Skip to main content

ရုံးပိတ်ရက်ရှည် အိပ်မက်ရှည်

ပြီးခဲ့တဲ့ ကြာသပတေး ကစလို့ ဒီမှာ Good Friday- Easter Sunday ရုံးပိတ်ရက် (၄)ရက်တောင်ရှိတာပါ..
အကျိုးရှိရှိအသုံးချပုံကဒီလို.....
အခုတစ်လော အွန်လိုင်းတက်၊ စာရေး... သူငယ်ချင်းတွေအွန်လိုင်းလာတဲ့အချိန်က ကျွန်မဆီကအချိန်နဲ့ဆိုတော်တော်ညနက်.. အလုပ်ကများ.. စိတ်ကလဲဟိုရောက်ဒီရောက်... နဲ့ အိပ်ရေးပျက်တာတွေအရမ်းများနေတာအမှန်၊ ဒါထက်
တစ်ယောက်တည်းနေတော့..ဘာမှမယ်မယ်ရရ ကောင်းကောင်းချက်စားတယ်ဆိုတာမရှိပါဘူး..တစ်ခါတစ်လေ စားချင်စိတ်တောင်မရှိတာဆိုးတယ်.. စိတ်လိုလက်ရချက်လိုက်ပြန်ရင်လဲ..တစ်ယောက်တည်း စားရမှာပျင်း... ဒီလိုနဲ့ ဖြစ်သလိုစားတဲ့ငပျင်းဇတ်ခင်းနေတာကြာပေါ့... တစ်ခုရှိတယ်.. စားချင်တဲ့စိတ်.. အဲဒီစိတ်ရှိမှ လူကထချက်ချင်တာ.. စားချင်စိတ်မရှိရင်ချက်ချင်စိတ်လဲမှရှိဘူး... စားချင်စိတ်ရှိအောင် ကျွန်မကိုတိုက်တွန်းလို့ရတာတစ်ခုမှမရှိဘူး.. တစ်ခုဘဲရှိတယ်။ အဲဒါ ဆေး..အားဆေး..လို့ခေါ်မလား.. ရန်ကုန်မှာတုန်းကဆရာဝန်ကအစာစားချင်စိတ်ဖြစ်အောင် ပေးထားတဲ့အားဆေးအရည်၊ ဒါပေမယ့်အဲဒီဆေးက Cyproheptadine Hydrochloride (anhydrous ) 2 mg, Peptone 25 mg, lysine Hydrochloride 150mg တွေပါဝင်တဲ့ Syrup အရည်ပါ..သောက်ပြီးရင် ကားမမောင်းဖို့ အပြင်မထွက်ဖို့ ဆရာဝန်မညွှန်ကြားဘဲမသောက်ဖို့တော့ သတိပေးတဲ့စာတွေပါတယ်.. အရည်ကချိုတယ်လေ... ဆေးသောက်ရသလောက်ဆေးမုန်းတဲ့ကျွန်မအတွက်တော့ အေးဆေး.၊ အဲဒီဆေးက ပုံမှန်လေးသောက်ပေးရင် အစားအရမ်းစားချင်ပြီးတော့ ၀ လာတယ်။ ဖြတ်ထားပြီးတော့ အကြာကြီးနေမှပြန်စသောက်ရင်တော့ အိပ်လိုက်တာ ဗြောင်းဆန်နေအောင်..လုံးဝမနိုးတော့ဘူး.. ၂ ရက် ၃ ရက်..အသေအလဲကိုအိပ်ချင်တာ...
ကျွန်မရန်ကုန်မှာနေတုန်းက..သူငယ်ချင်းတစ်ယောက်ရှိတယ်..ရွယ်တူပေါ့.. သူက လာလည်တိုင်းကျွန်မ ကဧည့်ခန်းမှာ ဖက်လုံးတစ်လုံးနဲ့ ခွေခွေနေလို့ သူက.. နင့်အားဆေးဒီလောက်တောင်အိပ်ချင်ရလား.. ငါလာလည်လို့ အိပ်ချင်ယောင်ဆောင်တာလား ဆိုပြီးမသင်္ကာဖြစ်လို့.. ကျွန်မဆေးကို တစ်ငုံသောက်ပြီး ပြန်သွားတာ..နောက် (၄)ရက်လောက် ပျောက်သွားတယ်.. ကျွန်မဆီလာမလည်တော့ဘူး.. ကျွန်မက စိုးရိမ်လို့..နောက်နေ့ကျတော့သူရောက်လာတယ်.. အိပ်ချင်မူးတူးရုပ်နဲ့... သူက ယုံပါပြီတဲ့... အဲလောက်စွမ်းတဲ့ဆေး၊ ဟားဟား.
