လမ်းဘေးမှာ တွန်းလှည်းလေးနဲ့ အပေါ်မှာ သဲနဲ့ရောပြီးလှော်တဲ့ကြိမ်သီးတွေရောင်းတာတွေ့ဖူးကြမှာပါ...
ရန်ကုန်မှာတုန်းက လမ်းဘေးမှာတွေ့တာနဲ့ ကားရပ်ခိုင်းပြီး ဆင်းဝယ်တာ..အရမ်းကြိုက်တယ်။
မာတာကတော့ ပြောမနေနဲ့..သူငယ်ချင်းတွေက..သွားကျိုးမယ်တဲ့..တစ်လုံးနှစ်လုံးလောက်စား ပြီးရင် သူတို့မစားနိုင်တော့ဘူး.
ဇွဲရှိရှိနဲ့စားတာကတော့ ကျွန်မဘဲ.. ဒီရောက်တော့ ကြိမ်သီးကို Roast လုပ်ပြီးရောင်းတာဝယ်စားတယ်။ ဈေးတော့နဲနဲကြီးတယ်။ တစ်ခြားအသီးတွေမစားဘဲချွေတာလိုက်တော့ စားချင်တဲ့ကြိမ်သီး ကိုတစ်ချိန်လုံးထိုင်စားလို့ရပြီ။
အမကြီးတစ်ယောက်ကမေးတယ်.. ကြိမ်သီးနင်တို့တိုင်းပြည်မှာရှိလားတဲ့.. ဟာ.ရှိတာပေါ့..အများကြီးဘဲ...
ဘယ်လိုအပင်မျိုးလဲတဲ့.. ကျွန်မက ကြိမ်ခုံတစ်ခုကို ပြလိုက်တယ်.. အဲဒါကြိမ်သီးရဲ့ အပင်ပေါ့လို့... သူတို့ကလဲ မတွေ့ဖူးတော့ ဟုတ်လား..တခါမှမသိဘူးတဲ့...ကြိမ်သီးက အင်္ဂလိပ်လို chestnut's လို့ခေါ်တယ်လေ.. အဲဒါ ကို အွန်လိုင်းက မမ ခိုင်ခိုင်ထွန်းက ကြိမ်သီးမဟုတ်ဘူး မြေဇာဥလို့ခေါ်တယ်လို့ အတင်းလာငြင်းနေသေးတယ်... မလွယ်ဝူး...
ဥနဲ့ အသီးတောင်မခွဲတတ်ကြပါလားနော်...
အမှန်က ပဲခူးကို (၉)တန်းတုန်းက ကျောင်းပေါင်းစုံကပွဲသွားတုန်းက ကြိမ်ပင်တွေတွေ့ခဲ့တယ်.ကြိမ်သီးလေးတွေကိုလဲ ခူးစားခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းကသေးသေးလေး.. အခုဟာက အကြီးကြီး..
တစ်ကယ်တော့ ကြိမ်ပင် က သတ်သတ် ၊ ကြိမ်သီးက သတ်သတ်ပါ..
ကြိမ်သီးလို့ကျွန်မတို့ခေါ်တဲ့ အသီးက ကြက်မောက်သီးလို အမွှေးတွေနဲ့.. အဲဒါကို ခွဲမှ အထဲမှာ အခွံမာမာလေးနဲ့ ကြိမ်သီးဆိုတဲ့ဟာလေးတွေထွက်လာတာ.. မြန်မာတွေကတော့ နာမည်ပေးတာတော်တယ်လို့ပြောရမယ်.. ကြိမ်သီးအခွန်က ကိုက်လိုက် ရင်ကြိမ်ဝါးကို ကိုက်ရသလိုဖြစ်နေတာကိုး...
အမှန်ကတော့ တုံးလွန်းတာကျွန်မပါ။ ပတ်ဝန်းကျင်လေ့လာမှုအရမ်းအားနည်းခဲ့တာ... သနပ်ခါးပန်းရဲ့ ပင်စည်က သနပ်ခါး ဆိုပြီးခုတ်ပြီးသွေးလိမ်းလို့ မျက်နှာတစ်ခုလုံးနီပြီးယောင်လားဖူးတယ်။ ပထမနှစ်လောက်တုန်းက အရှေ့တောင်တိုင်းက ကရင်မတွေ မျှစ်သွားချိုးမယ်ဆိုပြီး ၀ါးပင်ပေါက်စတွေယူလာတာကိုလဲ ထိုင်ရီဖူးတယ်.. တောသူမတွေ မြက်တောင်စားရင်စားမှာ..လို့ နောက်ဖူးတယ်...ကောင်းပါလေရော... နောက်တော့လဲ သူတို့ယူလာတဲ့ဝါးပေါက်စလေးတွေနဲ့ တာလပေါ့ချက်တာကို မြိန်မြိန်ရှက်ရှက် သောက်ခဲ့ဖူးတယ်။ သူတို့က ရာဘာကုန်း (တောင်တစ်ခုလုံးရာဘာပင်စိုက်ထားတာ) မှာအလုပ်လုပ်တော့ ကျွန်မကို တစ်ခါတစ်လေ တောင်ပို့မှိုအကြီးကြီးတစ်ခုတစ်လေတွေ့ရင်နုတ်လာပေးတယ်.. ပြီးတော့ မီးဖုတ်ပြီးကျွေးတယ်.. ကောင်းမှကောင်းဘဲ..ကြော်စားတာထက်တောင်ကောင်းသေး...မှိုအစားကောင်းလို့ ကျန်တဲ့သူတွေက မှိုတောက်လို့ဆေးရုံရောက်..့ကျွန်မကတော့မသိသလိုနဲ့..ဆရာတွေလာမေးတော့..
မစားဘူးလို့ပေါလိုက်တယ်..ဟီးဟီး
အဆိပ်ပြင်းတဲ့ပင့်ကူကိုက်တာတောင်မသေတာ.. မှိုလောက်တော့အေးဆေးဘဲ..
တစ်ခေါက်လဲ ဒညင်းသီးမီးဖုတ်အရမ်းစားချင်တာ.. ဒညင်းသီးတုန်းတဲ့အချိန်ဆိုတော့ အစိမ်းမရှိဘူးး..ဒါနဲ့ဘဲ အမ၀မ်းကွဲ က ဆားရည်စိမ်ထားတဲ့ဒညင်းသီးဘဲရှိတယ်တဲ့..ကျွန်မ ဖုတ်စားရအောင်ကောင်းမှဘဲဆိုပြီး ..ဆားရည်စိမ်ဒညင်းသီးတွေထုတ်..ဖုတ်စားတာ.. နောက်နေ့ အမ၀မ်းကွဲ က ၀မ်းလျှောပြီးကျောင်း (၂) ရက်လောက်မတက်နိုင်ဘူး..ကျွန်မကတော့ ဒေါင်ဒေါင်မြည်... ဆိုးတယ်နော်..ဟိဟိ

Comments
Post a Comment
ကူးကူးရေ...