Skip to main content

လက်ဆောင်

မနေ့ကပါဆယ်တစ်ခုရောက်လာတယ်..ဖွင့်ကြည့်လိုက်တော့ ဖားလေးနှစ်ကောင်နဲ့ ကဒ်တစ်ခု ကျွန်မအကျင့် အတိုင်း ဘာရရ.. စာကိုအရင်ဖွင့်တယ်.. ကဒ်ကိုဖွင့်ကြည့်တယ်.. Print ထားတဲ့စာတွေကလွဲလို့ ဘာမှမပါဘူး... ဘယ်သူပို့မှန်းလဲမသိဘူး... ဖားလေးကို ခေါင်းခေါက်လိုက်တော့..ရုတ်တရက်သီချင်းစဆိုတော့တာဘဲ..နှစ်ကောင်စလုံး...လန့်လိုက်တာပြောမနေနဲ့.. ဘေးက အမကြီးတွေကလဲဝိုင်းလာပြီးတော့ လာကြည့်ကြတယ်... အားလုံးကကြည့်ပြီး သီချင်းဆိုခိုင်းလိုက်၊ ပြီးသီးရင် ထပ်နှိပ်ထပ်ဆိုခိုင်းလိုက်နဲ့ မျောက်အုံးသီးရသလိုဖြစ်နေကြတယ်.. ဘာဘဲဖြစ်ဖြစ် ပျော်ပါတယ်.. ဘယ်သူပို့ပို့..ကိုယ့်ကိုအမှတ်တရ သတိရလို့ပို့တဲ့အတွက်..ကျေးဇူးတင်ပါတယ်။

Comments