Skip to main content

နားလည်မှု

အခုတစ်လော..အလွဲကြီးလွဲနေတာကျွန်မပါ။ စိတ်နဲ့လူနဲ့မကပ်ဘူး။ အလုပ်ကအရမ်းများ၊ တစ်ယောက်တည်းမပီးတော့ ကျန်တဲ့သူကိုစောင့်..ညဆိုလဲ ညနက်.အိပ်ရေးပျက်..ခေါင်းကရှုပ်ထွေးနေတာ...ကြားထဲမှာဖုန်းကလဲမကောင်း
တော့တာလားမသိဘူး.
တစ်ယောက်ယောက်ကဖုန်းခေါ်ရင် ကိုယ်ဖြေလဲသူမကြားရဘူး.. အကျယ်ကြီးအော်ပြောမှ တိုးတိုးလေးကြားတယ်..
စိတ်ပေါက်ပေါက်နဲ့အဲဒီဖုန်းကိုလွင့်ပစ်ချစ်တာ..စိတ်ကိုမနဲထိန်းရတယ်..တစ်ခုဘဲရှိလို့သာပေါ့..
ဖုန်းနှစ်လုံးလောက်ရှိရင်တော့
ပစ်လိုက်တာကြာပီ...
တစ်ယောက်တည်းနေရတဲ့ကျွန်မအဖို့..သူငယ်ချင်းမိဘ မောင်နှမဆွေမျိုးတွေ..ဆက်သွယ်ချင်ရင်ဒီဖုန်းကိုဘဲအားကိုး
ရတာ..ညဘက်ဆိုလဲ အလုပ် ကိစ္စတွေအတွက် ဘာသာပြန်ပေးနေရတော့ headphone နားမှာတပ်..ဖုန်းသံကမကြား..ခေါ်တဲ့သူတွေကလဲ..ဒီလောက်ခေါ်တာမကိုင်ရကောင်းလား
ဆိုအမျိုးမျိုးပြသနာရှာတာ ခံရတယ်... ဆိုးလိုက်တဲ့အခြေအနေ..အရင်အပတ်က ခါးနာလို့တစ်ပတ်လုံးကောင်းကောင်းမအိပ်ရဘူး..အစာလဲ မစားနိုင်ဘူး..ဒီအပတ်က အလုပ်အရမ်းများ အရေးထဲမှာ အံဆုံးက ပေါက်တော့ နာလိုက်တာ..မျက်နှာဆို တစ်ခြမ်းကိုရောင်နေတာ... စိတ်ရှုပ်လူမော။နေမကောင်းတဲ့ကြားမှာ.. ဖုန်းကိုင်လိုက်တာနဲ့ ပြသနာရှာတာတွေဘဲ တိုးနေတော့..လူကမခံနိုင်တော့ဘူး..ကိုယ်ကရှင်းပြဖို့ကြိုးစားတိုင်းအရာမ၀င်..
ဟိုစွပ်စွဲဒီစွပ်စွဲတော့..ကျွန်မဖုန်းပိတ်ပီးတော့ဘဲနေတော့တယ်။
တစ်ခါတစ်လေ သူ့ဘက်..ကိုယ့်ဘက်..နှစ်ဖက်စလုံးက ကိုယ့်အတွေးနဲ့ကိုယ်မှန်တယ်.. ဒါပေမယ့် ကြားခံကရိယာလေးတစ်ခုကြောင့်အစစအရာရာအဆင်မပြေဖြစ်ရင်..
ကြာတော့ကြိုးကတင်းပြီး ပြတ်သွားတတ်တယ်။ နားလည်မှုရှိပါတယ်။ သဘောပေါက်ပါတယ်...ဆိုတဲ့သူတွေကလဲ လူကိုယုန်ထင်ကြောင်ထင်.. ကိုယ်နားလည်ပါတယ်..
ဒါပေမယ့် ဟိုလူ့ကိုကျတော့..ဒီလို..ဘာလို..
ဆိုလိုတဲ့သဘောက နားလည်ချင်ယောက်ဆောင်ပြီးလူကိုအထင်သေးနှိပ်ကွပ်တာပါ
ဒါကိုကျွန်မတော်တော်မုန်းတယ်။...
နဂိုက စကားနဲတဲ့ကျွန်မကို နားလည်နိုင်တဲ့သူတော်တော်ရှားပါတယ်။ ပြသနာတစ်ခုခု..အကြောင်းရာတစ်ခုခုဖြစ်တိုင်းအသေးစိတ်ဖွဲ့နွဲ့မရှင်းပြတတ်တာ
ကျွန်မအားနည်းချက်လဲဖြစ်ရင်ဖြစ်လိမ့်မယ်။။
နားလည်မှုမရှိတဲ့သူတွေ..ကိုကျွန်မကြောက်တယ်..ဘယ်လောက်ချစ်ချစ်..
ဘယ်လောက်ခင်ခင်..နားလည်မှုကျွန်မအပေါ်
မှာမရှိရင်တော့..ကျွန်မဝေးဝေးနေဖိုလဲဝန်မလေးပါဘူး...

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