တစ်ခါတုန်းကပေါ့ တောထဲမှာရှိတဲ့အကောင်လေးတွေက လာမယ့်အနာဂတ်မှာ ပြသနာတွေရှိရင်ရင်ဆိုင်နိုင်ဖို့အရမ်းကိုခွန်းအားသတ္တိနဲ့ပြည့်စုံအောင်လုပ်ကြရမယ်ဆိုပြီး ကျောင်းတစ်ကျောင်းကိုဖွဲ့စည်းဖွင့်လှစ်လိုက်သတဲ့။
ကျောင်းရဲ့သင်ရိုးညွှန်းတမ်း၊ သင်ကြားမယ့်ဘာသာတွေမှာ အပြေးလေ့ကျင့်ခြင်း၊ တောင်တက်ခြင်း၊ ရေကူးခြင်း နဲ့ ပျံသန်းညခင်းတို့ပါဝင်တယ်။ သင်ရိုးညွှန်းတမ်းတွေကို အကောင်လေးတွေအားလုံးက ဘာသာစုံသင်ကြားရမှာဖြစ်ပါတယ်။
ကိုကိုဘဲ ကတော့ ရေကူးတဲ့နေရာမှာအရမ်းကို ကျွမ်းကျင်တတ်မြောက်တယ်။ သူ့ကိုသင်ပေးတဲ့ဆရာထက်တောင်လက်စွမ်းထက်နေသေးတယ်။ ဒါပေမယ့် ပျံသန်းခြင်းဘာသာမှာတော့ သူ့အမှတ်က အောင်ရုံလောက်ဘဲရပြီးတော့ အပြေးသင်ခြင်းဘာသာမှာတော့ အရမ်းကို ညံ့တာဘဲ။ ဒါကြောင့် သူများတွေကျောင်းဆင်းလို့အိမ်ပြန်ရင် သူကမပြန်ရဘူး။ရေကူးတာကိုရပ်ပြီး အပြေးဘဲ အသဲအသန်လေ့ကျင့်နေရတယ်။
ဘယ်လောက်တောင်အပြေးလေးကျင့်လဲဆိုရင် ကိုကိုဘဲကလေဟာ သူ့ရဲ့ ခြေထောက်ပြားပြားလေးတွေအနာတရဖြစ်ပြီး ရေကူးတဲ့နေရာမှာတောင်အမှတ်က အောင်ရုံလောက်ဘဲရတော့တယ်။ ဒါပေမယ့် ကျောင်းအုပ်ကြီးက...ကောင်းပြီ.. သူအခုဆိုရင်ပြေးနိုင်ပြီ။ ရေကူးတာတော့သင့်ရုံလောက်ဘဲတတ်တော့ပေမယ့်လက်ခံနိုင်လောက်တယ်လို့ပြောပေမယ့် ကိုကိုဘဲလေးကတော့ တော်တော့်ကို စိတ်ပျက်နေရှာတယ်။
ယုန်ကလေးကတော့ အပြေးဘာသာရပ်မှာ အတန်းထဲမှာ သူကထိပ်ဆုံးဘဲ။ သူ့ကိုမှီတဲ့သူတစ်ယောက်မှမရှိဘူး...ဒါပေမယ့် ရေကူးသင်ရတော့မယ်ဆိုရင်တော့ သူတစ်ကိုယ်လုံးတုန်ခါနေပြီးတော့ အရမ်းကိုကြောက်ပေမယ့် မယူမနေရဘာသာဆိုတော့ အရမ်းကိုကြိုးစားပြီးရေကူးတာကိုသူသင်နေသတဲ့။
မောင်ရှဥ့်ငပေါ ကတော့ အမြင့်ကိုတက်တဲ့ဘာသာရပ်မှာပြိုင်စံရှားဘဲ...ဒါပေမယ့် ပျံသန်းခြင်း ဘာသာမှာတော့ စိတ်ပျက်စရာကောင်းလောက်အောင်တိုးတက်မှုမရှိဘူး။ သူ့ဆရာက သူ့ကို သစ်ပင်ပေါ်ကနေပျံတာကိုမခိုင်းဘဲ မြေပြင်ပေါ်ကနေစပျံခိုင်တော့သူဘယ်လိုပျံနိုင်မလဲ.. ဒါပေမယ့်သူကြိုးစားပါတယ်။နောက်ဆုံးတော့ သူ အပေါ်ကိုတက်တဲ့နေရာမှာ တော်သင့်ရုံလောက်အမှတ်ဘဲရပြီးတော့ ပြေးတဲ့နေရာမှာ အောင်ရုံလောက်ဘဲရတော့တယ်။
မောင်စွန်ရဲ ကတော့ တော်တော့်ကိုပြသနာရှာတဲ့ကျောင်းသားပါ။ ခဏခဏ စည်းကမ်းဖောက်ဖျက်လို့ဒဏ်ပေးခံရတယ်။
အမြင့်တက်သင်ရတဲ့အတန်းမှာ အားလုံးအတူတက်ကြပြီဆိုရင် သူ့အရှေ့မှာရှိတဲ့အကောင်တွေအကုန်သူက ရိုက်ချတယ်။ သူက အတောင်ပံပါတော့သစ်ပင်ထိပ်မှာထိုင်နေတာကိုး။
ကျောင်းနောက်ဆုံးနှစ်မှာတော့ သူတစ်ကာဝိုင်းပယ်ထားတဲ့ ငါးရှဥ့်လေးက ရေကူးလဲအင်မတန်ကျွမ်းကျင်ပြီး၊ ပြေးလဲပြေးနိုင်တယ်။ အမြင့်လဲတက်နိုင်သလို အနဲငယ်လဲပျံနိုင်တယ်... သူက အမှတ်အားလုံးခြုံလိုက်ရင် အများဆုံးရသွားတယ်။
ကိုကိုခွေးကတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲကိုကလန်ကဆန်လုပ်ပြီး ကျောင်းထွက်သွားတယ်။ ဘာလို့လဲဆိုတော့ သူတို့က မြေတူးခြင်း၊ တွင်းတူးခြင်းတွေကို သင်ရိုးညွှန်းတန်းထဲမှာ မထည့်လို့တဲ့။ ဒါကြောင့်သူတို့ဘာသာသူတို့ကျောင်းတစ်ကျောင်းသီးသန့်ထောင်ပြီးအောင်မြင်လာသတဲ့ကွယ်။
ဒီအကောင်လေးတွေပုံပြင်မှာဘာသင်ခန်းစာရပါသလဲ???

Comments
Post a Comment
ကူးကူးရေ...