Skip to main content

စိတ်ဒဏ်ရာ/အမာရွတ်

တစ်ခါက..အရမ်းကိုဒေါသကြီးစိတ်တိုတတ်တဲ့ကောင်လေးတစ်ယောက်ရှိသတဲ့။သူ့အဖေကသူ့ကို သံလေးတွေထည့်ထားတဲ့အိတ်လေးတစ်ခုကိုပေးပြီးတော့သူ့ကိုဘာပြောလဲဆိုရင်..သား..မင်းစိတ်တို
လာတိုင်း..ဒေါသတစ်ခါထွက်လာတိုင်းသံလေးတစ်ချောင်းကိုယူ၊
ပြီးတော့ခြံစည်းရိုးမှာတူနဲ့သွားရိုက်
ထားရမယ်..လို့ပြောသတဲ့။
ပထမဆုံးနေ့မှာတော့ကောင်လေးကသံ၃၇ချောင်းခြံစည်းရိုးမှာသွားရိုက်
ရတယ်။
နောက်နှစ်ပတ်သုံးပတ်ကြာတော့သူဒေါသထွက်တာ..စိတ်တိုတာတွေကိုထိမ်းနိုင်လာတဲ့
အတွက်ခြံစည်းရိုးမှာသံချောင်းလေးတွေရိုက်ရတာလဲတစ်ဖြည်းဖြည်းနဲ့ လျော့လျော့လာတယ်။

သူဘယ်လိုတွေးလဲဆိုတော့ ငါစိတ်တို၊ ဒေါသဖြစ်တာကို ထိန်းလိုက်တာ သံချောင်းကိုခြံစည်းရိုးမှာ
သွားသွားရိုက်နေရတာထက်စာရင်ပိုလွယ်တယ်။နောက်ဆုံးမှာတော့ကောင်လေးဟာစိတ်တိုတာ၊ ဒေါသဖြစ်တာတွေကိုလုံးဝထိန်းထားနိုင်တဲ့သူတစ်ယောက်ဖြစ်လာတဲ့အချိန်မှာတော့သူ့အဖေကို
သူလုံးဝဒေါသဖြစ်တာစိတ်တိုတာမရှိတဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါ၊
ကောင်းပြီသား.. စိတ်တိုတာ၊ဒေါသဖြစ်တာတွေလုံးဝမရှိတော့တဲ့ဒီနေ့ကနေစပြီး နေ့တိုင်း သားအရင်က
စိတ်တို၊ ဒေါသထွက်တိုင်းရိုက်သွင်းခဲ့တဲ့ခြံစည်းရိုးက သံချောင်းလေးတွေကို ပြန်နုတ်ပါ။
ဒီလိုနဲ့ ရက်ကြာလာတာနဲကအမျှ ခြံစည်းရိုးမှာ ရိုက်ထားခဲ့တဲ့သံချောင်းလေးတွေလဲကုန်သွားတယ်။
သူ့အဖေကသူ့သားရဲ့လက်ကိုဆွဲပြီးခြံစည်းရိုးအနားကိုခေါ်လာပြီးတော့..သားအရမ်းတော်တယ်။
ဒါပေမယ့်သားနုတ်ထားတဲ့သံချောင်းအရာတွေခြံစည်းရိုးမှာအမြဲထင်ကျန်နေပြီ။အရင်အတိုင်း

ဘယ်တော့မှပြန်မဖြစ်တော့ဘူး။
ဒါကြောင့်ဒေါသစိတ်နဲ့ပြောတဲ့စကားဟာသူတစ်ပါးအတွက်စိတ် အနာတစ်ရဖြစ်စေရုံမကဘူးဒဏ်ရာအဖြစ်ထင်ကျန်ခဲ့တယ်။ဘာနဲ့တူလဲဆိုတော့ဒါးတစ်ချောင်းယူပြီး
လူတစ်ယောက်ကိုထိုး
လိုက်သလိုဘဲ..ကျွန်တော်မှားပါတယ်။တောင်းပန်ပါတယ်ဘယ်လောက်ပြောပြော အဲဒီလူကတော့သေချင်သေသွားမယ်..မသေရင်တောင်ဒဏ်ရာအဖြစ်နဲ့တစ်သက်လုံးထင်ကျန်ခဲ့မယ်။
လက်နဲ့ အနာတစ်ရဖြစ်အောင်လုပ်တဲ့အရာထက်၊ စကားနဲ့အနာတစ်ရဖြစ်အောင်လုပ်တာ ပိုပြင်းထန်
တယ်။ လျှာတစ်ချောင်းဟာဓားသွားထက် ပိုထက်တယ်ဆိုတာကိုနားလည်ရမယ်။

သူငယ်ချင်းတွေဟာအဖိုးတန်ကျောက်မြတ်ရတနာတွေထက်ပိုတန်ဖိုးရှိပါတယ်။
သင့်ကိုရယ်မောပျော်ရွှင်စေနိုင်သလို စိတ်ဓာတ်ကျတဲ့အချိန်မှာလဲအားပေးစကားတွေပြောပြီး
အောင်မြင်မှုလမ်းစကိုရောက်အောင်တွန်းပို့ပေးတယ်။ကိုယ့်ခံစားချက်တွေကိုစိတ်ရှည်လက်ရှည်
နားထောင်ပေးသလို.. လုပ်ရပ်တစ်ခုခုအတွက်လဲ
ချီးကျူးစကားတွေပြောတတ်ကြပါသေးတယ်။
ကျွန်မမှာလဲ အဲလိုချစ်စရာကောင်းတဲ့သူငယ်ချင်းလေးတွေရှိသလို.. သူငယ်ချင်းတို့မှာလဲရှိမယ်လို့
ယုံကြည်ပါတယ်။

အကယ်လို့ ကူးကူးဒေါသစိတ်နဲ့ ပြောမိခဲ့တဲ့စကားတစ်ခွန်းက သူငယ်ချင်းတို့ရင်ထဲမှာ ဒဏ်ရာအနေနဲ့
ကျန်ခဲ့ရင်ခွင့်လွှတ်ကြပါနော်။



Comments

  1. ကူကူးရေ
    ဥဥကူးသွားတယ်
    ခွင့်လွှတ်လူကြီးတွေဆူနေတာပြောလို့မရလို့

    ခင်တဲ့
    ဥဥ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။