Skip to main content

မုန့်ဟင်းခါး

အင်္ဂါနေ့က စိတ်ကူးပေါက်လို့ မုန့်ဟင်းခါးအရမ်းစားချင်တာ။ တစ်ကူးတစ်ကလုပ်စားဖို့လဲ
အချိန်မရှိဘူး။
ကျွန်မရေခဲသေတ္တာထဲမှာလဲအိမ်ကယူလာတဲ့ရယ်ဒီမိတ်အထုတ်တွေရှိသေး
တော့
ကျွန်မသူငယ်ချင်းကိုကြီးကို ငါး၊ နံနံပင်၊ ငရုတ်သီး ၀ယ်လာခိုင်းလိုက်တယ်။တစ်ကယ်
တမ်းဆိုရင် ရယ်ဒီမိတ်မုန့်ဟင်းခါးရယ်ဒီမိတ်အထုတ်တွေကစားလို့မှမကောင်းဘူး။ အနံ့ရော၊
အရသာပါ တော်တော်ဆိုးတယ်။
ဒါပေမယ့် တစ်ခါတုန်းက ညီမ၀မ်းကွဲအိမ်မှာတစ်ခါချက်စား
တာတွေ့ဖူးတော့ နည်းကိုသိနေပြီ။
ရုံးဆင်းတဲ့အချိန်လာခဲ့လို့။ ကျွန်မရုံးဆင်းတာနဲ့အိမ်ကိုပြန်၊ ငါးကတော့ရောက်မလာသေးဘူး။ကိုကြီးရော၊ကျော်ကျော်ရောရောက်လာတာနဲ့ သူတို့ကတော့ ဒိုင်ခံလုပ်ပေးတဲ့သူတွေပေါ့၊ ကျွန်မက ညွှန်ကြားရေးမှူး...ဟီးဟီး
ပထမဆုံး

- ကုလားပဲနဲနဲကို ဆားထည့်ပြီး ပြုပ်လိုက်ပါတယ်။ (နူးအောင်စောင့်နေရင်အရမ်းကြာမှာမို့
နဲနဲပွလာတာနဲ့ blender ထဲကိုထည့်ပြီး မွှေလိုက်တော့ ပဲပြုပ်ရည်ရပြီ)
- ငါးကိုအကောင်လိုက်ဗိုက်ခွဲပြီးသားရေစင်အောင်ဆေး၊ ငံပြာရည်၊ ရေ၊ စပါးလင်တစ်ချောင်း
ကိုထု၊ အထုံလေးဖြစ်အောင်သူ့အရွက်တွေနဲ့ပြန်ချည်ပြီးထည့်၊ နံနံပင်လေးနည်းနည်းပါထည့်ပြုပ်
ထားလိုက်တယ်)
- ဒေါ်ချိုမုန့်ဟင်းခါးအဖတ်အခြောက်ထုပ်ကိုတော့ရေစိမ်ထားပါတယ်။
- ငါးကျက်လောက်တာနဲဆယ်ပြီးတော့ငါးကိုအရင်ဆုံးအရေခွံတွေခွာပြီးအသားတွေကိုဘဲယူပါတယ်။
- အိုးကြီးထဲမှာငါးပြုပ်ရည်၊ကုလားပဲအရည်ကိုတည်ထားချိန်မှာမုန့်ဟင်းခါးရယ်ဒီမိတ်အထုတ်ကိုဖောက်
- ဆန်မှုန့်တွေကိုရေနွေးလေးနဲနဲနဲ့အရင်ခွက်ထဲမှာဖျော်ပြီးလောင်းထည့်
- အထုတ်ထဲမှာပါတဲ့ အကြော်ထုတ်တွေကိုတော့.. စပါးလင်အရင်းပိုင်းကိုပါးပါးလှီး၊ ထောင်းပြီး
ထပ်ထည့် ဆီပြန်သတ်ပါတယ်။ ပြီးမှ
- ငါးအဖတ်တွေကိုထည့် ပြီးဆီသတ်၊ အရောင်တင်မှုန့်ထည့်ပြီး အိုးကြီးထဲမှာရေထည့်လိုက်ပါတယ်။
ကြက်သွန်နီတွေကိုလဲအလုံးကြီးရင်ခြမ်းထည့်ပါတယ်၊အလုံးသေးရင်တော့အလုံးလိုက်ထည့်ပါတယ်။
တစ်ခါ နှစ်ခါ ပွက်ရင်တော့အင်မတန်မွှေးကြိုင်ပြီးအချိုမှုန့်တောင်ထပ်ထည့်စရာမလိုတဲ့မုန့်ဟင်းခါး
ဟင်းရည်၊ ငါးဖတ်များများနဲ့ အဆင်သင့်စားလို့ရချိန်မှာ...
- ရေစိမ်ထားတဲ့မုန့်ဖတ်အခြောက်တွေကို ရေနွေးလေးနဲ့ခဏပြုတ်ပြီး ဇကာနဲ့စစ်၊ ရေအေးနဲ့ပြန်ဆေး...
- ပဲစိမ်ထားတဲ့ဟာနဲနဲချန်ထားပြီး.. အကြော်မှုန့်လေးနဲ့ကြော်လိုက်တော့ ပဲကြော်လေးပါစားရတာပေါ့နော်..
(အမှန်ကဘာလို့လဲတော့မသိဘူး..တော်တော်မာတဲ့ပဲကြော်)
- သံပုရာသီး၊ ငရုတ်သီးမှုန့်၊ နံနံပင်..အားလုံးအဆင်သင့်ဖြစ်တာနဲ့....
စားပြီဟေ့....

ဘာလို့တစ်ခါသုံးခွက်မှာစားတာလဲ???
ဆေးစရာလိုဘူးလေ၊ ပစ်လိုက်ရုံဘဲ။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။