တီလားဗီးယားငါးကို အကျည်းခွန်ထိုး၊ ဗိုက်ခွဲ၊ အူထုတ်၊ ကလီစာထုတ်... သဲခြေအိတ်(အစိမ်းရောင်)လေးမကွဲအောင်ထုတ်..မဟုတ်ရင်ခါးလိမ့်မယ်။။
သံပရာသီးခြောက်လုံးကိုအရည်ညှစ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းကို နုတ်နုတ်စင်း (သို့)ထောင်း။ စပါးလင်ကနှစ်ချောင်းလောက်ကိုအရင်းလေးတွေဘဲလှီးပြီးထောင်းထည့်.ခရမ်းချဉ်သီးတစ်လုံးကိုနုတ်နုတ်စင်း။ ပြီး သံပရာရည်ထဲကိုထည့်မွှေ၊ သကြားကိုနဲနဲထည့်၊ ပြီးရင် ပဲငံပြာရည်အကြည်ရည်ကို လဖက်ရည်ဇွန်း လေးဇွန်းထည့်။ ဆားသင့်တော်ရုံထည်.. (အစပ်ကြိုက်ရင် ငရုတ်သီးတောင့် ၆တောင့်ပါးပါ့လှီးထည့်)
ငါ့ကိုဗိုက်ခွဲပြီး..ကိုယ်မှာသုံးလေးမြောင်းနဲနဲမွှန်း။။။ ငါးနဲ့..ခုနရောထားတဲ့ဆော့ တွေနဲ့ ရောပြီးနှပ်ပြီးစိမ်ထား.... ၁၅ မိနစ်
ပြီးတော့ ငါးကိုထုတ်... ခုနလုပ်ထားတဲ့ဆော့ထဲကအဖတ်တွေကိုထုတ်ပြီး... ငါးဗိုက်ထဲထည့် အပြင်ကိုလဲ လိုက်သုတ်.. မွန်းထားတဲ့နေရာကြားတွေလဲထည့်. ပြီးရင် ငွေရောင်စက်ကူ (foil) နဲ့မထုတ်ခင်း ငါးထည့်မယ့်နေရာကို နှမ်းဆီ (သို့ ) ဟင်းသီးဟင်းရွက်ဆီနဲ့သုတ်..လုံအောင်ပတ်ပြီးတော့... oven ထဲထည့်... 180 - 185 ဒီဂရီနဲ့ 15 to 20 minutes ကင်/ဖုတ်... ပြီးရင်ထုတ်... ပြီးငါးအကောင်ပေါ်ကို ငရုတ်ကောင်းမှုန့်နဲနဲဖြူး....ပြီးရင်စားလို့ရပြီ... (၀ိုင်လေးနဲ့ဆိုကောင်းမှကောင်း)

ကျေးဇူးပါ
ReplyDeleteကျေးဇူးပါ
ReplyDelete