ်းထူးဆန်းအံ့သြဖွယ်ကောင်းတဲ့အရာ (၇) ခုကတော့...
၁။ အမြင်အာရုံရှိခြင်း
၂။ အကြားအာရုံရှိခြင်း
၃။ ထိတွေ့နိုင်ခြင်း
၎။ စိတ်ခံစားမှုရှိခြင်း
၅။ ရယ်မောပျော်ရွှင်နိုင်ခြင်း
၆။ ချစ်မြတ်နိုးနှစ်သက်နိုင်ခြင်း
၇။ နောက်ဆုံးတစ်ခုကတော့ ဘုရားသခင်ရဲ့ အံ့သြဖွယ်မကုန်ခမ်းနိုင်တဲ့လူသားတွေအတွက် သူ့ရဲ့ တစ်ပါးတည်းသောသားတော်ကို လူ့အဖြစ်ကိုခံယူစေပြီး ထာဝရအသက်ကိုပေးတဲ့အရာ...
တွေဘဲဖြစ်တယ်လို့ သူမကပြောလိုက်တဲ့အခါ အတန်းတစ်ခုလုံးအပ်ကျသံတောင်မကြားရအောင်ကို ငြိမ်သွားပါတယ်။
တစ်ချို့အရာတွေက သာမာန်အမြင်နဲ့သာအပေါ်ယံကြည့်တတ်ပြီးမထူးဆန်းဘူးလို့ထင်ထားတဲ့အရာတွေဟာ ကျွန်မတို့ဘ၀အတွက် အဓိကအရေးပါတဲ့အရာတွေဖြစ်နေတတ်ပြီး အမှန်တကယ်ကို ထူးဆန်းအံ့သြဖွယ်ကောင်းလှပါတယ်။
တစ်ကယ်တော့ အင်မတန်ထူးဆန်းအံ့သြဖွယ်ကောင်းပြီးတန်ဖိုးရှိလှတဲ့အရာတွေကို လူတွေလက်နဲ့တည်ဆောက်ဖန်တီးမရနိုင်သလို ငွေကြေးနဲကလဲဝယ်ယူလို့မရနိုင်ပါဘူး။

ကြားဖူးပြီးသားလဲဖြစ်ချင်ဖြစ်လိမ့်မယ်..
တစ်နေ့ကျတော့ လူတစ်ယောက်ကဘုရားသခင်က သူ့ရဲ့ လက်ဝါးကပ်တိုင်ကိုထမ်းပြီး လမ်းလျှောက်ခိုင်းတယ်လို့အိပ်မက်မက်တယ်။
လမ်းကြာကြာလျှောက်လာတဲ့အခါ သူထမ်းထားတဲအရာကပိုပိုလေးလာတယ်။ သူပင်ပန်းလာတယ်။
ဒါနဲ့ သူဘုရားသခင်ကိုပြောတယ်။ ဘုရားသခင်..ဒါကြီးထမ်းရတာအရမ်းကိုလေးလွန်းလှပါတယ်.. နဲနဲသက်သာအောင်ဖြတ်တော့မယ် တဲ့..
သူ့စိတ်ဆန္ဒအတိုင်းသူ့လက်ဝါးကပ်တိုင်ကို သူနဲနဲဖြတ်လိုက်တယ်။
အခုတော့တော်တော်လေးကိုပေါ့သွားပြီ.. ဘုရားသခင်..ကျေးဇူးများကြီးတင်ပါတယ်...လို့သူကပြောပြီးဆက်လျှောက်သွားတယ်။
မထင်မှတ်ဘဲ သူလျိုမြောင်ချောက်တစ်ခုကိုဖြတ်ရမယ်
သူ့လိုဘဲ ကပ်တိုင်ကိုထမ်းပြီးလမ်းလျှောက်နေတဲ့သူတွေက "ကဲငါတို့ထမ်းလာတဲ့ကပ်တိုင်တွေကို တံတားအဖြစ်နဲ့ ဟိုဘက်လျိုထိပ်ကိုခင်းချပြီး ဆက်လျှောက်သွားကြမယ်"
ဒါနဲ့ သူလဲ သူထမ်းလာတဲ့ကပ်တိုင်ကိုခင်းပြီးဖြတ်ဖို့ကြိုးစားပေမယ့် သူလမ်းမှာလေးလွန်းလို့ ဖြတ်ထားတဲ့အတွက် သူ့ကပ်တိုင်ကတိုနေတော့ ဆက်လျှောက်လို့မရတော့ဘူး။
လောကမှာအသက်ရှင်နေရတဲ့အချိန်မှာ ကိုယ်ထမ်းထားတဲ့ဝန်ကအရမ်းလေးလှပါတယ်... ဒီလိုဘဲ သူများတစ်ကာလဲ ကိုယ့်လိုဘဲ ၀န်တွေကိုထမ်းနေရပါတယ်ဆိုတာကိုမမေ့ကြပါနဲ့နော်။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