Skip to main content

တစ်ခါပြုံးရင်ကျေနပ်ပါတယ်

ဆံပင်အညိုရောင်ရှိတဲ့သူတစ်ယောက်က ဖားလေးတစ်ကောင်ကိုစကားပြောနေတယ်။
လူတွေကပြောနေကြတယ်ကွာ... ငါတို့အလို ဆံပင်ညို/မျက်လုံးညိုတဲ့သူတွေက ဦးနှောက် (စဉ်းစားဥဏ်) မရှိဘူးတဲ့
အဲဒါမင်းဘယ်လိုထင်လဲ...လို့မေးတော့
ဖားလေးက ဘာမှပြန်မဖြေဘဲ...ရေကန်ထဲကိုခုန်ချသွားတယ်..
ဒါနဲ့ အဲဒီလူကအလန့်တကြားထအော်တယ်.. ဟာဟေ့..ဘာလို့ကိုယ့်ကိုကိုယ်သတ်သတ်ဖို့ထိမိုက်မဲရတာလဲ...တဲ့

ဆံပင်/မျက်လုံးညို နဲ့ပတ်သတ်ပြီးကြားဖူးတာနောက်တစ်ပုံရှိသေးတယ်... သူငယ်ချင်းတွေက ကျွန်မကိုစပြီးပြောပြဖူးတဲ့ပုံလေးတစ်ခုပေါ့...
တစ်ရက်ကျတော့.. အိမ်ထောင်သည်ယောက်ျားသူငယ်ချင်းနှစ်ယောက်စကားစမည်ထိုင်ပြောနေကြတယ်။
ဟိုရောက်ဒီရောက်ပြောရင်းနဲ့.. တစ်ယောက်က သူ့သူငယ်ချင်းကိုပြောတယ်..
မျက်လုံးအနက်နဲ့ မိန်းမတွေကသစ္စာမရှိဘူးကွ... ယောက်ျားကွယ်ရာမှာဖောက်ပြန်တတ်တယ်...လို့ပြောတော့
တစ်ယောက်က..ဟာ ငါတောင်သတိမထားမိဘူး..ငါ့မိန်မမျက်လုံးညိုလားနက်လားဆိုတာ..ငါပြန်လိုက်အုံးမယ်ကွာလို့ပြောပြီး....
အိမ်ကိုအပြေးပြန်သွားတယ်...
အိမ်ရောက်တော့ မောမောပန်းပန်းနဲ့..မိန်းမရေ..မိန်းမရေ... ဆိုပြီးအိပ်ခန်းတံခါးကိုသွားခေါက်တယ်.. သူ့မိန်းကမ တံခါးဖွင့်ပြီးထွက်လာတာနဲ့ သူ့မိန်းမ လက်မောင်းကိုသူကိုင်ပြီးမျက်လုံးကိုသေချာစိုက်ကြည့်လိုက်တယ်။
သူက၀မ်းသာအားရနဲ့... ဟာ.. အညိုရောင် Brownnnnnnnnnnn လို့ ထအော်လိုက်တော့....
သူတို့လင်မယားကုတင်အောက်က အောက်ခံဘောင်ဘီနဲ့ယောက်ျားတစ်ယောက်ကထွက်လာပြီးတော့...
ခင်ဗျားကျွန်တော့နံမည်ဘယ်လိုသိတာလဲ တဲ့....ကောင်းရော..
မှတ်ချက်။ ကျွန်မမျက်လုံးအညိုမဟုတ်ဘူနော်.. ပျားရည်ရောင်..ဟိဟိ

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။