Skip to main content

အိမ်မြောင် (သို့) ပိန်မြောင်

ကြွက်မြီးအကြောင်းကိုဆက်အုံးမယ်။ ကျွန်မညီမ၀မ်းကွဲတစ်ယောက်က ကျောင်းတက်ရင်း
အင်ဒိုတစ်ယောက်နဲ့ ချစ်သူဖြစ်ပြီးလက်ထပ်တော့ သားလေးတစ်ယောက်မွေးတယ်။ သူ့မှာ
ကြွက်မြီးတစ်ချောင်းပါတယ်။ တော်တော်ဆော့တာမျောက်လောင်းလေး..ချစ်ဖို့လဲအရမ်းကောင်း
တယ်။ သူ့ကိုကျွန်မရဲ့ချစ်ကိုကြီး အာလူးကတစ်ရက်ကင်မရာမှာတွေ့ပြီးအရမ်းကိုချစ်သွားတာ.
တသသနဲ့..သူ့အကြောင်းဘဲမေးနေတာ.. အရင်တစ်ခေါက်မြန်မာပြည်ပြန်တုန်းက စင်ကာပူ
ထရန်စစ် နဲ့ဝင်တော့ ဈေးတန်းမှာ ကျားရုပ်လေးအင်္ကျီတွေ့တော့သူ့ကိုအမှတ်တရနဲ့ဝယ်လာပေးတယ်။
တွေ့တော့သူမ၀တ်ရဲဘူးထွက်ပြေးရေ... အဲဒါနဲ့ သူ့အမေကနောက်မှဖမ်းပြီး
ဝတ်ပေးမယ်တဲ့...
သူအခုမှ တစ်နှစ်နဲ့ လပိုင်းကျော်ကျော်ဘဲရှိသေးတယ်..ကျားအင်္ကျီက တစ်ကိုယ်လုံးစွပ်ဝတ်ရတာ
ပြီးတော့ အရှေ့က ကြယ်သီးကတောက်လျှောက်လိုက်တပ်ရတယ်..အမြီးလေးလဲပါတယ်။ မင်းသားချော
ကအင်္ကျီဝတ်တော့ ကြယ်သီးအကုန်မတပ်ချင်ဘူး၊ ရင်ဘတ်ကိုဟထားတယ်.. တစ်ကယ့်ငပြောင်လေးပါ။

သူ့မှာကြွက်မြီးလေးရှိတယ်.ကျွန်မတွေ့တိုင်းသွားသွားစွဲတာ.. သူတစ်ခါတစ်ခါ အာဘွားလုပ်ရင်..မျက်နှာ
ကိုပေရော... ဘာကိုမှမကြောက်ဘူး.လျှောက်သွားခလုပ်တိုက် ခုံပေါ်တက်..ခုန်ချ.. ပန်းအိုးတွေဆွဲချ...
တုန်းတိုက်တိုက် ကျားကိုက်ကိုက်..ဟူးး.မောတယ်..သူတစ်ခါတစ်ခါအိမ်လာလည်ပြီးပြန်သွားရင်.ကျွန်မ
ခေါင်းကိုကိုက်ရော..
ကျွန်မညီမလေးမှာလဲကြွက်မြီးရှိတယ်။သူငယ်ငယ်ကဆို အိမ်မြောင်၊ ဖား၊ ရှိသမျှအကောင်လေးတွေ..
အကုန်ဖမ်း ပေါင်ကိုဆွဲဖြဲ၊ ခေါင်းကိုဖြတ်... ကြက်ကလေးတွေဆိုပေါက်တာနဲ့လည်ပင်းညှစ်သတ်..
တော်တော့်ကိုဆိုးတယ်.. ကြွက်မြီးရှိတဲ့သူများရဲတာ..ကြောက်ဖို့ကောင်တယ်။
ကျွန်မက အကောင်တွေဆိုအရမ်းကြောက်တယ်။ ပုရွက်ဆိတ်တောင်မသတ်
ရဲဘူး.. သူတို့က ကလဲ့စားချေပြီး အကောင်အများကြီးစုပြီးကျွန်မကိုလာကိုက်မယ် လို့
စိတ်ထဲမှာတွေးတယ်။အကောင်ကြောက်သလောက်.. နောက်တော့အကောင်ကိုက်ခံရတာပါဘဲ...
ဒါနဲ့ညီမလေးကကြီးလာတော့ (၄-၅) တန်းလောက်ရှိမယ်ထင်တယ်။. သူကစိတ်ထားပြောင်းသွားတယ်။
အကောင်လေးတွေကိုအရမ်းချစ်၊ သနားတယ်. ကျွန်မကအိမ်မြောင်အရမ်းကြောက်တယ်။ အိမ်မြောက်ကြီး
လာရင်တောက်တဲ့ဖြစ်မယ်။ တောက်တဲ့ကြီးလာရင် မိကျောင်းဖြစ်မယ်လို့ စိတ်ထဲမှာစွဲထင်နေတယ်။
အထက်တန်းကိုရောက်နေပြီ..ဒါသဘာဝဖြစ်စဉ်မဟုတ်တာသိရဲ့နဲ့ စိတ်ကအစွဲဖြစ်နေတာ.. မောင်လေးက ကျွန်မ ကြောက်မှန်းသိတော့ အိမ်မြောင်တွေ့ရင် ကျွန်မက သားရေကွင်းလိုက်စု..မောင်လေးကသားရေကွင်းနဲ့ လိုက်ပစ်တယ်... ညီမလေးကအဲဒါကိုတွေ့ရင်လိုက်နှောက်ယှက်တယ်။ ကျွန်မတို့ တားဂတ် (target) ထား
တဲ့အိမ်မြောင်ကို လိုက်မောင်းထုတ်တယ်။.. ပစ်တော့မထိတော့ဘူး..တစ်ရက်၊ မန္တလေးက ဗမာ အသိ
လင်မယားနှစ်ယောက်လာလည်တယ်.. မာမီတို့နဲ့ စကားပြောနေတဲ့အချိန်ကျွန်မနဲ့ မောင်လေး အိမ်မြောင်
လိုက်ချောင်းနေတာတွေ့တော့. သူ့မိန်းမက သြော်..ကလေးတွေက ပိန်မြောင် လိုက်ပစ်နေတာကိုး လို့
ပြောတော့.. ညီမလေးက..သူ့အတွေးထဲမှာ ဘာပါလိမ့် ပိန်မြောင်ဆိုတာ..
အမှန်က တစ်ချို့ဗမာတွေက (ဗမာလူမျိုးစစ်စစ်) တွေက အိမ်မြောင် ကို ပိန်မြောင်လို့ခေါ်တယ်။
သူတို့လဲပြန်သွားရော.ကျွန်မက ညီမလေးကို ပိန်မြောင်ဆိုတာ အိမ်မြောင်မဟုတ်ဘူ..အဲဒီ ပိန်မြောင်က
ကြီးလာရင်တောက်တဲ့ဖြစ်တယ်။ ပြီးရင်မိကျောင်းဖြစ်မှာအရမ်းဆိုတယ်၊ အဲဒါကြောင့်ငါတို့က ပိန်မြောင်
တွေကိုရွေးပြီးလိုက်သတ်နေတာလို့ပြောတော့ညီမလေးကလက်ခံတယ်။။ နောက်ပိုင်းမှာ ကျွန်မတို့
အိမ်မြောင်လိုက်ပစ်ရင်မနှောက်ယှက်တော့ဘူး..ဟားဟား..

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။