Pages

Sunday, March 31, 2013

"Thorin Okenshield"

"Thorin Okenshield"
 အဖော်သစ်လေး Thorin ပါ...  သူကို တော့ အွန်လိုင်းကနေ၀ယ်တယ်...crossbreed Beagles ...April 12 ဆိုရင် နှစ်လပြည့်မှာပါ။  ကူးဆီရောက်တာတော့ ၁၀ ရက်ဘဲရှိသေးတယ်။ကလေးလိုဘဲအမြဲကြည့်ရတော့နဲနဲမက တော်တော်ပင်ပန်းပါတယ်။  သူအိပ်နေတဲ့အချိန်ကလွဲပီး ကျန်တဲ့အချိန်တိုင်း အနားဘဲလိုက်ကပ်နေလို့ တစ်ခါတစ်လေ ဆူမိရင် စိတ်ဆိုးပီး ဘာမှမစားတော့ ဘူး။ခုံပေါ်မှာထိုင်ရင်သူလဲထိုင် ချင်တယ်.. အိပ်ရာပေါ်လဲလိုက်တက်ချင်တယ်.. တင်ရင်လဲ သေးပေါက်ချပြန်ရော..  diaper ၀တ်ပေးလဲဆွဲဖြုတ်တယ်... ဟူးး.....
လိုချင်အုံးဟဲ့... အဖော်လိုချင်လို့ ခွေးလေးမွေးမိတယ်.. အခုတော့ သူနဲ့ဘဲ နေ့နေ့ညညအလုပ်ရှုပ်နေရပါတယ်..ဒါပေမယ့်အရမ်းကိုချစ်စရာကောင်းပီး ရေမသောက်ဘဲ နို့ဘဲ သောက်ချင်တဲ့သူ့ကို ကလေးလေးဘဲဆိုပီး တစ်ခါတစ်လေလဲ သနားမိတယ်... 
အမှတ်မရှိဘဲထပ်မွေးပြန်တဲ့သံယောဇဉ်လေးပါ...
ဧပြီ ၁ ရက်နေ့မှာ ပန်းပိတောက်လေးတွေပွင့်နေပီ။  မနေ့ညနေက အဖူးလေးတွေတစ် ချို့ရှိသေးတယ်.. ဒီနေ့မှ အကုန်လှိုင်လှိုင်ပွင့်တာပါ... ပန်းတောက်ပင်အောက်မှာ ပွင့်ဖတ်တစ်ချို့လဲ လေတိုက်တိုင်းကြွေကြနေတာ..အရမ်းလှတယ်.. သင်္ကြန်မရှိတဲ့ နေရာပေမယ့် ပန်းတောက်ရှိတဲ့နေရာမို့ အရမ်းကျေနပ်မိပါတယ်။

3 Comments:

San Htun said...

သင်္ကြန်မရှိလည်း ပိတောက်ရှိရင်ပဲ ကံကောင်းလှပါပြီ..Thorin လေးက ချစ်စရာလေး..ဒီကလည်း ခွေးမွေးချင်နေတာ..ခုတော့ ခွေးထား..လူတောင် အနိုင်နိုင်...း)

Su Lay said...

မမကူးရေ....ခွေးလေးကချစ်စရာလေး.....အဖေါ်ရအောင်ပူးပူးလဲမွေးချင်နေတာ....ဒါမဲ့ ကိုယ့်တိုင်ကသူများနိုင်ငံမှာနေရတော့ ခွေးလေးကိုခရီးသွားရင်စောင့်ရှောက်မဲ့သူမရှိမှာဆိုးလို့လေ...ပိတောက်တွေရှိတဲ့
နေရာမှာ။။။။နှစ်သစ်သင်္ကြန်ကို ပျော်ရွင်ရွာ ဖြတ်သန်းနိုင်ပါစေနော်.....
ခင်မင်တဲ့.
ပူးပူး

Anonymous said...

Spot on with this write-up, I seriously feel this amazing site needs a lot more attention.
I'll probably be back again to read more, thanks for the advice!

Look at my webpage ... ford ranger

Post a Comment

ကူးကူးရေ...

 
Powered by Blogger