ဒီတစ်ပတ်ကတော့.. long weekends ပါ။ တနင်္လာနေ့ကဘာနေ့လဲမသိဝူး..Working Holiday ကနေ Non-working Holiday ဖြစ်သွားတော့..အားတာပေါ့..သုံးရက်တောင်..
သောကြာနေ့ကတော့ ရုံးနေ့တစ်ဝက်ပိတ်တာမို့.. ပတုန်းမထဲက မမအွန်စောရေးထားတဲ့ကြက်သားသုပ်နည်းကိုဖတ်.. မလုလုဆီက ကြက်သားသုပ်ကိုငမ်းထားတော့ လုပ်စားမယ်ဆိုပြီးတော့
ကြက်ရင်အုံသားကိုငံပြာရည်နဲ့ နဲနဲထည့်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီးပြုပ်လိုက်တယ်။
ပြီးတော့အအေးခံ၊ အမြောင်းမြောင်းလေးဖြစ်အောင်နွှာ
ဂေါ်ဖီထုပ်ကို ပါးပါးလှီး ပြီတော့ ရေအေးထဲမှာ သံပုရာ တစ်လုံးညှစ်ထည့်ပြီးစိမ်ထား၊ (ဂေါ်ဖီကအစိမ်းနံ့ကို မကြိုက်လို့ပါ)
ခရမ်းချဉ်သီးကို ခပ်ထူထူလှီး၊ ကြက်သွန်မြိန်လေးကိုလဲ အပိုင်းရှည်ရှည်ဖြတ်ထား
ကြက်သွန်နီကို အကွင်းလိုက်လှီးပြီးရေနဲ့ (၂) ခါလောက်ဆေး၊ ရေစစ်
ပြီးရင်တော့
ကြက်သားနွှာထားတဲ့အပေါ်မှာ ကြက်သွန်နီထည့်၊ ဂေါ်ဖီရေစစ်ထည့်၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ဆီစိမ်းနဲနဲထည့်၊ ဆား၊ အချိုမှုန့် တို့နဲ နယ်လိုက်တော့ ကြက်သားသုပ် စိမ့် ချဉ်ချဉ်လေးရပြီး၊ အစပ်အတွက် ကတော့ ငရုတ်သီးစိမ်း နဲနဲထည့်လိုက်တယ်။
ကြက်သွန်မိတ်နဲ့ နံနံကို အပေါ်ကအုပ်ပြီးဖြူးလိုက်တော့
စားချင်စဖွယ်လေးဖြစ်သွားရောပေါ့။
စနေနေ့ကတော့ဘုရားကျောင်းသွားပြီး ပြန်လာတော့ ဆရာ့အိမ်မှာ ထမင်းခေါ်ကျွေးတော့သွားစားတယ်။ ကောင်းမှကောင်း။ ကြက်ဟင်းခါးသီးကို အစိမ်းလိုက်ထူထူလှီးပြီး ခရမ်းချဉ်သီးလေးနဲ့သုပ်ထားတာလဲပါတယ်။ ကျန်တာကတော့ ဘိုစာတွေပေါ့။။
ညနေကျတော့ ရုံးက ညွှန်မှူးတစ်ယောက်ရဲ့ နှုတ်ဆက်ပွဲ.. ကျွေးတာကတော့သတ်သက်လွတ်တွေချည်းဘဲ.. အရသာကတော့ စိမ့်ချို.. ပေါ့.. စားလို့တော့မကောင်းပါဘူးး... အသီးတွေကတော့ မဆိုးပါဘူး..
ဒါကူးကူးပန်းကန်ပေါ့..
ဘူဖေးလိုမျိုးဆိုတော့ ပုံထားလိုက်တယ်. အများကြီးစားတယ်မထင်နဲ့ မကုန်ဘူး။
အကုန်လုံးနီးပါးပုံထည့်လာတာ က multiple choice လုပ်လို့ရအောင်..သိတယ်ဟုတ်.. နဲနဲစား..မကြိုက်တရင် တစ်ခုပြောင်းရွေးစား...အဲဂလို...
