ကူးကူးကတော့ ချဉ်ပေါင်ရွက်ဟင်းချိုဆိုရင်..ချဉ်စုတ်နေတာတဘောကျလို့...
ချဉ်ပေါင်ရွက်တွေကိုရေဆေး... အိုးထဲထည့်.. တည်လိုက်တယ် ပြီးနွမ်းလာရင်... ဘာမှမထည့်ဘဲ မွှေတယ်... ကြေပြီး နဲနဲစေးလာပြီဆိုရင်.. ကြက်သွန်နီလှီးထည့်... ငရုတ်သီးစိမ်းလှီးထည့်.. မျှင်ငပိ ကိုရေဖျော်ထည့် ဆီနဲနဲထည့်... ပြီး ဆားထည့်.. ချိုမှုန့်ထည့်.. ငါးငံပြာရည် (၃)စက်လောက်ထည့်.. ရေထည့်...
ချဉ်စုတ်နေတာ... ဟီးဟီး... (ကြိုက်တတ်ရင် ဟင်းအိုးပွက်ပွက်ဆူမှ မီးဖိုပေါ်ကချပြီး နံနံပင်လေးနဲနဲအုပ်) အဲဒါကူးကူးရဲ့ အလွယ်နည်းပါ..
** ကြက်ဥလေးတွေကို အလုံးလိုက်ကြော်ပြီးရောထည့်လိုက်ရင်လဲဟင်းတစ်ခွက်ရရော...
ပါဝင်ပစည်းများ
ချဉ်ပေါင်ရွက်
ကြက်သွန်နီ
ငရုတ်သီးစိမ်း
မျှင်ငပိ
ငါးငံပြာရည်
ဆား/ချိုမှုန့်

Comments
Post a Comment
ကူးကူးရေ...