Skip to main content

မုန်ညှင်းခါးချဉ်ရေဟင်း

မုန်ညှင်းစိမ်း (အစိမ်းရောင်..ခါးသက်သောအရသာရှိပါသည်) ကိုရေစင်အောင်ဆေး..သင့်တော်ရုံဖြတ်ပြီး အိုးထဲထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းအနဲငယ်ကိုထောင်းပြီး ထည့်ပါ။ ငံပြာရည်ထည့်ပါ။ မျှင်ငပိအနဲငယ် ရေဖျော်ထည့်ပါ။ ဆနွင်းနဲနဲ၊ အရောင်တင်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းကိုနှစ်ခြမ်းခြမ်းပြီးထည့်ပါ။ ဆား၊ ချိုမှုန့် ဆီနဲငယ်ထည့်ပြီး... နောာ (Knoor) မန်ကျည်းခဲ တစ်ဝက်ထည့် (သို့) မန်ကျည်းရည်ထည့်ပြီး အားလုံးကိုသမအောင်လက်နှင့်နယ်ပါ။ ပြီးလျှင် မီးဖိုပေါ်တည်ပါ။ သူ့အရည်နှင့်သူ..ဆူလာပြီး အနံ့မွှေးလာလျှင်.. ရေသင့်တော်ရုံထပ်ထည့်ပြီး..ပွက်ပွက်ဆူအောင်ထပ်တည်ပါ။ ပြီးလျှင်အရသာမြီး.. အိုးကိုဖိုပေါ်မှချပြီးသုံးဆောင်ပါ...
ချဉ်စပ်ဟင်းရည်...စားလို့အရမ်းကောင်း... ငါးကြိုက်သူများ..ငါးခေါင်း (သို့) ငါးတုံးများကို ရေထည့်ပြီးနောက်ပိုင်းထည့်ပြီးချက်စားလဲကောင်းပါသည်။
(မုန်ညင်းအစိမ်းမှာခါးသက်သောအရသာရှိပါသည်။ သို့သော်အချဉ်ဟင်းချက်ပြီးလျှင်ခါးသောအရသာပျောက်ပြီး...စိမ့်သောအရသာသို့ပြောင်းသွားပါလိမ့်မည်)

Comments