ကျွန်မ ကြာသပတေးနေ့ နေ့လည်လောက်မှာ ဆေးရည်တစ်ဇွန်းလောက်သောက်လိုက်တယ်... ပြီးတော့ ကျွန်မအိပ်ပျော်သွားရော.. ရေဆာတယ်... ရေထသောက်တယ်... တစ်ခါတစ်လေကွန်ပြူတာရှေ့လာထိုင်ပြီး တစ်ကြောင်းနှစ်ကြောင်းပြန်ဖြေသေးတယ်... ကျွန်မဗိုက်ဆာလို့ ပန်းသီးသွားထုတ်စားတယ်.. ကျွန်မခေါင်းထဲမှာ ညီမ၀မ်းကွဲမိသားစုညနေလာလည်မယ်ပြောထားတာကိုတော့ မှတ်မိနေတယ်။။။။ ကျွန်မ ကောင်းကောင်းနိုးတော့ နာရီကြည့်တော့ ၉း၃၀ည၊ စိတ်ထဲမှာ ...ဟာ သူတို့မိသားစုခုထိမလာသေးဘူး... ဒါနဲ့ကျွန်မ ရေချိုး...အိပ်ချင်တုန်းဘဲ... အွန်လိုင်းကတော့အမြဲဖွင့်ထားတာဘဲ.. ဖုန်းမှာလဲ miss call တွေများကြီး.. ကျွန်မကွန်ပြူတာရှေ့ထိုင်လိုက်တော့ သောကြာနေ့ကြီးဖြစ်နေတယ်.. အောင်မလေး
ဘာများမှားနေလဲ... ဒီနေ့ ကြာသပတေးလေ..ဘယ်လိုဖြစ်လို့.. ဖုန်းကိုအသဲအသန်ဖွင့်.. နေ့ကိုကြည့်တော့ ဟုတ်တယ် သောကြာ...
သြော်....ငါအိပ်တာ တစ်ရက်ကျော်ကြာသွားတာကိုး..ဘာမှမသိလိုက်ဘူး... ကောင်းလိုက်တာ...
ဆေးအရှိန်ကမသေသေးဘူး...အိပ်ချင်သေးတယ်.. ဒါနဲ့ ဆက်အိပ်လိုက်တာ.. ဒီနေ့မနက်မှ စောစောလေးနိုးတော့ ဆေးအရှိန်ကပြေနေပြီး..တော်သေးတယ်... ဒါနဲ့ ရေချိုးပြီး ဘုရားကျောင်းကိုပြေးရော....
ကျွန်မသူငယ်ချင်း ပင်ကီ က မေ.. နောက်ဆိုအဲဒီဆေးမသောက်ပါနဲ့.. တော်ကြာမနိုးတော့ရင်ဘယ်လိုလုပ်မလဲတဲ့...
အာ..ငါ (၃)ရက်လောက်မနိုးရင်.. အတင်းတံခါးဖွင့်ပြီးဝင်လာကြပေါ့လို့တောင်နောက်လိုက်သေးတယ်...

Comments

  1. ဟီးဟီးရုံးပိတ်ရက်အပ်လိုက်တာဂယ်ပါယုံပါတယ်
    ပျောက်သွားလိုက်တာခရီးထွက်သွားပြီလားလို့
    ဥဥ

    ReplyDelete
  2. ဟုတ်ပါ့ဥဥရေ.... တစ်ကယ်ကိုတစ်ရက်ကျော်အိပ်ပျော်သွားတာ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။