ချစ်သူနဲ့လမ်းခွဲဖို့ယတိပြတ်ဆုံးဖြတ်လိုက်သောအခါ...
သူ့အသံကိုလဲမကြားချင်တော့ပါ (အသံကြားရုံဖြင့်ရင်ခုန်တိမ်းညွတ်မိသောအားနည်းချက်ကိုဖုံးကွယ်ခြင်း)
အတွေးထဲမှာရောက်လာသောသူ့ပုံရိပ်များကို အဝေးတစ်နေရာမှလှုပ်ရှားနေသောအရာတစ်ခုခုကိုငေးကြည့်နေခြင်းဖြင့်အချိန်ကုန်လွန်
စေသည်။
ဖုန်းဆီလို့အလိုလိုရောက်နေသောလက်များကိုတားဆီးရန် ဖုန်းများကို မမြင်၊မကြားနိုင်သောနေရာတွင်သိမ်းထားလိုက်သည်။
ရင်ထဲမှာ ဟာနေသောဗလာကွက်လပ်များအတွက် ရောက်ချင်တဲ့နေရာရောက်လျှောက်သွားနေမိသည်။
လမ်းလျှောက်သောခြေလှမ်းတိုင်းကို ၁ ၂ ၃ ၄ ရာထောင်သောင်းမက ရေတွက်ရင်း...အလိုလိုစီးကျသောမျက်ရည်များကို တစ်ရှုးများဖြုံးတီးခြင်းဖြင့်အကာကွယ်ယူလိုက်သည်။
အိပ်ရာဝင်တိုင်းချစ်သူအကြောင်းတွေး၊ စိတ်ကူးယဉ်မှုများကို မျက်နှာကျက်အဖြူရောင် စိတ်ကူးနှင့် ပန်းချီဆွဲနေခြင်းနှင့် အစားထိုးလိုက်သည်။
အစာစားနေသောအခါ...ဘာကိုစားနေမှန်းကိုယ့်ကိုကိုယ်ပင်မသိပါ။ အရူးတစ်ယောက်လို ထမင်းလုံးများကို စားပွဲပေါ်တွင် တစ်လုံစီ စီပြီး စာလုံးဖော်နေမိသည်။
သူ့အကြောင်းကို စဉ်းစားမိလျှင်ကိုယ့်ကိုကိုယ်ဒဏ်ခတ်သည့်အနေဖြင့် နံရံသို့ခေါင်းတစ်ချက်ဆောင့်လိုက်သည်။
မဖြစ်နိုင်မှန်းသိရက်...လူအများနည်းမျိုးစုံတားသည့်ကြားမှ သူ့ကိုချစ်မိသောကျွန်မ သည် မိုက်မဲလှကြောင်း နားလည်သိရှိလာသောနေ့တွင် တစ်ခါမှမမှားခဲ့ဖူးဘူးဟုကြွေးကြော်ခဲ့သော မိမိကိုယ်ကိုယ်ရှက်ရွံ့စိတ်က အမြဲခြောက်လှန့်နေပြီ။
အများသူငါရယ်မောနေလျှင် လိပ်ပြာမလုံသလို ကိုယ့်ကိုများရီနေလားဟုသံသယတွေဝင်လာသည်။
ကျွန်မ...ချစ်သူအပေါ်အတတ်နိုင်ဆုံးသစ္စာရှိခဲ့ပါသည်။ ကျွန်မချစ်သူမှလွဲ..ကျန်သောယောက်ျားလေးများကို ဖွဲနှင့်ဆန်ကွဲသာထင်ခဲ့သည်။ သူကျွန်မအပေါ်နားလည်သလို မိသားစုအပေါ်တွင်လည်းနားလည်နိုင်မည်ဟုယုံကြည် ခဲ့ဖူးပါသည်။ အရာအားလုံးတက်တက်စင်အောင်လွဲသောထိုနေ့သည်...ကျွန်မသေဆုံးသောနေ့ဖြစ်ပါသည်။
အသက်ရှင်ရက် နှင့်သေဆုံးခြင်းမှာ ခန္တာကိုယ်ပျက်သုံးသေဆုံးခြင်းထက်ပိုခံရခက်ပါသည်။
အနာဂတ်မရှိသောသူတစ်ယောက်သည် ခံစားမှုမရှိသောခန္တာကိုယ်ကို သယ်ဆောင်ပြီး လျှောက်လှမ်းနေရသောဘ၀မှာ သေလူ နှင့်ဘာမှမခြားတော့ပါ။

မမကူးကူး.. ဘာပုလို့လဲ..
ReplyDeletecan u share me ?
Good luck !
(ora)