Skip to main content

အပင်စိုက်ခြင်း- ရုံးပိတ်ရက်

ဒီနေ့ရုံးပိတ်ရက်မှာတော့... တစ်နှစ်ခွဲကျော်ကြိုတင်ကြံစည်ထားတဲ့ကိစ္စကိုအကောင်ထည်ဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
မလုပ်ခင်ပျင်းနေသေးတယ်... နောက်တော့ မနေ့က ပဒုမ္မာထဲမှာ ကိုကိုစိုင်းဆိုတဲ့ချာတိတ်က ပူတင်းလုပ်တဲ့အကြောင်းမေးထားတာသတိရလို့.. ငါပူတင်းလုပ်တတ်ရဲ့လားလို့ ကိုယ့်ဘာသာကိုယ်စမ်းကြည့်ချင်တာနဲ့ တောကြက်ဥနှစ်လုံး (ကြက်ဥအညိုကိုပေါတာပါ) ကိုမွှနေအောင်ခေါက်.. နွားနို့ထည့်..သကြားထည့်ပြီး၊ ဆားလေးနဲနဲထည့် ပြီးတော့ခွက်တစ်လုံးမှာထည့်ပြီး ထမင်းအိုးမှာရေနွေးတည်ပြီးပေါင်းလိုက်တာ... ခဏကြာတော့..အလဲ့..ကြက်ဥပူတင်းလေးဖြစ်သွားပါရောလား... တော်လိုက်တဲ့ ကူးကူး...စားကြည့်လိုက်တော့ မွှမွှလေး..အရသာက စိမ့်နေတာ..ချိုမြမြနဲ့.. ကြက်ဥအနံ့လေးကသင်းပြီး လဘက်ခြောက်အနံ့လေးပါသင်းနေတာ.. (ဘာလို့လဲသိလား၊ ကြက်ဥပူတင်းပေါင်းဖို့ရေနွေးတည်တော့ လဘက်ခြောက်လေး နဲနဲခပ်လိုက်တာကိုး..မပိုင်ဘူးလား)
ကဲကဲ...စားတဲ့ကိစ္စပြီးပြီဆိုတော့..အလုပ်စတော့မယ်။
အိမ်ရှေ့က ဓားမ (သံချေးတက်နေပြီ) တစ်ချောင်းကိုယူ..အနောက်ဖက်ကွက်လပ်ကမြေကိုဆွ... အိမ်ဘေးက အန်ကယ်လ် က ပေါက်တူးသေးသေးတစ်ချောင်းလာပေးတာနဲ့အတော်ဘဲ... မြေကိုဆွ... လက်အိပ်စွပ်..မြေကြီးတွေကို သမအောင်နယ်.မြေသြဇာအထုတ်ထဲက အလုံးလေးတွေလက်တစ်ဆုပ်လောက်ကိုယူ အားလုံးရောသမမွှေ.. မွေးနေ့တုန်းက ရုံးကသူငယ်ချင်းတွေလက်ဆောင်ပေးထားတဲ့ ဂန္နမာ ပန်းအိုးထဲက ဖွဲတွေလောင်းချ... အကုန်ရောမွှေ..အပင်ပေါက်သေးသေးလေးထွက်လာတာကို ခဏဖယ်ထား... ပြီးတာနဲ့ အိမ်ကပို့ပေးတဲ့ ချဉ်ပေါင်စေ့တွေကို လိုင်းလေးဖော်ပြီးလိုက်မြုပ်၊ နောက်တစ်လိုင်းကတော့ ဘာအစိမှန်းမသိဘူး..ကိစ္စမရှိဘူး..မျိုးစေ့ဆိုတော့ အပင်ပေါက်လာမှသိမှာဘဲ.. လိုက်မြုပ်.. ပြီးအပေါ်ကမြေလေးတွေလိုက်ဖုံး... မပြီးသေးဘူး.. အိမ်ရှေ့ပန်းအိုးထဲမှာ ကြက်သွန်စားမလို့ဝယ်ထားတဲ့ဟာတွေအပင်ပေါက်လာလို့ သွားစိုက်ထားတာရှိသေးတယ်။ ပူစီနံပင်လေးကိုပါကပ်စိုက်ထားတာ ထပ်မကြီးလာတော့မယ့်အတူအတူ ပူစီနံနှစ်ပင်ကိုသွားနုတ်ပြီး ထောင့်လေးမှာကပ်စိုက်၊ ဂန္နမာပင်လေးအတက်လေးထွက်လာတာကိုဘေးမှာစိုက်...
ကဲပြီးပြီ။။ ဒါပေမယ့် တော်ကြာမြက်ရိတ်သမားလာရင်..အကုန်ရိတ်သွားရင်ဒုက္ခ၊ ခြံစည်းရိုးလေးခတ်ရမယ်။။။ ဒါနဲ့ ဓါးမတစ်ချောင်းကို ယူပြီး ၀ါးရုံးလိုက်ရှာ.. ၀ါးအခြောက်တစ်ပင်ကိုခုတ်... ခွဲပြီး ခြံစည်းရိုးလေးလုပ်.. ၀ါးခုတ်ရင်းနဲ့လက်မှာ ဓါးထိသွားသေးတယ်... နာလိုက်တာ..သွေးတွေလဲထွက်... Fighting..fighting.. ဒီလောက်တော့ရှိမှာပေါ့...
နောက်ဆုံးကျတော့ အားလုံးပြီးသွားတော့..အပေါ်ကနေရေလေးတွေဖျန်းထားလိုက်တယ်...ဟူး....မောသွားပြီ...
အရေးထဲ အလုပ်ရှုပ်ပါတယ်ဆိုဖုန်းကလာသေးတယ်..ကိုင်တော့လဲ ဘာမှမပြောဘူး...တော်တော်နှောက်ယှက်တယ်...
အပင်သာစိုက်ချင်တာ..တောင်ကီ ကိုခပ်ကြောက်ကြောက်..တော်သေးတယ် တစ်ကောင်မှမတွေ့လို့...



