မျောက်လေးတွေကဘာလို့အမြဲပျော်နေလဲဆိုတာစဉ်းစားမိကြလား..
အဲဒါဘာကြောင့်လဲဆိုတာရော..စဉ်းစားမိကြလား...
ဌက်ပျောသီးကြောင့်လို့ မထင်မိဘူးလား...
ဌက်ပျောသီး - မှာ သကြားဓာတ် (၃) မျိုးပါတယ် ( Sucros, fructose & glucose) အမျှင်လေးတွေ (Fiber) နဲ့ရောစပ်လိုက်တဲ့အခါမှာ ချက်ချင်းလက်ငင်း ကောင်းမွန်တဲ့အာနိသင် တိုးတက်လာနိုင်ပါတယ်။
ဌက်ပျောသီး (၂)လုံး စားလိုက်တာနဲ့မိနစ် (၉၀) ထက်သန်စွာအလုပ်လုပ်နိုင်တဲ့စွမ်းအင်ကိုပေးနိုင်တယ်။
ပရိုတင်း ----၁ ဆ
ကာဘွန်ဟိုက်ဒရိတ် ----၁ ဆ
ဖော့(စ်)ဖရက်(စ်) ----၁ ဆ
ဗီတာမင်အေ---- ၁ ဆ
သံဓာတ် ----၁ ဆ
အခြားဗီတာမင်နဲ့ သတ္တုဓာတ်များ ----၁ ဆ
ဌက်ပျောသီး
ပရိုတင်း ---- ၄ ဆ
ကာဘွန်ဟိုက်ဒရိတ် ----၂ ဆ
ဖော့(စ်)ဖရက်(စ်) ----၃ ဆ
ဗီတာမင်အေ---- 5 ဆ
သံဓာတ် ---- 5 ဆ
အခြားဗီတာမင်နဲ့ သတ္တုဓာတ်များ----၂ ဆ
ကဲ..ပန်းသီးစားမလား...ဌက်ပျောသီးစားမလား.. (ပန်းသီးက ဌက်ပျောသီးထက်ဈေးလဲပိုကြီးပါတယ်)
ဌက်ပျောသီး ပုံမှန်စားပေးခြင်းက.. အပျင်ဖျားတာတွေ နဲ့ မတော်တဆ ဖျားနာခြင်းဖြစ်တာတွေကိုကျော်လွှားနိုင်တယ်။
ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ရောဂါတွေနဲ့ စိတ်ဓာတ်ကျ တာတွေအတွက် ဌက်ပျောသီးမှာပါတဲ့ သဘာဝစိတ်အင်အားမြင့်တင်နိုင်စွမ်းသတ္တု ( Tryptophan) အစွမ်းကြောင့် စိတ်ကိုသက်သာကောင်းမွန်လာစေပြီး ပျော်ရွှင်လာအောင်လုပ်ပေးနိုင်ပါတယ်။
ဌက်ပျောသီးက သံဓာတ်ပါဝင်ပြီးသွေးထဲကဟီမိုဂလိုဘင် ထုတ်လုပ်ခြင်းကို နှိုးဆော်ပေးတဲ့အတွက် Anemia ရောဂါဖြစ်ခြင်းကို ကာကွယ်ကုသနိုင်တယ်။
ဌက်ပျောသီး ကိုပုံမှန်စားသုံးခြင်းကြောင့် လေဖြတ်သေဆုံးခြင်း ကို ၄၀% လျော့ပါးစေတယ်။
ပိုတက်စီရမ် (Potassium) က သင့် နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေပြီးတော့ အောက်စီဂျင်ကို ဦးနှောက်ကိုပို ပို့ပေးတယ် ခန္တာကိုယ်ရဲ့ရေပမာဏကိုလဲ ပုံမှန်လည်ပတ်စေတယ်။
ခြင်ကိုက်ရင်.. ခြင်ဆေးကရင်(မ်)တွေလိမ်းနေတာထက် ဌက်ပျောသီးအထဲကအခွံနဲ့ ပွတ်ပေးလို့ရှိရင် ပိုးမွှားအကောင်တွေကိုက်လို့ရောင်ရမ်းတာတွေ၊ ယားနာတာတွေမဖြစ်တာကို အံ့သြစွာတွေ့ရလိမ့်မယ်။
ဌက်ပျောသီးက.. ပိုတက်စီယမ် (potassium) ပါဝင်နှုန်းများပေမယ့် အငံဓာတ်ပါဝင်တာနည်းတဲ့အတွက် သင့်ရဲ့ သွေးပေါင်ချိန်ကို ညီမျှစေတယ်။
ကိုယ်ဝန်သည်တွေနံနက်ပိုင်း မူးပြီးအန်တာတွေအတွက် ဌက်ပျောသီး ကို မနက်၊နေ့လည်၊ ညစာ ကြားမှာ ပုံမှန်စားပေးမယ်ဆိုရင် Morning Sickness တွေအတွက်ပူစရာမလိုတော့ဘူး။
တစ်နေရာရာသွားလို့ ဆေးမေ့ကျန်ခဲ့မယ်ဆိုရင် ဌက်ပျောသီးကိုစားပါ။ ဗီတာမင် ဘီ ၆ ပါဝင်တဲ့အတွက် သွေးရဲ့ ဂလူးကိုစ် ပမာဏကို ထိန်းပေးလို့ သင်ခံစားနေရတဲ့ဝေဒနာကို လျော့ပါးသက်သာစေတယ်။
ဌက်ပျောသီး စားပေးမယ်ဆိုရင် ဆေးလိပ်စွဲတဲ့သူတွေ..ဆေးလိပ်သောက်ချင်စိတ်ကိုလျော့စေတယ်။ ဗီတာမင် ဘီ ၆ နဲ့ ဘီ ၁၂ အပြင် ပိုတက်စီယမ် နဲ့ မက်နီစီမယ် ပါဝင်လို့ နီကိုတင်းစွဲနေခြင်းကို ပြန်လည်ကောင်းမွန်လာစေတယ်။
ဒါဌက်ပျောသီးစားခြင်းရဲ့ အကျိုးကျေးဇူးတွေကို မျှဝေခြင်းပါ။
မျောက်ကလေးတွေဘာလို့အမြဲပျော်နေလဲဆိုတာ ဌက်ပျောသီးစားလို့ ဆိုတာဖြစ်နိုင်တယ်နော်...
ဒါဆိုရင်..ပုံမှန်အမြဲကြားနေကျ စကားပုံလေးကို ပြောင်းဖို့အချိန်ရောက်ပြီဆိုပါတော့..
ဌက်ပျောသီးတစ်နေ့တစ်လုံးစား..ဒေါက်တာတွေနဲ့ဝေးဝေးသွား... (ဆေးကုနေစရာမလိုတာကိုဆိုလိုတာပါ)
"A Banana a day keeps the doctor away"
(Ref: NOL OSHWE Team, Dept of Biological Science of FL state University)

ပန်းသီးနဲ့ ဌက်ပျောသီး
ပန်းသီး ပရိုတင်း ----၁ ဆ

Comments
Post a Comment
ကူးကူးရေ...