Skip to main content

Nivea Products နှင့် ကျွန်မ

ကျွန်မတို့ငယ်ငယ်တုန်းက မောင်နှမ (၃)ယောက်လုံး မနက်မိုးလင်တာနဲ့ ရေချိုး..ပြီးရင် တရုတ်သရဲလို တစ်ကိုယ်လုံးဖြူဖွေးနေအောင်သနပ်ခါးလိမ်းပေးထားတယ်.... အဲဒါ ကျွန်မ (၁၀)တန်းအထိ... ရန်ကုန်ပြောင်းလာတော့ ဘုရားကျောင်းသွားရင် အများသူငါဆယ်ကျော်သက်လေးတွေလို မျက်နှာမှာ ကာလာလေးနဲ့ သွားချင်ပေမယ့် သနပ်ခါးမလိမ်းရင်မရဘူး... တော်တော်ကိုဂိုက်တုံးတဲ့ပုံလေးပေါ့..မြင်ယောင်လိုက်ပါသူငယ်ချင်းတို့ရာ...အိမ်ကနေလွတ်...
တက္ကသိုလ်စတက်တော့.. Happy World ဘဲ... ဘာဆိုဘာမှကိုမလိမ်းတော့တာ... မျက်နှာပြောင်နဲ့..နေရတာတော်တော်စိတ်ချမ်းသာတယ်။ ဒါပေမယ့် နေကအရမ်းပူတော့ဘာဖြစ်လာလဲဆိုတော့ မျက်နှာမှာ မှဲ့ခြောက်လေးတွေထွက်လာတယ်.. ဒါနဲ့ဘဲ.. မဖြစ်သေးပါဘူး တစ်ခုခုတော့လိမ်းမှဆိုပြီး..မာမီ့ကိုပြောတော့ D-Mark ဆိုလား..မှဲ့ခြောက်ပျောက်တဲ့မိတ်ကပ်ပို့ပေးတယ်... ဒါပေမယ့်ကြာကြာမလိမ်းနိုင်ပါဘူး.. ကျွန်မမိတ်ကပ်ကိုတော့မကြိုက်ဘူး..မိတ်ကပ်လိမ်း..နေပူချွေးထွက်ရင် ဟိုကွက်ဒီကွက်မျက်နှာတွေကျွန်မသိပ်မုန်းတာ...နောက်ပိုင်းကျတော့.. Nivea Cream ကိုစမ်းလိမ်းကြည့်ရင်းနဲ့.. မျက်နှာမှာဘာမှတင်မထားသလို..ဘာမှလိမ်းမထားသလိုနေလို့ကောင်းတယ်.. နေရောင်ခြည်ဒဏ်ကိုလဲကာကွယ်တယ်.. အဲဒီအချိန်ကနေစပြီးကျွန်မ Nivea ကိုဘဲစွဲစွဲမြဲမြဲသုံးလာတာအခုထိဘဲဆိုပါတော့...အခုနလေးတောင်.. ရုံးကအမကြီးတစ်ယောက်က ကျွန်မမျက်နှာလာကိုင်ပြီးဘာမိတ်ကပ်သုံးတာလဲလို့လာမေးလို့..ဒီပို့စ်လေးတင်ဖို့အကြံရတာ..
ကျွန်မသုံးတာ Nivea Visage Whitening Cream, lotion, facial form, lips care, cleanser,
hand cream, Bath care က အစ.. အကုန် Nivea ဘဲသုံးတယ်။ ဈေးလဲမကြီးဘူး..ကောင်းလဲကောင်းတယ်လေ...အနံ့ပြင်းတာမခံနိုင်တဲ့ ကျွန်မအတွက် အရမ်းအဆင်ပြေတယ်... ပြီးတော့ နေ့လိမ်း၊ ညလိမ်း ခရင်မ်ဆိုတော့.. ထပ်ပြီးမိတ်ကပ်တွေလိမ်းစရာလိုတော့ဘူးလေ.. ဒီကိုရောက်ကာစက သူငယ်ချင်းတွေက ဆွယ်တော့ ဈေးကြီးပြီးကောင်းလဲမကောင်းတဲ့ တစ်ခြားအမျိုးစားတွေအများကြီးပြောင်းသုံးခဲ့ဖူးသေးတယ်။ ဒါပေမယ့်နောက်ဆုံးတော့လဲ နေဗီယာ ကိုဘဲပြန်စွဲစွဲမြဲမြဲသုံးဖြစ်ပြန်တယ်။ မျက်နှာလေးကပြောင်ပြောင်လေးဖြစ်နေတာပေါ့...ဟုတ်လား..မဟုတ်ဘူးလား...

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။