Skip to main content

ခရီးသွားခဲ့ပါသည်

ပြန်ရောက်လာပါပြီ။ အခုတစ်ခေါက်ခရီးသွားရတာစိတ်ကိုမဖြောင့်ဘူး... မြန်မာပြည်မှာမုန်တိုင်း
ဖြစ်တယ်.. အိမ်မှာခေါင်မိုးတွေမရှိတော့ဘူး...ခေါင်တိုင်ကအစပြုတ်သွားတယ်...ခြံစည်းရိုးတွေ
လဲအကုန်ပျက်..တော်တော်စိတ်ပျက်ဖို့ကောင်းတယ်. မိသားစုအားလုံးအသက်ဘေးမရောက်
တာကိုဘဲဘုရားကိုကျေးဇူးတင်ရတယ်။
ဒီတစ်ခါကတော့ညီမအငယ်ဆုံးဘွဲ့ယူတဲ့ပွဲကိုသွားတာပါ။ မြန်မာကလေယဉ်တွေပြန်ထွက်
လာနိုင်လို့မိသားစုစုံစုံညီညီအားလုံးပြန်တွေ့ရတော့ပျော်စရာကောင်းတယ်။ မိသားစုအား
လုံးမဆုံတာ (၁၀)နှစ်လောက်ကျော်ပြီ။ တစ်ယောက်မဟုတ်တစ်ယောက်အမြဲလွတ်နေ
တယ်။ ဒီတစ်ခါတော့မိမိရရဘဲအရမ်းကိုလှတဲ့ကျောင်းဝင်းကြီးမှာ ၀တ်စုံတွေနဲ့ဘွဲ့နှင်းသ
ဘင်ကိုတွေ့တော့လွန်ခဲ့တဲ့ (၇)နှစ်ကျော်က ကိုယ်တိုင်ယူခဲ့တာကိုပြန်သတိရမိတယ်။
ကျောင်းဝင်းကိုရိုက်ထားတဲ့ပုံလေးတွေကိုဘဲတင်ပေးလိုက်တယ်။ စာရေးဖို့ကကြာကြာ
ထိုင်လို့မရလို့...








ဝါးခဲ့တယ်.....အပြတ်ဘဲ...


ထိုင်းလေဆိပ်မှာ..

အငြိမ်မနေနိုင်ဘဲ ခြံထဲမှာပန်းပင်ရေဆင်းလောင်းလို့မှောက်ထိုးပြုတ်ကျတာကတော့
ရှားစောင်းလက်ပတ်အပင်နဲ့နှင်းဆီဆူးတွေကြားမှာ..နာလိုက်တာတော့ပေါမနေနဲ့...
အနာဆုံးကတော့ခါးဘဲ...အခုထက်ထိခံနေရတုန်းဘဲ။ တစ်ကိုယ်လုံးနှင်းဆီဆူးခြစ်ရာ
တွေနဲ့..မသိရင် ကျားလိုလိုကြောင်လိုလို...ဆိုးပါ့....

အရေးထဲမှာရေဘ၀ဲတွေနဲ့တွေ့သေးတယ်.အဲဒါကိုကြော်စားတဲ့သူလဲရှိတယ်..
ရွှေအင်းလေးကိုလဲနေ့တိုင်းလိုလိုရောက်ဖြစ်တယ်..ရှမ်းခေါက်ဆွဲသွားစားတာ...
ညံ့လိုက်တာမကောင်းလိုက်တာ...အရင်တစ်ခါစားတာနဲ့ကွာလိုက်တာ..ဆိုးပါ့။
မနေ့ညကပြန်ရောက်တယ်...ညီမလေးနဲ့...ရောက်တာနဲ့ဖျားတာပါဘဲ...
ရုံးတောင်မတက်နိုင်ဘူး..အိမ်ကိုလဲစိတ်ပူ..ပျောက်နေတဲ့မြန်မာပြည်ကသူငယ်
ချင်းတွေ..ဒုက္ခရောက်နေတဲ့သူတွေကိုလဲစိတ်ပူ.....အပူတစ်ကာ့အပူဆုံးအခြေနေမှာ...
အရေထဲစိတ်သွားတိုင်းလူကမလိုက်နိုင်ဘူး...တတ်နိုင်သလောက်နဲ့လဲမလုံလောက်ဘူး။
အရေးထဲဒုက္ခသည်တွေပေးဖို့ပစ္စည်းတွေသယ်သွားပါတယ်..လေယဉ်ကလက်မခံဘူး..
ဆိုးတယ်...
ဒီတစ်ခါတော့ပူပူမှာ Vivo City ဆိုတာကိုရောက်ခဲ့တယ်..ပျော်ချာကြီး...



ညနေခင်းမှာ..သွားထိုင်ဆွေးနေတာ..ဘယ်ဆီဘယ်ဝယ်..တမ်းတကာလွမ်းရပါ့မယ့်....

ဘန်ကောက်အမှတ်တစ်ရတော့ဆံထိုးတစ်ချောင်းလေး...ရလာတယ်.။။။
မိတယ်ဟုတ်...

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...