အပင်စိုက်ခြင်းပြီးဆုံးသွားတော့... မောမောနဲ့ဧည့်ခန်းမှာထိုင်...သြော..သူတို့ကထိုင်စောင့်နေကြတာကိုး။ ကျွန်မဧည်ခန်းက ထိုင်မယ့်သူမရှိတော့ သူတို့လေးတွေကိုဘဲပေးထိုင်ထားရတယ်... တစ်ယောက်တည်းနေတာ တော်တော် အမကျန်တာဘဲ.. but သို့သော်.. နှစ်ယောက်နေဖို့တော့ အကြံမပေးလိုက်ပါနဲ့....
တစ်ယောက်တည်းနေခြင်းရဲ့ ကောင်းကျိုးတွေကိုသိနေပြီးသားလူတစ်ယောက် နှစ်ယောက်သာဖြစ်လာရင် တော်တော် ကသိကအောက်နိုင်မှာ..သိလား...

အောင်မလေးလေး... ငါ့မှာတော့ပင်ပင်ပန်းပန်းနဲ့ မြေတူး၊ မြောင်ဖော်မျိုးစေ့လေးတွေစိုက်ထားတာ..ညနေပိုင်းမှ မိုးကရုတ်တရက်ကြီးကောက်ကာငင်ကာထရွာ...ချိန်းလိုက်တဲ့မိုးကြိုး..ပစ်တာ အုန်းပင်တစ်ပင်ကုန်...မဲတူး။။။
ငါ့အပင်လေးတွေတော့တေပါပီ.... ဟင့်ဟင့်..ငိုချင်လိုက်တာ...

Comments

  1. ဟီးဟီး
    နှစ်ယောက်နေဖို့အကြံမပေးတော့ဝူးတိရား
    တစ်ယောက်တည်းနေလို့လွတ်လပ်တဲ့အရသာ
    စည်းကမ်းမရှိနေချင်သလိုနေရတဲ့အရသာ
    အထီး/အမကျန်တာကလွဲပြီးဘာပြသနာမှမရှိတာ
    အဲတာတွေလည်းဥဥသိတော့ပေးဝူးအကြံ
    အမကျန်ကျန်တစ်ယောက်တည်းနေတိလားကူကူး

    ခင်တဲ့
    ဥဥ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။