နှုတ်ဆက်ပွဲပြီးတာနဲ့ ကျောင်းက Culture Night အတွက်ပြေးရပြန်ရော.. မြန်မာအဖွဲ့ခေါင်းဆောင်က ချင်းလူမျိုး..ကျောင်းသားတစ်ယောက်ပေါ့..တစ်ချိန်လုံး..အမြန်လာ..အခုလာတော့ မြန်မာချိတ်ထမီနဲ့ ခါးတိုဝတ်ခဲ့ နဲ့ တစ်ချိန်လုံးခေါ်နေတယ်။ အစကတော့ တိုင်းရင်းသားအကတစ်ခုခုကမယ် ပေါ့.. နောက်တော့ မကတော့ဘူး.. presentation ဘဲ လုပ်တော့မယ်ဆိုလို့..ပင်ပင်ပန်းပန်းအချက်လက်တွေဆုဆောင်းပေးတာ..အချိန်နီးတော့ သီချင်းဆိုမယ်ဖြစ်ရော.. စတာက ၇း၀၀ နာရီ.. ကျွန်မ နှုတ်ဆက်ပွဲပြီးတော့ ၈း၂၀ ရှိပြီး.. မမီတော့ဘူးထင်တယ်။ ဒါပေမယ့် သွားဖြစ်အောင်တော့သွားလိုက်မယ်လေဆိုပြီးတော့ ဟိုရောက်တော့ မြန်မာအဖွဲ့အစီစဉ်က နောက်ဆုံးမတိုင်ခင်တစ်ခုဆို တော့ ကျွန်မလာတာတွေ့တော့ ၀မ်းသာအားရနဲ့.. ထမီတစ်ထည်ပေးပတ်လိုက်ပြီးတော့ သီချင်းတက်ဆိုကြလေသတည်းပေါ့... ထမီပေးပတ်တယ်ဆိုတာ..ထမီကမချုပ်ရသေးဘူး..အသစ်ကွင်လိုက်ကို ပတ်လိုက်တာပါ..သီချင်းဆိုတော့..ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပု ...လို့ခေါင်းဆောင်လုပ်သူထအော်တော့ မထိမ်းနိုင်တော့ဘူးရီတာ(သူကတောင်ပေါ်ကချင်း..စကားကမပီဘူးလေ)
...မြန်မာစုစုပေါင်း (၆) ယောက် နဲ့ ကျွန်မ၀မ်းကွဲ ယောက်ျား အင်ဒို က လဲ ကလေးချီပြီး ကရင်အိကျီနဲ့ စင်ပေါ်တက်ရပ်ပေးတော့ (၇)ယောက်ခွဲဖြစ်သွားရော.. ပရိတ်သတ်တွေကတော့ နားမလည်တော့မရီဘူးပေါ့လေ..
ကျွန်မတို့ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို...ဟီးဟီး...ဘာဘဲဖြစ်ဖြစ် လက်ခုပ်သြဘာသံတွေကတော့ သောင်းသောင်းဖျဖျပေါ့... သိတယ်မဟုတ်လား..မြန်မာမလေးတွေက ချောသကိုး/ မာနာကလဲ ကြီးသေး....ဟိဟိ
ပြီးတာနဲ့ ဆရာမတစ်ယောက်အိမ်မှာ ခေါက်ဆွဲကြော်တွေစားကြ.. ညစာပေါ့...ပျော်စရာကောင်းပါတယ်။
စနေနေ့ကအိမ်ပြန်ရောက်တော့ ဒေါက်တာမမနဲ့ သူငယ်ချင်းက ကျွန်မအိမ်မှာ လာအိပ်တော့စကားကောင်းနေကြတာ မနက် (၃) နာရီလောက်မှအိပ်ကြတော့ နောက်နေ့နိုးတော့ (၉)နာရီကျော်ပြီလေ... ထမင်းချက်ပြီး
အသားတုရယ်ဒီမိတ်ဗူးကိုဖောက် ခရမ်းချဉ်သီးအနှစ်လေးနဲ့ချက်၊
မုန်ညှင်းဖြူဟင်းချိုနဲ့. ခရမ်းသီးကိုပြုပ်၊ ခက်ရင်းနဲ့ ခွဲ ခြစ်ပြီး ကြက်ဥ၊ မဆလာ၊ ဆား၊ ချိုမှုန့်နဲ့ နှစ်ကြော်
ပဲပြားကို အတုံးလေးတွေတုံးပြီး ကြွပ်ကြွပ်ဗလာချောင်လိုကြော်
သတ်သက်လွတ်ချည်းဘဲလေ.. ဒေါက်တာမမက အသားမစားဘူး..ဘာဘဲဖြစ်ဖြစ်စားလို့ကောင်းတာတော့အမှန်ဘဲ..
နေ့လည်လောက်ကျတော့ ဘူးသီးကြော်စားတယ်။ အကြော်မှုန့် အိမ်ပြန်တုံးကယူလာတာ..
အချဉ်ရေကတော့ မန်ကျည်းမှည့်ကိုရေစိမ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နံနံပင်တောက်တောက်စင်းပြီး ဆား၊ ချိုမှုန့်နဲ့ ဖျော်တာ.. ကောင်းမှကောင်း..အိမ်နီးချင်းတွေ တောင်သွားကျွေးလိုက်သေးတယ်။။။
ဒါကတော့ မုန့်နှစ်တွေပိုလို့ အိမ်နောက်က မြင်းခွာရွက်တွေသွားနှုတ်လာပြီးရေစင်စင်ဆေးပြီးရောကြော်ထားတာပါ။
စားကြပါအုံးလား... ကျွန်မချစ်သူကိုနောက်လိုက်သေးတယ်.။။
ရန်ကုန်ပြန်ပြီး အကြော်ဘဲကြော်ရောင်းတော့မယ်လို့...ဟိဟိ

Comments
Post a Comment
ကူးကူးရေ...