Skip to main content

ချစ်သူနှင့်လမ်းခွဲခဲ့သောအခါ

ချစ်သူနဲ့လမ်းခွဲဖို့ယတိပြတ်ဆုံးဖြတ်လိုက်သောအခါ...
သူ့အသံကိုလဲမကြားချင်တော့ပါ (အသံကြားရုံဖြင့်ရင်ခုန်တိမ်းညွတ်မိသောအားနည်းချက်ကိုဖုံးကွယ်ခြင်း)
အတွေးထဲမှာရောက်လာသောသူ့ပုံရိပ်များကို အဝေးတစ်နေရာမှလှုပ်ရှားနေသောအရာတစ်ခုခုကိုငေးကြည့်နေခြင်းဖြင့်အချိန်ကုန်လွန်
စေသည်။
ဖုန်းဆီလို့အလိုလိုရောက်နေသောလက်များကိုတားဆီးရန် ဖုန်းများကို မမြင်၊မကြားနိုင်သောနေရာတွင်သိမ်းထားလိုက်သည်။
ရင်ထဲမှာ ဟာနေသောဗလာကွက်လပ်များအတွက် ရောက်ချင်တဲ့နေရာရောက်လျှောက်သွားနေမိသည်။
လမ်းလျှောက်သောခြေလှမ်းတိုင်းကို ၁ ၂ ၃ ၄ ရာထောင်သောင်းမက ရေတွက်ရင်း...အလိုလိုစီးကျသောမျက်ရည်များကို တစ်ရှုးများဖြုံးတီးခြင်းဖြင့်အကာကွယ်ယူလိုက်သည်။
အိပ်ရာဝင်တိုင်းချစ်သူအကြောင်းတွေး၊ စိတ်ကူးယဉ်မှုများကို မျက်နှာကျက်အဖြူရောင် စိတ်ကူးနှင့် ပန်းချီဆွဲနေခြင်းနှင့် အစားထိုးလိုက်သည်။
အစာစားနေသောအခါ...ဘာကိုစားနေမှန်းကိုယ့်ကိုကိုယ်ပင်မသိပါ။ အရူးတစ်ယောက်လို ထမင်းလုံးများကို စားပွဲပေါ်တွင် တစ်လုံစီ စီပြီး စာလုံးဖော်နေမိသည်။
သူ့အကြောင်းကို စဉ်းစားမိလျှင်ကိုယ့်ကိုကိုယ်ဒဏ်ခတ်သည့်အနေဖြင့် နံရံသို့ခေါင်းတစ်ချက်ဆောင့်လိုက်သည်။
မဖြစ်နိုင်မှန်းသိရက်...လူအများနည်းမျိုးစုံတားသည့်ကြားမှ သူ့ကိုချစ်မိသောကျွန်မ သည် မိုက်မဲလှကြောင်း နားလည်သိရှိလာသောနေ့တွင် တစ်ခါမှမမှားခဲ့ဖူးဘူးဟုကြွေးကြော်ခဲ့သော မိမိကိုယ်ကိုယ်ရှက်ရွံ့စိတ်က အမြဲခြောက်လှန့်နေပြီ။
အများသူငါရယ်မောနေလျှင် လိပ်ပြာမလုံသလို ကိုယ့်ကိုများရီနေလားဟုသံသယတွေဝင်လာသည်။
ကျွန်မ...ချစ်သူအပေါ်အတတ်နိုင်ဆုံးသစ္စာရှိခဲ့ပါသည်။ ကျွန်မချစ်သူမှလွဲ..ကျန်သောယောက်ျားလေးများကို ဖွဲနှင့်ဆန်ကွဲသာထင်ခဲ့သည်။ သူကျွန်မအပေါ်နားလည်သလို မိသားစုအပေါ်တွင်လည်းနားလည်နိုင်မည်ဟုယုံကြည် ခဲ့ဖူးပါသည်။ အရာအားလုံးတက်တက်စင်အောင်လွဲသောထိုနေ့သည်...ကျွန်မသေဆုံးသောနေ့ဖြစ်ပါသည်။
အသက်ရှင်ရက် နှင့်သေဆုံးခြင်းမှာ ခန္တာကိုယ်ပျက်သုံးသေဆုံးခြင်းထက်ပိုခံရခက်ပါသည်။
အနာဂတ်မရှိသောသူတစ်ယောက်သည် ခံစားမှုမရှိသောခန္တာကိုယ်ကို သယ်ဆောင်ပြီး လျှောက်လှမ်းနေရသောဘ၀မှာ သေလူ နှင့်ဘာမှမခြားတော့ပါ။

Comments

  1. မမကူးကူး.. ဘာပုလို့လဲ..
    can u share me ?
    Good luck !
    (ora)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4