ဒီနေ့တော့ကျွန်မရုံးမသွားနိုင်ပါ။ မနေ့ကထည့်က ခါးနာနေပေမယ့် နှစ်လမှတစ်ကြိမ်လောက်လုပ်ဖြစ်တဲ့အစည်းဝေးကို မဖြစ်မနေတက်ရတာမို့ အားတင်းပြီးသွားလိုက်တယ်။ အလုပ်ထိုင်လုပ်တော့လဲ ခါးနောက်မှာ ရေနွေးအိတ်ကိုခံပြီးထိုင်ရတယ်။ နာတာကတော့..တော့်တော့ကိုဆိုးဆိုးဝါးဝါး။ ရေနွေးအပူအိတ်ခံတာများလွန်းတော့ ကျောပြင်အောက်ပိုင်းမှာ အရေခွံတွေနီပြီး အနာတွေဖြစ်။ အိပ်ရင် ပက်လက်အိပ်လို့မရအောင်..နာတာအရေခွံလန်တာ.. မနေ့ညကလဲတစ်ညလုံးကောင်းကောင်းအိပ်မရဘူး.နာတော့ငို..ငိုတော့မျက်လုံးကဖောင်းလာ.. မနက်အိပ်ရာထတော့.. မျက်လုံးဘယ်ရောက်သွားမှန်းမသိအောင် ရောင်ပီး ပိတ်နေတယ်။ ဖွင့်လို့မရတဲ့မျက်လုံးကို ရေအေးအေးနဲ့ သုတ်ပြီးတော့ အရောင်များကျလာမလားဆိုပြီးထိုင်စောင့်နေတယ်.. အခုညနေစောင်းရောက်ပြီ..မျက်လုံးကတော့ ဂျိုသား လိုဖြစ်နေတုံးဘဲ...
ရီလဲရီချင်တယ်... ငိုလဲငိုချင်တယ်...
ရီလဲရီချင်တယ်... ငိုလဲငိုချင်တယ်...
Comments
Post a Comment
ကူးကူးရေ...