Skip to main content

နေ့လည်စာ (Staff Day)

ရုံးက တစ်နှစ်ကို staff day အတွက် အယောက်စီတိုင်း တစ်နေရာသွားအစာစား၊ ဒါမှမဟုတ် အဖွဲလိုက်သွား၊ concert တွေကြည့်ချင်ကြည့်၊ amusement parkကို သွားချင်သွားလို့ရတဲ့ budget ရှိတယ်။ မနှစ်ကတော့ ကျွန်မရုံးကသူငယ်ချင်းတွေက Under water world နဲ့ snow white concert သွားကြည့်ကြပေမယ့် ကျွန်မက မြန်မာပြည်ပြန်နေတော့ အဲဒီ ပိုက်ဆံမသုံးရသေးဘူး။ ထုတ်ပေးမလားဆိုတော့လဲမပေးဘူး..တစ်ခုခုသွားစား၊ သွားလည်မှပေးမယ်တဲ့...ကောင်းရော..
ဒါနဲ့ ကျွန်မ ရယ် ကျွန်မဘော့စ် ထဲကတစ်ယောက်ရယ်.. က အဲဒီပိုက်ဆံကိုမသုံရသေးတော့ဒီနေ့ နေ့လည်စာကို ဆိုင်တစ်ခုမှာသွားစားကြမယ်ဆိုပြီး စီစဉ်ထားလိုက်တယ်။ ခက်တာက ကျွန်မတို့ကိုပေးတဲ့ ပိုက်ဆံနဲ့ ဆို နှစ်ယောက်တည်းစားလို့မကုန်ဘူး. ဆိုတော့ ကျွန်မတို့က သူငယ်ချင်းတစ်ယောက်စီထပ်ခေါ်လိုက်တော့ စုစုပေါင်းလေးယောက်ဖြစ်သွားတာပေါ့။ အဲဒီ ကျွန်မဆရာက Associate Treasurer ဆိုပါတော့။ သဘောလဲအရမ်းကောင်းပါတယ်။ ကျွန်မတို့သွားစားမယ့်ဆိုင်က Balinsasayaw တဲ့.. (ဘလင်ဆာဆာရော) ရုံးနဲ့သိပ်မဝေးဘူး။ ပြီးတော့ သူက တစ်ဝိုင်းကို ၀ါးအိမ်လေးတစ်လုံးစီ တစ်လုံးစီနဲ့ လုပ်ထားတာ... အစားကိုတော့ ကြိုမှာထားလိုက်တယ်။ မပါမဖြစ် အချဉ်ဟင်းရေ ကတော့ အားလုံးအကြိုက် ပေါ့ (ရိုးရာအချဉ်ဟင်း ရည်ချက်နည်းကျွန်မ စားချင်စဖွယ်ပြင်ဆင်ကွယ်မှာရေးထားတယ်)။ ပြီး တော့ သီးစုံရွက်ကြော်နဲ့ ကြက်တောင်ပံချဉ်စပ်... Spicy chicken wings ...
ဆိုင်ရောက်ပြီးသိပ်မကြာပါဘူးအစားအသောက်တွေလာချတယ်.... ရိုးရာအချဉ်ဟင်းအရည်ကို ငါးနဲ့ချက်တာ၊ ငါးတောင်မှ အရမ်းဈေးကြီးတဲ့ငါးမှ အရသာရှိတာ..ဒီကလူတွေကတော့ အဲဒီဟင်းရည်ကမပါမဖြစ်ကိုဖြစ်နေတာ.. ဘာငါးနဲ့ဟင်းရည်ယူမလဲဆိုတော့ ငါးနာမည်တွေဖတ်တော့ရီချင်တယ် (လာပူလာပူ၊ မာရာမာရာ၊ ဘားငု၊ တစ်ငီးငီး) တဲ့... အားလုံးက ငါးအကြီးတွေ အကြည်းခွံလဲပါပါတယ်... တစ်ခုရှိတာ ဘားငု ငါးနဲ့ချက်တဲ့အချဉ်ရေ ကတော့အကောင်းဆုံးဘဲ လို့ဆိုတာဘဲ.. ဒါပေမယ့် ဘားငု ငါးနဲ့ချက်တဲ့ဟင်းရည်မရှိလို့ လာပူလာပူ ငါး နဲ့ချက်တာကိုဘဲရွေးရတယ်.. ကျွန်မကတော့ ကိစ္စမရှိ..ဘာငါးဖြစ်ဖြစ် ချဉ်ရင်ပြီးတော့..ပုံထဲမှာတော့ ငါးမမြင်ရဘူး..ဘာလို့လဲဆိုတော့ ငါးက ပုန်းနေတာ အရွက်တွေအောက်မှာ...ဒါပေမယ့်ခေါ်လာတဲ့သူငယ်ချင်းနှစ်ယောက်ကတော့ အရသာမရှိလို့ပွစိပွစိပြောနေလေရဲ့...

အင်းပြောပေါ့.. လာပြီး spicy chicken wings.. ကျွန်မနဲနဲမြည်းကြည့်လိုက်တယ်... စပ်တယ်..ဒါပေမယ့် ချိုတာလဲစိတ်ပျက်ဖို့ကောင်တယ်.. ကျွန်မပြောတယ်မကြိုက်ဘူးလို့....
ဟင်းထဲကိုအချိုထည့်ချက်တာလောက်မုန်းတာမရှိဘူး...ဒါနဲ့ ကျွန်မကတော့ အချဉ်ရေနဲ့ ဟင်းသီးရွက်ကြော် ဘဲစားလိုက်တယ်။ အဲဒါက မုန်လာဥနီ၊ ပဲသီး၊ ရွှေပဲသီး၊ မုန်လာထုပ်၊ ငရုတ်ပွ၊ သင်္ဘောသီးစိမ်း၊ ကြက်သား၊ ပန်းဂေါ်ဖီ တို့ကို ကော်ရည်နဲ့ကြော်ထားတာ... chopsoy လို့ခေါ်တယ်။


Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။